Chapter 20

1.3K 116 1
                                    

အပိုင်း (၂၀)


အားစိုက်ထုတ်ကာ ကြက်မွှေးအားလုံးကို နှုတ်ပြီးနောက် ကြက်သားကို သေချာဆေးကြောသန့်စင်လိုက်သည်။

"ငါကြက်သားပြင်ပြီးပြီ။ ဘယ်သူ ချက်မှာလဲ၊ အသေးလေးလား။ ဖက်တီးလား"

ခေါင်း‌တောင်မော့ဖော်မရဘဲ အသေးလေးက "ဖက်တီး လုပ်လိမ့်မယ်။ သူက ငါ့ထက် ဟင်းချက် ပိုကောင်းတယ်။ အခု ငါက အနိုင်ပိုင်းနိုင်နေလို့။ ငါတို့စားပြီးရင် ငါ အကုန်ဆေးပေးမယ်"

"ကောင်းပြီ၊ ရောင်သုန်း မင်း လာဝင်ကစား"

ရီရောင်သုန်း က ခေါင်းခါပြပြီး "ပိုင်ကျို ကစားဖို့ စိတ်မဝင်စားဘူး ဖဲရိုက်တာပဲ ပို‌ကောင်းတယ်"

"ငါတို့ လူခြောက်ယောက်နဲ့ ဘယ်ကစားကြမလဲ။ ငါး-ပုစွန်-ကဏန်း ကော ဘယ်လိုလဲ" အားဂွမ်း က အကြံပြုသည်။

[Hoo Hey How (Fish-Prawn-Crab) သည် နှစ်သစ်ကူးကာလအတွင်း ကစားသည့် နာမည်ကြီး တရုတ်နှင့် ဗီယက်နမ် လောင်းကစား အန်စာတုံးဂိမ်းဖြစ်သည်။  လူများစုဝေးရာတွင် မိသားစု၊ သူငယ်ချင်းများနှင့်အတူ ဂိမ်းကစားသည့်အခိုက်အတန့်ကို ခံစားနိုင်မည်ဖြစ်သည်]

"ပျင်းစရာကြီးပါကွာ၊ ကံကိုပုံအပ်ရတဲ့ ဂိမ်းတွေချည်းပဲ၊ ကျွမ်းကျင်မှုနဲ့လည်း မဆိုင်ဘူး။ မင်းတို့ ကစားကြ၊ ငါ ပွဲကြည့်မယ်"

"ဟမ်။ မင်း စိတ်ပြောင်းသွားတာလား။ ပိုင်ကျိုကျတော့လည်း စိတ်မဝင်စားဘူး ငါး-ပုဇွန်-ကဏန်း ကျတော့လည်း မကြိုက်ပြန်ဘူး"

"တစ်ယောက်ယောက်ကတော့ အလုပ်လုပ်ရမှာပဲ၊မဟုတ်ရင် ငါတို့ ဘာသွားစားကြမလဲ။ မင်းတို့ ဂိမ်းဆက်ဆော့ကြ၊ ငါ မီးဖိုချောင်ထဲမှာ ဖက်တီးကို သွားကူလိုက်မယ်"

"မင်း ဒီနေ့ ဆေးမှားသောက်မိထားတာလား။ ထူးထူးခြားခြား လုံ့လ ဝီရိယ ရှိနေတယ်"

တစ်ယောက်ချင်းစီ မှတ်ချက်ပေးနေကြပြီး လုံ့လ ဝီရိယ ရှိခြင်းကိုပင် မေးခွန်းထုတ်နေကြသည်။  ရီရောင်သုန်းက ဒေါသတကြီးနဲ့ "ငါ ဒီနေ့ စိတ်ကောင်းနေပြီး အပြောင်းအလဲလုပ်လို့ မရဘူးလား"

"ဒါဆိုလည်း မြန်မြန်သွား၊ အဆင်သင့်ဖြစ်ရင် ငါတို့ကို လှမ်းခေါ်လိုက်"

