Chapter 9

602 71 8
                                    


"ဒါကပြောင်းလဲဦးမှာလား"


ဖန်ချောင်ကျိုးသည်မတတ်နိုင်စွာပင် သူ့လက်ကိုမြှောက်ထားရင်း ကောင်းကင်သို့ ကြည့်နေလိုက်သည်။


ရွယ်သန်းရုံ၏အကြည့်မှာ ဖန်ချောင်ကျိုး၏ ညာလက်ပေါ်ရှိ သွားရာတွင်သာရှိနေပြီး ထိုအရာမှာ တိရစ္ဆာန်၏ သွားရာမျိုးမဟုတ်ဘဲ လူ၏ သွားရာမှန်း ထင်ရှားလှသည်။


ဖန်ချောင်ကျိုးက သူကြာကြာရပ်နေလေ ပိုအေးစက်လာသည်ကို ခံစားရလေဖြစ်၍ တည်းခိုဆောင်ထဲ အမြန်ဝင်ပြီနောက် ရွယ်သန်းရုံအားပြောလိုက်သည်။


"ဆရာတူလေး တံခါးလာဖွင့်ပေးတာအတွက် ကျေးဇူးတင်ပါတယ်။ အခန်းပြန်ပြီး နားတော့လေ"


"အစ်ကိုကြီး ဘယ်ကပြန်လာတာလဲ"


ရွယ်သန်းရုံကကျောချမ်းစရာကောင်းသည့်အသံနှင့်မေးသည်။ဖန်ချောင်ကျိုးလည်းတံခါးပိတ်ရင်းပြန်ဖြေသည်။


"အပျော်ဂေဟာ"


ဖြေပြီးနောက် ခနရပ်ကာဆက်ပြောသည်။


"အိုး.....မေ့လို့ အဲ့တာဘယ်မှာမှန်းမင်းမသိဘူးမလား"


ဖန်ချောင်ကျိုးသည် အမှုမဲ့အမှတ်မဲ့ပြောပြလိုက်သော်လည်း ရွယ်သန်းရုံလို သူများအကြောင်း စိတ်မဝင်စားသည့်သူက သူဘယ်သွားခဲ့သည်ကို မေးလာမည်ဟုမထင်ခဲ့ပေ။


"အပျော်ဂေဟာ....အဲ့တာဘယ်လိုနေရာလဲ"


ဖန်ချောင်ကျိုးသည် အနည်းငယ်တွေဝေနေသည်။


"သောက်စားပျော်ပါးလို့ရတဲ့နေရာ"


"ဒုတိယအစ်ကိုကြီး"


ရွယ်သန်းရုံ၏အသံမှာရုတ်တရက်ကြီးပြောင်းလဲသွား၏။

နာမည်ကြီး ဝတ္ထုထဲကို ကူးပြောင်းပြီးနောက် ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now