Part - 9

39 4 0
                                    

"ဒီနေ့ရော ကျုပ်ကိုဆန်ကြိုတွေပဲ ကျွေးဦးမှာလား..."

အိပ်ခန်းထဲဝင်လိုက်ရုံနဲ့ ဆီးကြိုကာ ငြိုငြင်နေသော လူမမာအမျိုးသားလေးက ကုတင်အထက်၌ လေးတိလေးကန် လဲလျောင်းနေ၏။ နံနက်ခင်းနေရောင်ကလည်း ပြတင်းဝမှ အခန်းအတွင်းဖြာကျလျက်။
အကျီဗလာနဲ့အမျိုးသားလေးဟာလည်း ပတ်တီးအဖြူဖွေးဖွေးတွေကို လွယ်သိုင်းထားရသေးသည်။

ဘယ်လိုပြောရမလဲ။ အဲဒီဒဏ်ရာတွေဟာ ကိုယ့်အတွက်ကြောင့် သူ့ဆီရောက်သွားရတာမို့ စိတ်လည်းမကောင်းဖြစ်သလို အားလဲနာရသည်။ ကိုယ့်အပေါ်မှီခိုနေသော လူကလေးတစ်ယောက်က ကိုယ့်ကိုကာကွယ်ရင်း အသက်ရင်းရလုမတတ်နာကျင်ခဲ့ရကြောင်း တွေးမိတိုင်း ရင်ထဲကနာသည်။

ဦးနှောက်ကပြော၏။
အဲဒီအမျိုးသားလေးသိပ်ကို မိုက်ရူးရဲဆန်တယ်တဲ့။

ရင်ထဲကနွေး၏။ အဲဒီအမျိုးသားလေးရဲ့ ကြင်နာမှုနဲ့ဂရုစိုက်မှုကို ခံစားခဲ့ရပြီ။

လောကလူတွေဟာလိုတာမရ။ ရတာမလိုတတ်ကြပေ။ ကျုပ်ဟာယောကျာ်းတစ်ယောက်ဖြစ်ပါလျက်နဲ့
ရင်ဘတ်အမို့အမောက်ရှိ အမျိုးသမီးတွေကိုယ်စား
ကြွက်သားအထုအထစ်တွေနဲ့ လိင်တူကိုမှသဘောကျမိလေခြင်း။

လူပျိုညကိုဖြတ်သန်းချိန် အမျိုးသမီးလေးတစ်ယောက်ကို တမ်းတမ်းတတ မလွမ်းမိပါပဲ ကုန်သဘေင်္ာတစ်ခုပေါ်က ပုံကိပ်လေးကိုမှ တမ်းတမိလေတယ်တဲ့။ တကယ်တော့ ကျုပ်ရဲ့လိုအင်လောဘတွေက ရနိုင်တာထက် မရနိုင်ခြင်းတွေကို မက်မောနေခဲ့မိတာပဲ။

ဘယ်လိုလုပ်ရမလဲလေ။ အသက်ငယ်ငယ်က ပုံရိပ်လေးကိုမှ ရူးရူးမူးမူး စွဲလမ်းသွားရတယ်လို့။ ဘယ်အသူရာကယ်မလဲ။ ဘယ်နေရာမှာ တောင်းဆုပြုရမလဲ။

လူတွေပြောသလိုပါပဲ။ လိင်တူကြိုက်တာဟာဝဋ်ကြွေးကြောင့်တဲ့။ ဒါဆိုရင် ဘယ်လိုဝဋ်ကြွေးမျိုးလဲ။

အတိတ်အကြောင်းမကောင်းလှတဲ့လူငယ်လေးနဲ့ လူကုန်တန်အသိုင်းအဝိုင်းက သခင်လေးတစ်ယောက်ကြားမှာ ဘယ်လိုဝဋ်ကြွေးတွေရှိနိုင်မှာလဲ။ ဒီလောက်ဂရုစိုက်ကြ။ ကြင်နာနေလိုက်ကြတာများ ။

"ဤမျှလောက်သောချစ်ခြင်းအားဖြင့်"(The way he loves)Where stories live. Discover now