ဖက်တီးသည် မီးဖိုချောင်အတွင်း၌ ကြက်သားခုတ်နေရာ ကျယ်လောင်သော ဓားသံများ ထွက်ပေါ်နေသည်။ ရီရောင်သုန်းဝင်လာသောအခါ ဖက်တီးက "ကံကောင်းစွာနဲ့ အားကျန်းက ကြက်တစ်ကောင် ယူလာခဲ့တာပဲ။ မဟုတ်ရင် ဒီမြွေငယ်လေးက ငါတို့စားဖို့ လုံလောက်မှာ မဟုတ်ဘူး။ ငါလည်း အိမ်ပြန်ပြီး မြွေနဲ့တွဲစားဖို့ ဝက်နံရိုးနှစ်ချောင်း ယူလာခဲ့တယ်ကွ။ နောက်မှ အကုန်ပေါင်းလိုက်မယ်"

"လောင်းဖန်င်ဟင်းချို မချက်ခင် အရင်ဆုံးတခြားပါဝင်ပစ္စည်းတွေကို ချက်ကြရအောင်။ ဟင်းချိုကိုများများချက်ပြီး အားကျန်းအိမ်ကို ပြန်ယူသွားလို့ရအောင် ပန်ကန်းတစ်လုံးထဲ အသားများများနဲ့ ထည့်ရမယ်"

"ဟုတ်ပြီ"

ဂျင်းငါးခုမှ ခြောက်ခုဝန်းကျင်ရှိသော ကြက်ကြီးတစ်ကောင်၊ ဂျင်းတစ်ခုနှင့်အထက်အလေးချိန်ရှိသော မြွေကြီးနှင့် ဝက်နံရိုးနှစ်ချောင်းတို့ ပေါင်းလိုက်သောအခါ ပွက်ပွက်ဆူနေသည့် ကောင်းမွန်သောဟင်းတစ်ခွက်ရသည်။

ဟင်းအနံ့ ထွက်လာတဲ့အခါမှာတော့ လူတိုင်းက သူတို့ရဲ့ကတ်တွေကို စွန့်လွှတ်ကာ မီးဖိုပတ်လည်တွင် ဝိုင်းပြီးစုနေကြသည်။

"အဆင်သင့်ဖြစ်ပြီလား"

"အနံ့ အရမ်းကောင်းတာပဲ"

"မြွေသား မစားရတာကြာပြီ။ ငါ ဒါကို တောင့်တနေတာ"

"ငါတို့ အခုစားလို့ရလား ငါဗိုက်ဆာ‌နေပြီ။ တစ်နေကုန် ထမင်းသုံးနပ်ပဲစားရသေးတာ အိမ်သာကို နှစ်ခေါက်လောက်သွားထားတော့ ဘာမှမရှိတော့ဘူး"

ရီရောင်သုန်းက စွပ်ပြုတ်ပန်းကန်ကို ယူလာပြီး "ခဏနေပါဦး အားကျန်တို့အိမ်အတွက် ပန်းကန်တစ်လုံး အရင်သွားပို့ရအောင်။ သူ့မိဘတွေ ပူတုန်းစားလို့ရတာပေါ့" လို့ ပြောလိုက်သည်။

"အင်း၊ ဟုတ်သားပဲ"

အားကျန်းက အနည်းငယ် ရှက်သွားပြီး "ပန်းကန်အသေး တစ်လုံးလောက်နဲ့ လုံလောက်ပါတယ်။ ဒီမှာက လူအများကြီးရှိနေတာကို"

"ငါတို့မှာ အိုးကြီးတစ်လုံးစာရှိသေးတာမို့ စားဖို့
လုံလောက်တယ်။ ပြီး‌တော့ တခြား အရံဟင်းတွေလည်းရှိ‌သေးတယ်"

အားကျန်း ပြန်ရောက်လာပြီးနောက် အားလုံးက ပန်းကန်တစ်လုံးစီယူကာ စားပွဲတွင်ထိုင်ကြသည်။

လောင်းဖန်င်ဟင်းချိုတွင် ဂျင်းနှင့် ထမင်းရည်မှလွဲ၍ မည်သည့် ဟင်းသီးဟင်းရွက်မျှ မထည့်ထား‌ပေ။ တစ်ယောက် ပန်းကန်လုံးတစ်လုံးစီစားပြီးသောအခါ စားပွဲပေါ်ရှိ ပင်လယ်စာများကို စတင်စားကြသည်။

အားကျန်းက ပင်လယ် ဖရဲစေ့တစ်ခုကို ပန်းကန်ပြားထဲမှ ကောက်ယူလိုက်ပြီး "ဒီပင်လယ်ဖရဲစေ့နဲ့ သဲဂုံးတွေကို ဒီနေ့ တူးလာတာလား။ ရောင်သုန်း တူးထားတာဆို။ ဒါကြောင့် အသေးလေး မနက်က မင်းကို သွားရှာတာ မတွေ့ခဲ့တာကို၊ ဒါပေမယ့် ဒီကောင်လေးတွေက တော်တော်သေးတယ်"

