Chapter 7

508 61 0
                                    



တံခါးပိတ်သွားခဲ့ပြီ။


တံခါးပိတ်ပြီးနောက် သူ့ဆီသို့တည့်တည့်မတ်မတ်လျှောက်လာသော တူယွင်ရှီးကိုကြည့်ရင်း ထိတ်လန့်နေသည်။ သူနောက်ထပ် ပြောသည့်စကားများကိုကြားရာ ပို၍ပင်ထိတ်လန့်သွားသည်။


"ဒုတိယအစ်ကိုကြီး ဘောင်းဘီကိုချွတ်လိုက်ပါ"


"ဟမ်" ဖန်ချောင်ကျိုးသည်အံ့သြသွားကာ


"ငါကဘာလို့ ချွတ်ရမှာလဲ"


တုယွင်ရှီးသည် သူ့စကားမှာ အဓိပ္ပါယ်တစ်မျိုးဖြစ်သွားသည်၍ အလျှင်အမြန်ရှင်းပြလေသည်။


"မကြာသေးခင်တုန်းက ကျွန်တော်ဆေးလုံးအသစ်သန့်စင်ထားတာ၊ ဒီဆေးက အစ်ကိုကြီးရဲ့ ယင်ဓာတ်ကိုထိန်းညှိဖို့ ကူညီပေးနိုင်တယ်။ အဲ့ဒီရောဂါကြောင့်အစ်ကိုကြီး စိတ်ဓာတ်ကျပြီးမပျော်မရွှင်ဖြစ်နေတာ ကျွန်တော်သိပါတယ်။ ဆရာညီအစ်ကိုတွေအနေနဲ့ အကောင်းဆုံးလုပ်ပေးသင့်တာ၊ ဒါပေမယ့် အနာသိရင်ဆေးရှိပါတယ်။ အဲ့တာကြောင့်....."


ရှင်းပြပြီးသည့်နောက်တွင် သူ့မျက်လုံးများသည် ဖန်ချောင်ကျိုး၏ခါးစည်း​ကြိုးပေါ်သို့ကူးလူးရောက်ရှိသွားသည်။


တုယွင်ရှီးသည် စကားကိုဆုံးအောင်မပြောရသေးသော်လည်း သူ၏ဆိုလိုရင်းကိုဖန်ချောင်ကျိုးက သဘောပေါက်သည်နှင့် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရသည်။ ဖန်ချောင်ကျိုးသည် သူ၏လိမ်ညာစကားတစ်ခွန်းက ယခုကဲ့သို့ ပြဿနာများအားဖြစ်စေမည်ဟုမထင်ခဲ့ပေ။ ဖန်ချောင်ကျိုးသည် သူ၏အောက်ပိုင်းအား ယောကျာ်းတစ်ယောက်၏ စိုက်ကြည့်ခြင်းခံနေသည်ကိုမကြိုက်တာမို့ ခေါက်ယပ်တောင်ဖြင့် ကာထားမိသည်။ ထို့နောက်အသက်မပါသောအပြုံးနှင့်ပြုံးကာ


"ဆရာတူညီ၅ မင်းရဲ့ကြင်နာမှုကိုသိပေမယ့် ငါ့အတွက်တစ်ကယ်ကိုမလိုအပ်ပါဘူး။ ငါ့ရဲ့စိတ်ဝိဉာဏ်ကတောင် နေသားကျနေပါပြီ။"

နာမည်ကြီး ဝတ္ထုထဲကို ကူးပြောင်းပြီးနောက် ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now