Chapter 8

1.6K 157 1
                                    

အပိုင်း (၈)


သူတို့၏ အိမ်သည် ကမ်းခြေနှင့် သိပ်မဝေးပေ။ဆယ်မိနစ်ခန့် လမ်းလျှောက်ရုံသာ။ သို့သော် သူတို့နှစ်ဦးသည် သဲရှိရာ ကမ်းခြေဘက်သို့ တိုက်ရိုက်မသွားဘဲ ဆိပ်ကမ်း တံတားဘက်သ်ို့ ဆက်လျှောက်သွားသည်။

သဲပြင်အောက်နားတွင် သဲခုံးကောင်လေးများလည်း ရှိသည်။ သို့သော် သေချာ ရှာရသည်။ကမ်းခြေသည် ကျယ်ပြော၍ နေရာတိုင်းတွင် ခုံးကောင် မရှိပေ။ ပုံမှန် တူးသလို တူးရုံဖြင့် သဲခုံးကောင် ရှာခြင်းသည် မရိုးရှင်းပါ။

သဲခုံးကောင်များသည် ခုံကောင် တစ်မျိုးပင်။ ပန်းခုံးကောင်ဟု ခေါ်ကြတာမျိုးလည်း ရှိသည်။သို့သော် သူတို့ရွာတွင် သဲခုံးကောင်ဟု ခေါ်သည်မှာ အသားကျနေသည်။ အကြောင်းမှာ သဲပြင်အောက်မှ တူး၍ ရလာသောကြောင့် ဖြစ်သည်။

သဲပြင်အောက်မှ တူးယူရသော်လည်း အများစုမှာ သဲ မပါပေ။ အနည်းစုသာ သဲများဝင်နေတတ်သည်။ သို့သော် မချက်ပြုတ်ခင် တစ်ညလုံးရေစိမ်ထားပါက အလွယ်တကူ သန့်ရှင်းလို့ရသည်။

သဲခုံးကောင်များအား စွပ်ပြုတ်ထဲ ဖြစ်ဖြစ်၊ ခေါက်ဆွဲထဲ ဖြစ်ဖြစ် ထည့်ပါက အရသာအား ပိုမို ကောင်းမွန်စေသည်။

အနာဂတ်တွင် သဲခုံးကောင်များအား စျေးထဲ ရောင်းကြတော့သည်။ ထို့ကြောင့် ရွာတွင် သူတို့ကိုယ်တိုင်တူး၍ ချက်သလို လတ်ဆတ်မှု မရှိ တောင့်တင်းမှု မရှိတော့ပေ။

ကမ်းခြေမှ တူးယူလာသော သဲခုံးကောင်များသည် စျေးထဲမှ ရောင်းတာများနှင့် ကွာခြားသည်။ သဲခုံကောင်ရဲ့ အရွယ်အစားသည် အမျိုးမျိုး ရှိသည် အချို့မှာ လက်သည်းခွံလောက်သာ ရှိ၍ အချို့မှာ အတော်ကြီးသည်။ ရွာမှ အသေးဆုံး သဲခုံးကောင် ပင် အသား အပြည့်ဖြင့် အရသာရှိသည်။

တနေ့တွင် ဒီရေတက်ချိိန် ၂ခါ ကျချိန် ၂ခါရှိသည်။ရေကျချိန်များတွင် ကလေးများသည် ကစားကာ သဲခုံးကောင်များ တူးလေ့ရှိကြသည်။ လ တစ်လ၏ ပထမရက်နှင့် ၁၅ ရက်နေ့များတွင် ရေသိသိသာသာကျ၍ သည်လို ရက်များတွင် လူတွေအများအပြား ခုံးကောင် တူးရန် လာကြသည်။

သည်လိုရက်များတွင် ရွာသူရွာသားတို့သည် ဆိပ်ခံတံတား အနီးထိပင် သွားရောက် တူးယူကြသည်။ သည်လို ရက်လေးတွင်သာ ဝေးဝေးသွား၍ တူးနိုင်သောကြောင့်ပင်။ ပုံမှန်ရက်များတွင် သည်နေရာသည် ရေအပြည့် ဖြစ်သည်။

