Part _ 10

63 10 2
                                    

နံနက်ခင်းသတင်းစာထဲပါလာလေသော လူသတ်မှုတစ်ခု။ အကြောင်းထူးတော့မဟုတ်ပေ။ အခုလိုခေဆ်ကာလမကောင်းချိန်၌ ဂျပန်က အင်္ဂလိပ်ကိုသတ်။ အင်္ဂလိပ်ကဂျပန်ကိုသတ်။ ဂျပန်က ဗမာလူမျိုးတွေကိုညှင်းဆဲသတ်ဖြတ်သလို အင်္ဂလိပ်တချို့ကလည်းသိပ်တော့မထူးပေ။ ကျွန်ပညာရေးစနစ်ကြီးထဲ ကျောင်းသားတွေသတ်ဖြတ်ခံနေရခြင်းက မထူးဆန်းတော့ပြီ။

သတင်းစာထဲပါလာသော ဓာတ်ပုံတစ်ပုံက ထူးဆန်း၏။ ကြည်ဦးလက်ကိုဆွဲထားသော အမျိုးသမီးတစ်ဦးနှင့် လူအုပ်နောက်ကွယ်မှပုံရိပ်လေး။ အဲ့ဒီအမျိုးသားလေးရဲ့ဓာတ်ပုံက ဘာကြောင့်ပါလာရသလဲ။ ကြည်ဦးနဲ့ အဲ့ဒီအမျိုးသမီးလေးက ဘယ်လိုပတ်သတ်နေပါသလဲ။ အဲဒီအမျိုးသမီးလေးကဘယ်သူလဲ။

မနေ့ညနေကကျောင်းဆင်းလာသော အဲဒီအမျိုးသားလေးက ပုံမှန်နေ့တွေလိုပါပဲ။ ကားပေါ်တက်လာပြီး နိုင်ငံရေးကိစ္စဆွေးနွေးကြသည်။ အတန်းထဲစာသင်ဖော်တချို့၊ မိတ်ဆွေတစ်ချို့အကြောင်း စကားစမြည်ပြောရင်း အိမ်ပြန်လာခဲ့ကြတာမဟုတ်လား။

"သခင်လေး..."

တံခါးခေါက်သံနဲ့အတူ အခန်းထဲဝင်လာလေသူက
သတ္တိတစ်ယောက်တည်းသာ။ တပည့်နှစ်ယောက်ရှိသော်လည်း သတ္တိက အပြင်ဘက်တွင်လူလုံးထွက်ပြပြီး သတ္တိရဲ့အကိုဖြစ်သူကတော့ အမှောင်ထဲမှကူညီသည်။

"သတင်းစာဖတ်ပြီးပြီလား သတ္တိ..."

"တက္ကသိုလ်မှာဖြစ်တဲ့အမှုလား သခင်လေး..."

ခေါင်းငြိမ့်ပြလိုက်မိတော့ သတ္တိက အခန်းထဲဝေ့ဝိုက်ကြည့်၏။ ကုတင်အထက်မှ ဖရိုဖရဲဖြစ်နေတဲ့စောင်အပုံလိုက်နဲ့အတူ ဟိုအမျိုးသားလေးကြည်နူးချွတ်ချခဲ့တဲ့အကျီတွေသာရှိသည်။ သတ္တိက ဘာကြောင့် လျို့ဝှက်ချက်ထားချင်နေတာလဲ။

"ကြည်နူး ရေသွားချိုးတယ်...အနောက်ဖေးအုတ်ကန်မှာရှိလောက်ပါတယ်...မင့်ကျုပ်ကို ပြောစရာရှိတယ်လား..."

"ဟုတ်ကဲ့ သခင်လေး...ကြည်နူးနဲ့ပတ်သတ်နေပါတယ်...ပြီးတော့..."

သတ္တိရဲ့ပုံစံက ပြောဖို့ရာခဲရင်းနေသလိုလိုနဲ့ တစ်ခုခုကိုစိတ်ပူနေသလို။ မဟုတ်မှလွဲ ကြည်နူးက အဲဒီလူကိုသတ်လိုက်တာလား။ သေဆုံးခဲ့တဲ့ အဲဒီအမျိုးသမီးလေးက လိင်အကြမ်းဖက်ခံထားရပြီး သေဆုံးခဲ့သူအမျိုးသား တံခါးစောင့်ကတော့ အပိုင်းပိုင်းအထုတ်ခံခါးရတာလေ။

"ဤမျှလောက်သောချစ်ခြင်းအားဖြင့်"(The way he loves)Where stories live. Discover now