Chapter 12

784 65 1
                                    



ဖန်ချောင်ကျိုး၏အပြုအမူကြောင့် လီယီး၏မျက်ခုံးများ မြင့်တက်သွားရပြီး ဖန်ချောင်ကျိုးအား တိတ်ဆိတ်သွားစေရန် မန္တန်သုံးလိုက်သည်။ ထိုအချိန်တွင် ကျင့်ကြံသူအုပ်လိုက်ကြီးကလည်း ဖန်ချောင်ကျိုးကိုသာ လုံးလုံးလျားလျားစိုက်ကြည့်နေကြသည်။ သူတို့ စိတ်ကူးထားသောအလှပဂေးလေးဟာ အကြိမ်ဖန်များစွာ ထိတွေ့ခံရလျှင် နူးညံ့ပျော့ပျောင်းရာမှ စိတ်ဆိုးလာမည်သာဖြစ်သည်။ ယခုလို ပုံစံမဟုတ်တာတော့သေချာသည်။ ထိုရယ်သံများကြောင့် သူတို့၏ စိတ်ကူးများ တစ်စစီပျက်စီးကုန်သည်။

ထိုသို့တိတ်ဆိတ်ငြိမ်သက်နေမှုကို တစ်စုံတစ်ယောက်ကစပြီး ဖြိုခွဲလိုက်သည်။

"ဂိုဏ်းချုပ်လီရဲ့ အိမ်မွေးအကောင်လေးကစိတ်ဝင်စားစရာပဲ ဘယ်ကဝယ်လာတာလဲမသိဘူး"

မျက်မှောက်ကာလ ကျင့်ကြံခြင်းနယ်ပယ်တွင် စိတ်စွမ်းအင်အဆင့်နှင့် အသိဉာဏ်မြင့်မားသော သားရဲကောင်များရှိသည်။ ထိုသို့သောသားရဲအချို့က ကျင့်ကြံသူတွေ၏လက်အောက်ခံဖြစ်သွားလျှင် ထိုသူ၏ ကျင့်ကြံမှုလမ်းစဥ်တွင် ကူညီပေးရသည်။ ဤသို့ဖြင့် ကျင့်ကြံသူများက နှစ်ပေါင်းများစွာအသက်ရှည်ရန် သားရဲကောင်များနှင့် အကျိုးတူပူးပေါင်းကြသည်။

အချို့သောကျင့်ကြံသူများသည် နှစ်ကိုယ်တူ ကျင့်ကြံဖော်ကိုမရှာလိုကြပေ။ နှစ်ကိုယ်တူကျင့်ကြံခြင်းသည် ကျင့်ကြံသူနှစ်ဦး၏ အသက်များကိုချည်နှောင်ထားပြီး ထိုသို့ကျင့်ကြံခြင်းမှာ မသန့်ရှင်းသောနည်းလမ်းဟု ထင်ကြသည့်အတွက် ကျင့်ကြံဖော်ကိုရှာမည့်အစား လူပုံစံပြောင်းနိုင်သောသားရဲများကိုသာရှာဖွေကြသည်။

အချို့သောသားရဲများ လူပုံစံပြောင်းသည့်အခါ အလွန်ကိုလှပကြပြီး ထိုသားရဲ၏စိတ်စွမ်းအင်မှာအဆင့်နိမ့်လျှင် ကျင့်ကြံသူတို့၏ အိပ်ဖော်အရုပ်များအဖြစ်အဆုံးသတ်သွားကြသည်။

"အိမ်မွေးအကောင်လေးတွေ"

ဖန်ချောင်ကျိုးမှာ တစ်စုံတစ်ယောက်၏ထိတွေ့ခံရမှုကြောင့် ကလိယားခြင်းမှမလွတ်မြောက်နိုင်သေးဘဲ ထိုစကားများကို မည်သူပြောလိုက်သလဲပင်သူမသိလိုက်။ သူသည် နောက်ဆုံး စိတ်ငြိမ်သွားပြီးနောက် သူနှင့်လီယီးတို့သည် အလွန်နီးကပ်နေသည့်အခြေအနေအား သတိပြုမိကာအံ့အားသင့်သွားသည်။ ထိုနတ်ဆိုးကောင်ကြီးနှင့် စကားပြောရယ်မောနေသည့်သူမှာ ဖုန်းယွဲ့သီလရှင်ကျောင်းမှ စုန့်လျန်ရီဖြစ်နေသည်။

နာမည်ကြီး ဝတ္ထုထဲကို ကူးပြောင်းပြီးနောက် ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now