"ဒီမနက် လယ်သမားတွေဆီက ဘာကြားသေးလဲ..."
"အခွန်လျော့ပေးတာကို ကျေးဇူးတင်နေကြတယ်...မြို့ပိုင်မင်းနဲ့အရေးပိုင်မင်းတို့က မကျေနပ်ဘူး...ချစ်တီးတွေကလည်း လယ်သမားတွေကို အတိုးများများတောင်းနေကြပြီ..."
ကာဖေးတစ်ခွက်မက်မက်မောမောသောက်ရင်း သူ၏စိတ်ရှုတ်ထွေးနေမှုကို ဖြေလျော့နေ၏။ အဲ့ဒီအမျိုးသားလေးကလေ တစ်နေ့တစ်ခြားရင့်ကျက်လာလိုက်တာဆိုတာ။
"မောင်ကြည်နူး မွေးနေ့ရောက်တော့မယ်မဟုတ်လား...ဒီနှစ်မွေးနေ့ကို ဘာလိုချင်သလဲ..."
၍က ကျုပ်အပေါ်တစ်ခါတရံ မောင်ကြည်နူးလို့ခေါ်တတ်၏။ ဘယ်လိုအချိန်မျိုးတွေလည်းလို့ဆိုပါလျှင် စိတ်ရှုတ်နေတဲ့အချိန် စိတ်အလိုမကျဖြစ်နေတတ်တဲ့အချိန်တိုင်း "မောင်ကြည်နူး" သို့မဟုတ် "မစ္စတာရောဘတ်"လို့ ကြည်စယ်ပြီးခေါ်တတ်လေရဲ့ဗျာ။
"ကျုပ်ရဲ့မွေးနေ့က ဘယ်နေ့တုန်း...မှတ်တောင်မမှတ်မိဘူးရယ်..."
ဒီလိုပြောတော့ ၍က ခနဲ့တဲ့တဲ့ရယ်ပြီး နာကျင်စရာတွေကိုမေ့သင့်တယ်လို့ပြောတတ်သေးတာ။
"မတ်လ၁၂ရက်နေ့လေ..."
"မာမားရဲ့နှစ်ပတ်လည်နေ့ပဲ...၍ အဲ့ဒီနေ့ခင်ဗျားအားလား..."
"အားလောက်မယ်..."
"အလုပ်တွေလက်စဖျက်ပြီး ကျုပ်နဲ့နေပေးပါလား...
အဲဒီ့နေ့တစ်ရက်ပါပဲ..."တောင်းဆိုနေသလိုလည်းမဟုတ်ပေမယ့် သူ၏အသံတွေထဲခွင့်ပြုစေလိုခြင်းတွေလည်းပါနေခဲ့သည်။ စိတ်ရှုတ်နေသောသူ၏မျက်ဝန်းတွေထက်မှ တွန့်ချိုးနေသော မျက်ခုံးတန်းတွေဟာ ရန်လိုနေဖွယ်ရှိသည့်တိုင် နှုတ်ခမ်းတွေ၌နာကျင်ခြင်းတွေမြင်နေရ၏။
"ရတာပေါ့ သိပ်ကိုရတာပေါ့ ကြည်နူးရယ်..."
အနားသို့လာကပ်လေသူက စတီခုံပေါ်ထက်ဝယ် သူ၏ကိုယ်လုံးကြီးကိုယိန်းထိုးချလျက်။ ပေါင်အထက်သို့ခေါင်းအုံးပြကာ ကြည်နူးက ၍ကို မော့ငေးကြည့်သည်။
"ပုံပြင်တစ်ပုဒ်နားထောင်မလား..."
"ကျုပ်တို့ညနေဘက် လယ်သမားတွေဆီမသွားခင်အချိန်ရပါသေးတယ်..."
YOU ARE READING
"ဤမျှလောက်သောချစ်ခြင်းအားဖြင့်"(The way he loves)
Romanceမြို့အုပ်မင်းဖြစ်သွားတဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်း...