"ငါ မနက်အစောကြီးကတည်းက တူးနေတာ၊ ရာသီဥတုကလည်း တော်တော်ပူတာ။ နက်ဖြန် ဒီရေ
က ပိုတောင်ကျသွားအုံးမယ် ထင်တယ်။ မင်းတို့‌ကောင်တွေကော လိုက်အုံးမလား"

အားဂွမ်းက အစားကိုအရင်မျိုချလိုက်ပြီး "ဒါပေါ့ကွာ၊ ငါတို့မှာလည်း တခြား ဘာမှလုပ်စရာ မရှိဘူး"

"ဗိုက်ကိုတင်းသွားတာပဲကွာ၊ ဒီလို ပူတဲ့နေ့မျိူးမှာ ကမ်းခြေကို ပတ်ပြေးပြီး နေလောင်ဒဏ်မခံချင်ဘူး။ ငါ့ကို ထည့်မတွက်ကြနဲ့" ဖက်တီးက ချက်ချင်း ငြင်းသည်။ သူ့မိသားစုတွင် အစားအစာနှင့် သောက်စရာများမှာ လုံလောက်သည်ထက် ပိုသည်။ ကမ်းခြေသို့သွားပြီး သူ့ကိုယ်သူနေလောင်ခံဖို့ စိတ်ကူး မရှိပေ။

"ငါလည်း လိုက်လို့မရဘူး။ ငါ့မိန်းမက ငါကို မနက်ဖြန် သူ့မိဘအိမ်ဆီ သွားဖို့ခေါ်ထားတယ်။ သူ့အမေ ကျန်းမာရေးမကောင်းလို့တဲ့" ဟု ဟောင်ဇီ က ပြောသည်။

တစ်ဖက်တွင် ချန်းဝေ က "ငါလိုက်မယ်။ ကမ်းခြေ မသွားရတာ ကြာပြီ။ ဒီရက်ပိုင်းလည်း ဒီရေက မှန်နေတာပဲ၊ ငါးမျှားချိတ် တစ်ခု ယူလာပြီး ဘာပဲရရဖမ်းကြည့်ရမှာပေါ့"

"တစ်ခုခုတော့ ရမှာပါ။ ငါတောင် ဒီနေ့ ကျောက်ဆောင်နားမှာ ကမာကောင်နဲ့ ခရုတွေ ကောက်ရင်း ကံကောင်းစွာနဲ့ တစ်ကောင်ကို ၅ဂျင်း မဟုတ်ရင် ၆ ဂျင်းလောက်ရှိတဲ့ ကဏန်းပြာ နှစ်ကောင်ကို ရခဲ့သေးတယ်။ မနက်ဖြန် ဒီရေကျသွားရင် ငါတို့မြန်မြန် လိုက်ရှာမယ်"

"ကောင်းလိုက်တာကွာ၊ ကဏန်းပြာတွေက အလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့လုပ်အားခစာ တစ်ယွမ် ဒါမှမဟုတ် နှစ်ယွမ်လောက်တန်တာကိုကွာ၊ မင်း တကယ်ကံကောင်းတာပဲ"

အားကျန်းနှင့် အသေးလေး တို့ကတော့ မနက်ဖြန် ကမ်းခြေကို အတူတူ သွားကြဖို့ သဘောတူခဲ့ကြသည်။

အဖွဲ့လိုက် အတူတူ‌စုရုံး‌နေကြသည့်အချိန်သည် အိမ်တွင် ဇနီးမယားနှင့် အတူနေချိန်ထက် ပိုကြာ

တတ်သည်။ ဒါကြောင့်မို့ သူတို့သည် ဤကဲ့သို့ အဖွဲ့လိုက်ရှိနေရချိန်များကို အလွန်နှစ်သက်ကြသည်။

"ဒီပုဇွန်က ဂျင်းဘယ်လောက်ကျလဲ၊ တော်တော်ထွားတယ်ကွ ပြီးတော့ ဥတွေတောင်ပါသေးတယ်" ရီရောင့်သုန်း ကိုက်နေစဉ်မှာပင် အားဂွမ်းကို မေးသည်။

