လူငယ်လေးနှစ်ယောက်လမ်းလျှောက်နေကြ၏။ တစ်ယောက်၏ပုံစံမှာအိမ်တော်တစ်ခုခုမှ သခင်လေးတစ်ယောက်ရဲ့အသွင်ကိုဆောင်နေပြီး ကျန်တစ်ယောက်မှာတော့ ဟောင်းနွမ်းသောအဝတ်အစားများဖြင့်။ အကျီလက်ရှည်နှင့် အပြဲရာတစ်ချို့ပါသောအဟောင်းအနွမ်းပုဆိုးတိုလေးကိုဝတ်ထားပါသော ထိုလူငယ်၏ခန့်ညားမှုတို့မှာလည်း မြင်နိုင်သူအဖို့ ကြည့်ကောင်းနေသေး၏။
"အကိုငယ် ကျုပ်တို့တက္ကသိုလ်တက်ဖို့
ဘာလုပ်ကြမလဲ..."ကြည်နူးနိုင်မှာ လမ်းလျှောက်နေရင်း မြေပဲစေ့ကို လေပေါ်မြှောက်လို့ ပါးစပ်ဖြင့်ဖမ်းနေသည်။ မြေပဲစေ့ကနှုတ်ခမ်းကိုကျော်ကာခုန်ဝင်ချိန်၌ တဂျွမ်းဂျွမ်းမြည်အောင်ဝါးစားပြန်၏။ ဝါးစားနေရင်းမှ ဘေးမှညီဖြစ်သူ၏အသံအား ဆတ်ခနဲလှည့်ကြည့်ကာ မထီမဲ့မြင်ပြုပြပြန်သည်။
"နေစမ်းဦးကွ...ကျုပ်ဖြင့်ယမန်နေ့ ညကမှ မေမေကြီးလက်ကလွတ်ပြီး အဖျားဝေဒနာသက်သာခဲ့ရုံလေး...တက္ကသိုလ်ကိစ္စ
မကြံစမ်းနဲ့လေ...""မကြံလို့ရမယ် မထင်လေရော့ အကိုငယ်ဗျ...
ကျုပ်ဖြင့်အကိုငယ့်အနောက်ကိုလိုက် အလေလွင့်လိုနေရတာလဲပျော်ရပါတယ်...အကိုငယ့်ဆီကသင်ယူရတဲ့ ဥပဒေနဲ့ပတ်သတ်သမျှ...စီးပွားရေးနဲ့ဆက်နွယ်သမျှတွေလည်းလေ့လာဆည်းပူးရတာ ပျော်ရပါတယ်ဗျ...ညီနောင်နှစ်ယောက်အတူတူ တက္ကသိုလ်မြေကြကို ခြေချချင်တယ်ဗျ...""တိုးတိုးပြောစမ်းကွယ်..."
အာပေါင်အာရင်းသန်သန်ဖြင့်ပြောမဆုံးဖြစ်နေသူကို ကြည့်ကာ ကြည်နူးတစ်ယောက်ရယ်နေလေ၏။
ညီအကိုငါးယောက်ရှိသည်။ 'ကြည်ဦး'ဆိုသော ဒီညီအငယ်လေးမှာ လပိုင်းလောက်သာ အသက်ကွာလေ၏။ ဖခင်ရဲ့အိမ်တော်ရောက်စဥ်ကတည်းက
ကြည်ဦးသာလျှင် အနားမှာရှိပေးခဲ့ပြီး ယုံကြည်ရသူဖြစ်ခဲ့သည်။လမ်းလျှောက်နေရင်းဗိုက်ကဆာ၏။ မေမေကြီးခိုင်းစေမှုတွေကို ကြိုးပမ်းနေရ၍ ထမင်းမစားရသေးပေ။
"မင့်ပိုက်ဆံပါလား ကြည်ဦး..."
"ပါသဗျို့...အကိုငယ် ဘာလေးများ
စားသောက်လိုသလဲ..."
YOU ARE READING
"ဤမျှလောက်သောချစ်ခြင်းအားဖြင့်"(The way he loves)
Romanceမြို့အုပ်မင်းဖြစ်သွားတဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်း...