သည်လို အချိန်တွင် တူးစရာ ခုံးများလည်း ပေါသည်။ ကမ်းခြေ တစ်လျှောက် ကျောက်တန်းများလည်း အစီအရီပင်။ ကျောက်တန်းများပေါ်တွင် ပွင့်ဟနေသော ယောက်သွားများ ခရုများပင် ရှိသည်။

တောင်ပေါ်သူများသည် တောင်ပေါ် စားစရာ မှီခိုရသလို ပင်လယ်မှသူများသည် ပင်လယ်အစားအစာ မှီခိုရသည်။

ပင်လယ် ဘေးတွင် နေ၍ ဝီရိယ ရှိသောသူသည် ဘယ်တော့မှ ငတ်မည် မဟုတ်ပါ။

ဆိပ်ခံတံတားကို ရောက်သော် ကျောက်တုံးဖြင့် လုပ်ထားသော လျှောစောင့်နေရာအား ဖြည်းဖြည်းချင်းဆင်းလာသည်။ ရေလည်း ကျနေ၍ သဲတွေအား မြင်နေရသည်။ မိန်းမကြီးတစ်ချို့သည် ကြိုတင်ရောက်ရှိကာ ထိုင်၍ တူးနေကြသည်။

ပုံမှန် အချိန်တွင် သည်လို လာတူကြသူများသည် အမျိုးသမီးများနှင့် ကလေးများသာ ဖြစ်သည်။ ရောင့်သုန်းသည် လက်ထပ်ပြီးနောက်ပိုင်း ကစားရန် တစ်ခါမှ မရောက်ဖြစ်တော့ပေ။ ကလေး မဟုတ်တော့သည့်အချိန်မှစ ကမ်းခြေတွင် ဆော့ချင်စိတ် မရှိတော့ခြင်း ဖြစ်သည်။

သို့သော် ယခု ပြန်မွေးဖွားပြီးနောက် သူ စိတ်ပြောင်းသွားသည်။ သည်နေရာ၏ လတ်ဆတ်မှုကို တဖန်ပြန်ခံစားချင်နေသည်။

သူအပေါ်စီးကနေ တူးနေကြသော အမျိုးသမီးများအား လှမ်းကြည့်လိုက်သည်။ ”တစ်ခုခုတွေ့လား” ”အိုး ဒီမှာများကြီးပဲ” “တူးနေတာ ဘယ်လောက်ကြာပြီလဲ”

လူတိုင်းသည် ခုံးကောင် တူးရန်သာ အာရုံစိုက်ထား၍ စကားပြောနေကြသည်။ မည်သူမှ သူ့အား အာရုံမစိုက်ပေ။

ရောင့်သုန်းသည် သားဖြစ်သူ သဲဖြင့် တစ်ယောက်တည်း ကစားနေသည်ကို ကြည့်၍ မိန်းမထံသို့ ပြန်သွားသည်။ အချိန်တိုလေးအတွင်းပင် သူမသည် ခုံကောင် ငါးခု၊ ခြောက်ခုလောက် တူးပြီးပြီ။

နောက်ထပ် တိုက်မိသံများအား ကြားသည်။ သံခုံကောင်တွေ့ပြီ ထင်သည်။ သူ အလျင်အမြန်ထိုင်ချ၍ “မင်း တူးတာ မြန်လိုက်တာ”

တူရွင်းသည် ခုံကောင်း တူးရာတွင် အသင့်တော်ဆုံးလက်နက်ပင်။

အချို့သူများသည် သစ်သားချောင်းဖြင့် တူးမရပါက အရိုးရှင်းဆုံး တူရွင်းသာ သုံးသည်။

လင်းရှိုချင်းသည် တူရွင်းကို ကိုင်ကာ တူးနေရင်း အပေါ် မော့မကြည့်ဘဲ ”လေ့ကျင့်မှုက သင်ပေးတာ။ ဒါလုပ်တာက ဘာအရည်အချင်းမှ မလိုဘူး။ တူးနေရုံပဲ”

မှန်သည် သူ ငယ်တုန်းက အကြိမ်များစွာလုပ်ဖူးသည်။ သည်ရွာမှ ကလေးများ၏ အကောင်းဆုံးကစားနည်းမှာ သဲတူးခြင်း ဖြစ်သည်။

သူ သည်ကို ရောက်ပြီး ဘာမှ မလုပ်ဘဲ မနေနိုင်ပါ။ထို့ကြောင့် တူးစရာ တူရွင်း မရှိသော်လည်း လက်ကို သုံး၍ ဝိုင်းတူးသည်။