"၃၅ ဆင့်"

"အာ"

ခဏလောက်တွေးမိပြီး ဒါက ဒီခေတ်မှာ တကယ်ဈေးကြီးမှန်း သိသွားတယ်။

ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် အရွယ်အစား ၅-၇ စင်တီမီတာရှိသော အဆိုပါပုစွန်များကို သင်္ဘောကျင်းမှ ၃ ယွမ်မျှဖြင့် ဝယ်ယူခဲ့သည်။  အကြီးကြီးတွေက ယွမ် ၃၀ ဖြစ်သည်။  သို့သော် ဈေးကွက်တွင် အဝယ်နှင့် ရောင်းဈေးမှာ သိသာထင်ရှားသော ကွာခြားမှု ရှိသည်။

တွေးကြည့်တော့ သည်ဈေးနဲ့လည်း သင့်တော်ပုံရသည်။

"ကိုယ့်ဘာကိုယ်ရွေးပြီးဝယ်ရင် ၃၅ ဆင့်ကျတယ်၊ ဒါပေမယ့် မရွေးဘဲ သူတို့ပေးတာယူရင်တော့ ၃၀ ဆင့်ရှိတယ်။ ငါက ဥပါတဲ့ဟာတွေပဲ ရွေးထည့်လာတာ"

အခြားသူများလည်း ပေါ့ပေါ့ပါးပါး တစ်ကောင်ဆီယူကာ ပုစွန်လည်ပင်းကို ဖြတ်လိုက်သည်နှင့် အံ့ဩစရာမှာ တစ်ခုစီတိုင်းတွင် ဥများ ရှိနေကြသည်။

"မင်း မျက်စိကောင်းတာပဲ"

အားဂွမ်းက သိပ်ပြီးမစဉ်းစားဘဲ “ဘာကြီးလဲ၊ ငါက ပိုပြီး ရွေးဝယ်ချင်ပေမယ့် သင်္ဘောကျင်းက အားခိုင် ဆိုတဲ့ကောင်က ငါရွေးတာ ဘယ်လောက်မှန်တယ်ဆိုတာ သိသွားတော့ စိတ်ပြောင်းသွားတယ်။ ရွေးမဝယ်နဲ့တော့ ခွဲမပေးဘဲ ယူ၊ မဝယ်ချင်ရင်လည်း မဝယ်နဲ့လို့ ပြောတာပဲ။ ငါလည်း ဒီပမာဏက လုံလောက်မယ်ထင်လို့ အဲ့လောက်ပဲဝယ်ခဲ့တယ်"

"ဒါတွေ အားလုံးက အမြည်းတွေပဲ၊ ငါတို့မှာသာ အရက်ရှိရင် ပိုကောင်းမှာ" ဖက်တီးက အခွံတွေကို ဖယ်ထုတ်ရင်း စိတ်မကောင်းစွာနဲ့ ပြောလိုက်သည်။

"မနေ့က သိပ်မသောက်ထားတာတောင် အိမ်ပြန်ရောက်တော့ မိန်းမက ငါ့ကို ကြိမ်းမောင်းပြီး လက်မောင်းကို လိမ်ဆွဲတာကွာ အညှိုအမဲတောင်စွဲသွားတယ်။ ညကျ‌တော့လည်း အိပ်ရာပေါ်မှာ အိပ်ခွင့်မရလုနီးပါးပဲ"

"မင်းမိန်းမက မင်းကိုခုတင်မှာပေးမအိပ်ရင် အငယ်အနှောင်းထားပြီး သူ့နေရာမှာအိပ်လို့ရတယ်လေ။ အဲ့ကြမှ မင်းမိန်းမ ဘယ်မှာ ငိုမလဲကြည့်ရသေးတာပေါ့"

"Pfft~ ဘယ်လိုမှ မဖြစ်ပါဘူးကွာ၊ မင်းတို့‌ကောင်တွေနဲ့ တစ်ချိန်လုံး ပေါင်းနေတာကြောင့် ငါ့မှာ တခြားမိန်းမတောင် မရနိုင်တော့ဘူး။ ငါ့ရဲ့ နာမည်ပျက်သွားပြီ။ ကံကောင်းတာက ငါ့မှာ ဇနီးနဲ့ သားသမီးတွေ ရှိနေပြီ"

အားကျန်းက ရယ်ရယ်မောမောဖြင့် "အင်း၊ အားဂွမ်းရော ငါရော မိန်းမမရ‌သေးတာ အံ့သြစရာ မလိုပါဘူး။ မင်းတို့ ကြောင့်ပဲ၊ မင်းတို့ကောင်တွေ ငါတို့နှစ်ယောက်ကို မိန်းမရှာပေးဖို့ လျော်ကြေးရှိတယ်ကွ!"

