Chapter 1

1.6K 120 1
                                    


ညကတဖြည်းဖြည်းနက်လာရာ သရဲတစ္ဆေများနှင့် တောမြေခွေးတို့ကလည်း စူးရဲရဲအော်နေကြသည့်အပြင် လေအေးများက လှိုဏ်ဂူအတွင်းတစိမ့်စိမ့်ဝင်ရောက်လာနေသည်။

အရောင်နုနုဘရိုကိတ်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်က ထိုဂူအဝင်ကြီးမှာပင် တင်ပျဉ်ခွေထိုင်လျက်ရှိနေသည်။ တိုက်ခတ်နေသည့်လေတွေက သူရဲ့ဝတ်ရုံလက်ရှည်ကို တဖျပ်ဖျပ် မျောလွင့်စေနိုင်သော်လည်း သူ၏ အာရုံကိုပျက်ပြားအောင်မစွမ်းဆောင်နိုင်သည့်နှယ် အပြင်ဘက်မြင်ကွင်းကို ကြည့်နေသည့် မျက်လုံးအစုံမှာတည်ငြိမ်နေလျက်။ အချိန်မည်မျှကြာပြီးသည်မသိ ထိုလူငယ်လေး၏ နောက်ကျောဘက်နားမှ အသံတစ်ခုထွက်လာသည့်အခါ သူ့အာရုံတို့ ပြတ်တောက်သွားသည်။

သူလှည့်ကြည့်လိုက်တဲ့အခါမှာ နှင်းဖြူရောင်ဝတ်စုံဖြင့်ကောင်လေးတစ်ယောက်က သူ၏ခန္ဓာကိုယ်လေးကို ကွေးကွေးလေး လဲလျောင်းရင်း တိုးဖျဖျငြီးနေသည်။ ထိုမြင်ကွင်းမှာ ကြည့်မိသူတိုင်းအား ကောင်ငယ်လေးကို အအေးဒဏ်မှ မထွေးပွေ့ပဲ မနေနိုင်အောင်ပင်။ ကောင်ငယ်လေး၏ ပုံရိပ်လေးမှာ အားနည်းနူးညံ့ကာ ကူကယ်ရာမဲ့နေသည့်ဟန်ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ သူ့အတွက်တော့.......

ဖန်းချောင်ကျိုးအတွက်ကတော့ ဤသို့မခံစားရ။

အကြောင်းကတော့ သူဟာ စာအုပ်ထဲသို့ကူးပြောင်းခြင်းခံရသူ တစ်ယောက်ဖြစ်သောကြောင့်ပင်။

သူကူးပြောင်းခဲ့ပြီးတာ ခြောက်လခန့်ပင်ရှိပြီ။

အရင်နှစ်ဝက်လောက်တုန်းက ဖန်းချောင်ကျိုး ကားမတော်တဆမှုတစ်ခုတွင်သေဆုံးခဲ့ပြီး သူ့မျက်လုံးတွေနောက်ထပ်ဖွင့်နိုင်ဖို့ မမျှော်လင့်ခဲ့ပေ။ အံ့သြစရာက သူ့မျက်လုံးတွေဖွင့်နိုင်ခဲ့တယ် နောက်တစ်ကြိမ်လေ၊ မယုံကြည်နိုင်စရာပေမဲ့ သူသိခဲ့ရတာက သူကမတူညီတဲ့တခြားကမ္ဘာတစ်ခုကို ရောက်နေသည်ဆိုတာပင်။

ဘာလို့ဆို မြင်မြင်သမျှလူတွေက ဆံပင်ရှည်ကြီးတွေနဲ့ ရှေးခေတ် ဝတ်စုံတွေကို ဝတ်ထားကြတယ်လေ။

နာမည်ကြီး ဝတ္ထုထဲကို ကူးပြောင်းပြီးနောက် ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now