သည်လို နေရာများတွင် ပူပေါင်းလေးဖြင့် အပေါက်လေးတွေ ရှိသည်။ ထိုနေရာအား လက်ဖြင့် ကုတ်ထုတ်လိုက်ပါက အများကြီး အားမစိုက်ရဘဲ ခုံကောင်ရသည်။ သူ သေချာသိသည်။

ရေပုံးထဲမှ တစ်ခုခု ပစ်ထည့်သံ ကြား၍ လင်းရှိုချင်း အလျင်အမြန် ကြည့်လိုက်သည်။

ရောင့်သုန်း သတိထားမိ၍ သူမအား ကြည့်ကာ မျက်ခုံး တစ်ဖက် ပင့်ပြလိုက်သည်” ဘာလဲ၊ အထင်ကြိီးသွားတာလား။ သင်ပေးစေချင်လား”

ပြောနေရင်းပင် သူ နောက်တစ်နေရာအား လက်ဖြင့်ကုတ်ထုတ်လိုက်သည်။ သည်မှာ နောက်တစ်ခု ....

သူ ခုံးကောင်အား ပုံးထဲ ထည့်လိုက်ကာ “ဒါတွေက တူးရ အရမ်းလွယ်တာပဲ။ ငယ်ငယ်က ခဏခဏ လုပ်ဖူးတယ်”

“ရှင် တစ်ခါတူးတိုင်း ဘာလို့ တစ်ခု တွေ့နေတာလဲ” သူမ သိချင်စိတ်ဖြင့် မေးသည်။

သူမ၏ မွေးရပ်မြေသည် အိမ်နီးချင်းမြို့မှ ဖြစ်သော်လည်း ပင်လယ်နား မဟုတ်ပေ။ ကုန်းတွင်းဖြစ်ပြီး တောင်ပေါ်ဒေသနှင့် နီးသည်။

လက်ထပ်ပြီး၍ သည်ကို ပြောင်းနေပြီး နောက်ပိုင်း သူမ၏ ယောက္ခမနှင့် ယောင်းမတို့နောက်ကိုလိုက်ကာ သူတို့လုပ်သမျှ သင်ယူခဲ့သည်။ခုံးကောင်တူးဖို့ လာတိုင်း သူမလိုက်လာသည်။ အကုန်လုံးသည် တူရွင်းဖြင့် တူးကြသည်။ သူကတော့ သူများနှင့်မတူ လက်ဖြင့် တူးနေသည်။

ရောင့်သုန်းသည် သဲပြင်ပေါ်မှ အပေါက်လေးတွေအား ညွှန်ပြကာ “အဲဒါလေးတွေ မြင်လား သဲခုံတွေလည်း အသက်ရှူဖို့လိုတယ်လေ။ အဲအပေါက်လေးတွေ အောက်မှာ ခုံးကောင်ရှိတယ်”

ရှင်းပြရင်းဖြင့် နောက်ထပ် ၂ ခု၊ ၃ ခုလောက် တူးလိုက်သည်။

သူသည် ခုံကောင် ရှာခြင်းနှင့် တူးသည့် နေရာမှာ တော်လှသည်။

ရေကျထား၍ သဲမြေသည် တူးကောင်းသောအနေအထား ရှိနေလို့သာ ဖြစ်သည်။ အလယ်ပိုင်းလောက်သည် တူး၍ မလွယ်ပေ။

လင်းရှိုချင်း ...

“ဘာလို့ တူရွင်းနဲ့ တူးနေတာလဲ။ လက်နဲ့ တူး။ တူရွှင်းနဲ့က ပင်ပန်းတယ်။ ကြာလာရင် လက်တွေ ပြဲပေါက်လာလိမ့်မယ်”

“ဒါပေမဲ့ တူရွင်း သုံးတာ ပိုကောင်းပါတယ်။ ပစ္စည်းကိရိယာရှိတော့ ပိုလွယ်တာပေါ့။ ငါကသာ တူရွင်း မပါလို့ လက်နဲ့ တူးတာ။ တခါလေကျ ခုံးတွေက အသက်ရှူဖို့ အပေါက် မလိုဘူး။ သူတို့ အပေါက်ရှိရင်လည်း အပေါ်က ရေတွေသဲတွေက ဖုံးသွားတော့ မမြင်ရဘူး။ အခုကသာ ရေကျချိန်မို့ အပေါက်လေးတွေ မြင်ရတာ။

