Chapter 4

738 84 0
                                    


ဖန်ချောင်ကျိုး၏အသံဟိန်းထွက်လာသည်နှင့် ပတ်ဝန်းကျင်လေထုမှာအေးခဲသွားလေသည်။ လေထုတင်မဟုတ်ဘဲ သူတို့နှစ်ယောက်ကိုလိုက်ရှာနေတဲ့ဆရာတူညီလေး ညီမလေးများပါ အေးခဲကုန်တယ်။ ထိုသူတို့အုပ်စုလိုက်ကြီး ဂူအဝင်ဝမှာတင် ဝင်ရနိုးနိုး မဝင်ရနိုးနိုး ယောင်ခြောက်ဆယ်ဖြစ်နေသည်။ ဝင်သွားပြန်ရင်လည်း ရှက်စရာကို့ရို့ကားယားကသိကအောက်နိုင်ကာ မဝင်သွားပြန်ပါလျှင်လည်း သူတို့၏ညီလေးက ဆရာတူအကိုကို ကိုယ်တုံးလုံးချွတ်တော့မည်။

နောက်ဆုံးတော့လည်း သတ္တိအရှိဆုံး ဂျူနီယာလေးကထအော်လေသည်။

"မြန်မြန်လုပ်ကြလေ ဆရာတူညီလေးကိုတားပြီး အစ်ကိုကြီးကိုကယ်ကြ"

ကယ်တင်ခံရပြီးတဲ့အခါ ဖန်ချောင်ကျိုးမှာ ပြင်းထန်သည့်တိုက်ပွဲဆင်နွှဲလာသည့်ပုံစံဖြင့် ဆံပင်တွေလည်းရှုပ်ပွနေကာ ဝတ်ရုံ၏ လည်တိုင်မှာလည်း အတော်ကိုဟနေပြီး မျက်နှာပေါ်တွင်လည်း သွားရာအကွင်းလိုက်နှင့်ပင်။ ရွယ်သန်းရုံ သူ့ကိုယ်ပေါ်ကမဖယ်ခင် ပြင်းပြင်းထန်ထန်ကိုက်သွားခြင်းဖြစ်မည်။

ဖန်ချောင်ကျိုးသည် သိုလှောင်လက်စွပ်ထဲမှမှန်ကိုထုတ်ကာ သူ့ပါးပေါ်ကသွားရာကိုကြည့်နေသည်။ သူကိုင်ကြည့်ချင်သော်လည်း နာမှာကိုစိုးရိမ်နေပြန်သည်။

"ဒီဆရာတူညီလေးက ခွေးများဝင်စားသလား၊ ကိုက်တာကြမ်းလိုက်တာ"

နာကျင်မှုကြောင့်ညည်းတွားနေတုန်းမှာပဲ တစ်ယောက်ယောက်ရောက်လာပြီး

"ဆရာတူအစ်ကိုကြီး အဆင်ပြေရဲ့လား"

ဖန်ချောင်ကျိုးမော့ကြည့်လိုက်တဲ့အခါ ကြည့်ကောင်းသည့်မျက်နှာနှင့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။

သူ့ရှေ့ကလူဟာ အနုပညာနှင့် အဂ္ဂိယတ်ပညာကျွမ်းကျင်သော ငါးယောက်မြောက် ဆရာတူညီလေး တုယွင်ရှီး ဖြစ်သည်။ သူကလည်းရွယ်သန်းရုံကိုသဘောကျသူတစ်ဦးပင်။ ဒါပေမယ့်လည်း တုယွင်ရှီးနဲ့ရွယ်သန်းရုံတို့အတွဲက သူနဲ့ရွယ်သန်းရုံအတွဲလောက် လူကြိုက်မများသလို ရေပန်းလည်း မစားပေ။

နာမည်ကြီး ဝတ္ထုထဲကို ကူးပြောင်းပြီးနောက် ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now