Chapter 3

718 93 1
                                    


ဖန်ချောင်ကျိုးက စကားတွေဆက်ပြောကောင်းနေတုန်း သူ့ရှေ့ကလူရဲ့ အသက်ရှူသံက တဖြည်းဖြည်းပြင်းလာတာကို သူသတိထားမိသွားရသည်။ အကြောင်းမှာ သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေတာကြောင့် သူ့လက်မောင်းကိုတင်းကျပ်အောင်ဆုပ်ကိုင်ထားတဲ့ လက်ကိုပင် ရှင်းရှင်းလင်းလင်းမြင်နေရသည်။

ရွယ်သန်းရုံ၏ဝတ်ရုံလက်ရှည်ဟာ တဖြည်းဖြည်း အနီ ရောင်သို့ပြောင်းလာခဲ့သည်။

ရွယ်သန်းရုံသည် သူ့ကိုယ်သူသွေးထွက်သံယိုဖြစ်အောင်လုပ်နေသည်။

"*သည်းမခံနိုင်လွန်းလို့များလား။ဒီမှာက သူ့အတွက်အရမ်းအန္တရာယ်များတယ်... မဟုတ်ဘူးလား?*"

အဲ့ဒါကိုတွေးမိပြီး နှလုံးတုန်သွားလို့ ဖန်ချောင်ကျိုးရဲ့မျက်နှာမှာ ဖြူဖျော့နေသည် ။

"ဆရာတူညီလေးရေ စကားမပြောချင်ဘူးလား?

စကားပြောဖို့စိတ်မပါတာလား? ဒါမှမဟုတ် သည်အကိုကြီးက လာရှုပ်နေတယ်ထင်တာလား?ငါဒီမှာရှိနေတာ မင်းအတွက်စိတ်တိုစရာကောင်းနေမှန်းသိပါတယ်.... ဒါကြောင့် အကိုကြီးကပဲ ထွက်သွားပေးပါ့မယ်"

လှည့်စားနည်း ၃၆ဖြာက လက်တွေ့မှာ အရမ်း အသုံး၀င်တာဘဲ။

ရွယ်သန်းရုံက တိတ်တဆိတ်နေနေပေမယ့် ဖန်ချောင်ကျိုး ထွက်သွားတာကို မမှိတ်မသုန်စိုက်ကြည့်နေသည်။သိပ်မကြာခင်မှာပဲ အပြင်ဘက်က အလန့်တကြားအော်သံကို ကြားရတော့သည်။ အသံပိုင်ရှင်မှာ ဖန်ချောင်ကျိုးပင်ဖြစ်သည်။မကြာပါဘူး ဖန်ချောင်ကျိုးပြန်ဝင်လာတာကို သူတွေ့လိုက်သည်။

ထွက်သွားတုန်းကပုံစံနဲ့မတူဘဲ ဖန်ချောင်ကျိုးတစ်ယောက် ထော့နဲ့ထော့နဲ့ဖြစ်နေပုံက သူဂူထဲဝင်လာတုန်းကအတိုင်းပင်။ အဲ့တုန်းက သူမြွေဆိပ်မိပြီး အကိုက်ခံရတဲ့ဘက်ကထုံထိုင်းလာတာမို့ လှုပ်ရှားရတာမလွယ်ကူချိန်မှာ မကောင်းဆိုးဝါးတွေ ရုတ်တရက်ပေါ်လာမှာစိုးရိမ်တာကြောင့် ဂူတစ်ခုအရင်ရှာပြီး ပုန်းနေရခြင်းဖြစ်သည်။

ဖန်ချောင်ကျိုးက ဂူထဲပြန်ဝင်လာပြီးတဲ့အခါ သူ ရွယ်သန်းရုံကိုမကြည့်သေးဘဲ သူ့ဘောင်းဘီရှည်၏အနားကိုသာခေါက်တင်ပြီး သက်ပျင်းချနေတော့သည်။ ဖန်ချောင်ကျိုးကို ကံတရားကမျက်နှာသာမပေးပါ။သူ့ဆရာတူညီလေးနှင့်ဝေးရာသို့ ခြေလှမ်းအနည်းတောင်မလျှောက်ရသေးခင် သူ့ခြေချင်းဝတ်မှ ဆစ်ခနဲနာကျင်မှုကိုခံစားလိုက်ရသည်။ ထို့နောက် ကြက်သွေးနီရောင်မြွေပေါက်လေးတစ်ကောင်က မြက်တောထဲပြေးဝင်သွားတာ သူတွေ့လိုက်သည်။

နာမည်ကြီး ဝတ္ထုထဲကို ကူးပြောင်းပြီးနောက် ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now