လင်းရှိုချင်းသည် သူ စကားပြောတာကို သေချာကြည့်နေသည်။ လက်ထပ်ပြီးသည့် အချိန်မှ စ၍ တ၀်ခါမှ သည်လို စကား မပြောဖူးပါ။ အမြဲတမ်း ပျောက်နေသည်၊ အိမ်မှာလည်း မရှိပေ။ အိပ်ချိန်နှင့် စားချိန်မှသာ ပေါ်လာသည်။ အများဆုံး ပြောဖြစ်ပါက တစ်ခွန်း နှစ်ခွန်းသာ။

အချိန် အများစုသည် သူသည် ဘာမှ ဂရုမစိုက်ဘဲ လျှောက်သွားနေတတ်သည်။ ယခု သူမကို သင်ပေးရင်း အလေးအနက်နှင့် သေချာပြောပြနေသည်မှာ ထူးဆန်းလှသည်။

“ဘာတွေ ကြည့်နေတာလဲ။ တူးလေ”

“အို့”

ခဏကြာသော် လူတွေများစွာ ထပ်ရောက်လာကြသည်။ အခုလူများသည် ဝိီရိယ ရှိကြသည် ရောင့်သုန်းမှ လွဲ၍။

အတော်ကြာ ထိုင်ကာ တူးပြီးနောက် သူ့ ခြေထောက်များ ထုံလာ၍ မတ်တပ်ရပ်လိုက်သည်။ခါးကို မတ်ကာ အကြောဆန့်လိုက်သည်။ ခေါင်းကို လှည့်၍ ပင်လယ်ဘက်အား လှမ်းကြည့်လိုက်သည်။

သည်လောက်တူးပေးရင် တော်ပြီ။ ရုတ်တရက်ကြီး အလုပ် အရမ်း ကြိုးစားပြလို့ မဖြစ်ပါ။

သည်အချိန်တွင် ပင်လယ်ရေ ဆက်ကျနေသည်။သင်္ဘောများလည်း ရွှက်လွှင့်လို့ မဖြစ်ဘဲ ဆိပ်ကမ်းတွင် ရပ်နေကြသည်။ နောက် ရေတက်ချိန်သာ စောင့်ရမည် ဖြစ်သည်။

အခုချိန်သည် မနက် ၉ ခွဲဖြစ်သည်။ ၁၀ခွဲလောက်ဆို အပြည့်အဝ ရေကျမည်။ ပြီးနောက် တဖြည်းဖြည်း ပြန်တက်လာမည်။ ညနေ ၄ ခွဲဆို အပြည့်အဝ ရေပြည့်၍ ည ၁၁ ခွဲလောက်ဆို ရေထပ်ကျမည်။ မနက် ၇ နာရီလောက်ဆို ရေ လုံးဝ ကျမည်ဖြစ်သည်။

နေ့တိုင်း ဒီရေ အတက်အကျသည် အရင် ရက်ထက် မိနစ် ၅၀ လောက် နောက်ကျသည်။ ရောင့်သုန်းသည် ယခုမှ ပြန်မွေးဖွားသော်လည်း ဒီရေအား တစ်ရက် ကြည့်ရုံဖြင့် နောက်ရက် ဒီရေတက်ကျ အချိန်အား ခန့်မှန်းနိုင်သည်။

သူ့၏ အစ်ကို နှစ်ယောက် ဒီရေ လာစစ်ကြသည်မှာ မဆန်းပေ။ လ အစတွင် ရွက်လွှင့်ပါက ညသန်းခေါင်တွင် ရေကျလေ့ရှိသည်။ ည တစ်နာရီ ၂ နာရီတွင် ရွက်လွှင့်ပါက အဆင်ပြေသည်။ လှိုင်း မတက်ခင် ရွက်လွှင့်ခြင်းပင်။

ဒီရေ အတက်အကျ မလုံလောက်တဲ့ အချိန်တွင် သင်္ဘော ရွက်လွှင့်၍ မရပေ။


1982 ခုနှစ်မှ တံငါရွာလေးဆီသို့Where stories live. Discover now