အားဂွမ်းက "အမှန်ပဲ အမှန်ပဲ၊ ညတွေက ရှည်လျားပြီး မင်းတို့ကကျ ဘေးမှာ မင်းတို့မိန်းမတွေနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ သနားစရာကောင်းတဲ့ ငါနဲ့ အားကျန်းခမျာမှာတော့ အထီးကျန်စွာနဲ့ ခေါင်းအုံးတွေကိုသာ အဖော်ပြုပြီးအိပ်နေရတယ်~"

"အင်း ဒါဆိုလည်း မင်းတို့နှစ်ယောက် အတူတူ ဖက်အိပ်ကြလေ။ မီးတွေ‌မှောင်နေပြီး စောင်ကိုပါ ခေါင်းမြှီးခြုံထားလိုက်၊ ဘာမှကွာခြားမှုရှိမှာမဟုတ်တော့ဘူး..."

"ဘာ၊ ကွာခြားချက်က ကြီးမားလွန်းတယ်ကွ"

အားကျန်းက အရှက်မရှိ သူ၏တင်ပါးကို ပုတ်ပြပြီး "ဘာနဲ့ နှိုင်းယှဥ်ရမလဲ? အရှေ့မှာပဲဖြစ်ဖြစ်၊ နောက်
မှာပဲ ဖြစ်ဖြစ်၊ အကုန်လုံးက ကြီး‌ရမှာကို"

"ဟေ့ကောင်တွေ သတိထားနော် ငါ့ညီမတွေ ဒီမှာရှိသေးတယ်" အားဂွမ်းက သူ့ညီမနှစ်ယောက် ရှက်ရှက်ဖြင့် ပန်းကန်များကိုင်ကာ အခန်းထဲသို့ ပြန်သွားသည်ကို သတိပြုမိသည်။  မသင့်လျော်သော မှတ်ချက်များကြောင့် သူညီမများ တစ်မျိုးမထင်သွားစေရန် သူ အလျင်အမြန်ပြောခဲ့သည်။

"စား၊ စား၊ စား၊ အောက်တန်းကျတဲ့ စကားတွေက ဒီလောက်ဆို လုံလောက်ပြီ၊ မင်းတို့အိမ်မှာ မင်းတို့မိန်းမတွေနဲ့ နေမှ ပြောဖို့သိမ်းထားကြ"

"ဟေ့ကောင် ရောင့်သုန်း မင်းအဖေ မနေ့က အဝါရောင်ငါးကြီးကို ယွမ်တစ်ထောင်ကျော်နဲ့ ရောင်းလိုက်ပြီး ဘောစိဖြစ်နေတယ်ဆို? မင်း‌ကော မင်းအဖေနဲ့ ပင်လယ်ထဲသွားဖို့ စီစဉ်နေတာလား" ချန်းဝေ က စိတ်ဝင်တစား မေးသည်။

"ငါ့ပုံစံက ပင်လယ်ထဲ သွားမယ့်သူနဲ့တူနေလို့လား"

"တစ်စက်မှ မတူဘူး"

"မင်းက ပင်လယ်စောင့်နေတဲ့သူနဲ့မှ ပိုတူတာ" ဖက်တီးက ရယ်မောကာပြောလိုက်သည်။

"အာ... ထမင်းပျော့က အရသာ ကောင်းတာပဲ၊ တော်တော် အရသာရှိတယ်"

('ထမင်းပျော့စားသောလူ' ဆိုသည်မှာ  ယောက်ျားတစ်‌ယောက်က 'ထမင်းပျော့စားတယ်' လို့ ပြောရင် ဒါမှမဟုတ် အပြောခံလိုက်ရရင် ကျွေးမွေးဖို့ သူ့မိန်းမ ဒါမှမဟုတ် ချစ်သူကို အားကိုးတယ်လို့ ဆိုလိုတာဖြစ်သည်)


1982 ခုနှစ်မှ တံငါရွာလေးဆီသို့Where stories live. Discover now