Chapter 11

537 64 2
                                    



ဝိုင်ခွက်ထဲပြန်ဝင်ရတာက ထွက်ရတာထက်ပိုခက်ခဲသည့်အတွက် ဖန်ချောင်ကျိုးမှာ အောက်လည်းမဆင်းနိုင် အပေါ်လည်းမတက်နိုင်နှင့် ဝိုင်ခွက်နှုတ်ခမ်းတွင်တန်းလန်းဖြစ်နေသည်မှာ မသိလျှင် ဝိုင်ခွက်အတွက်အလှဆင်ထားသည့်ပစ္စည်းလိုပင်။

သူ့ဘေးရှိ ဂိုဏ်းချုပ်လင်းက ရယ်မောကာ

"ကျုပ်ရဲ့စိတ်စွမ်းအင်နဲ့ဆို လူတွေရဲ့မျက်လုံးကိုကြည့်ရုံနဲ့ ဉာဏ်ရည်ဉာဏ်သွေးဘယ်လောက်ရှိလဲမှန်းနိုင်တယ်။ ဒီမြွေလေးကတော့ ဉာဏ်ရည်အတော်နိမ့်ပုံပဲ"

ဉာဏ်ရည်ကိုမေးခွန်းထုတ်ခံလိုက်ရသော ဖန်ချောင်ကျိုးမှာ အပေါ်ကိုဆက်မတက်တော့ပဲ တွဲလောင်းသာနေ နေတော့သည်။ သူတက်ပြန်ရင်လည်း ဝိုင်ခွက်ထဲခေါင်းစိုက်နေမည်ဖြစ်၍မထူးချေ။

ဖန်ချောင်ကျိုးကဝိုင်ခွက်ပေါ်တွင် တွဲလောင်းနေနေသည်ကို လီယီးမြင်သည့်အခါ သူ့အားလျစ်လျူရှုလိုက်ပြီး အောက်ရှိ ပျိုနီပန်းများဖြင့် အလှဆင်ထားသောပြိုင်ကွင်းကိုသာ စူးစိုက်ကြည့်လိုက်သည်။ လီယီး၏ ပူလောင်ပြင်းပြလှသည် အကြည့်စူးစူးကြောင့် ဘေးရှိဂိုဏ်းချုပ်လင်းကပင် သတိထားမိသော်လည်း ဘာမှတော့မပြောချေ။

အဲ့ဒီအစား ဂိုဏ်းချုပ်လင်းက သူ၏တူကိုသုံးကာ ဖန်ခွက်ပေါ်မှဖန်ချောင်ကျိုးကိုသာ စနောက်ချင်နေသည်။ သူကတူနှင့် ဖန်ချောင်ကျိုး၏မြွေခေါင်းလေးအား ခပ်ဖွဖွတို့လိုက်သည်။ ဖန်ချောင်ကျိုးမှာ စိတ်ဆိုးသဖြင့် သူ့ပါးစပ်ကိုဖွင့်ကာ ထိုတူကိုပြန်ကိုက်သည်။ ဂိုဏ်းချုပ်လင်းက တူကိုပြန်မလိုက် ပြန်တို့လိုက်နှင့် အကြိမ်ပေါင်းများစွာ စနောက်ပြီးသည့်အခါ ဖန်ချောင်ကျိုးသည် ပြန်မတုံ့ပြန်တော့ပဲ သေသလို ဟန်ဆောင်နေတော့သည်။

ဂိုဏ်းချုပ်လင်း၏ မြွေလေးအပေါ် စိတ်ဝင်စားမှုမှာ အရောင်မမှိန်သေးသဖြင့် တူကိုချထားလိုက်ပြီး သူ့ဘေးရှိ ရွယ်လင်းဂူ (ခေါ်) ရေခဲစိတ်ဝိညာဥ်သစ်သီးဖြင့် မြွေလေးကိုထပ်စနောက်ပြန်သည်။ ထိုသစ်သီးမှာ ကျင့်ကြံခြင်းလောကတွင် ရှားပါးသောသစ်သီးတစ်မျိုးဖြစ်ပြီး အလွန်တန်ဖိုးကြီးသဖြင့် ဝယ်ချင်တိုင်းပင်ဝယ်မရချေ။ ဖန်ချောင်ကျိုးသည် ထိုအသီးကိုတစ်ခါမှမြည်းစမ်းမကြည့်ဖူးပေ။ ထိုအသီး၏ အနံ့ကြောင့် ဖန်ချောင်ကျိုးမှာ အိန္ဒြေမဆည်နိုင် ဟပ်ထိုးနေသည်။

နာမည်ကြီး ဝတ္ထုထဲကို ကူးပြောင်းပြီးနောက် ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now