Chapter 10

1.4K 160 1
                                    

အပိုင်း (၁၀)


ရောင့်သုန်းသည် ဂဏန်း နှစ်ကောင်၏ ဗိုက်ကို ကြည့်ကာ ပြုံးလိုက်သည်။ နှစ်ကောင်လုံးသည် အထီးတွေဖြစ်သည် ၁ ကျင်းထက်တော့ ပိုလေးလောက်မည်။

သည်နေ့ ရှာတွေ့တာ ကောင်းသားပဲ။ ကလေးတွေကို ချက်ပြီး ကျွေးလို့ရပြီ။

သူ ဘေးကို တစ်ချက် ကြည့်လိုက်ရာ ဘေးကကျောက်စိုင်ပေါ်တွင် တင်နေသော လျှော်ပင်ကို တွေ့လိုက်သည်။

ထိုလျှောက် ကြိုးဖြင့် ဂဏန်း နှစ်ကောင်အား အလျင်အမြန် ချည်၍ ပုံးတွင် ချိတ်ထားလိုက်သည်။
ပျော်ရွှင်သော မျက်နှာထားဖြင့် ကမာကောင်တွေ ဆက်တူးနေသည်။

သူသည် သူ့အမေ လုပ်ခိုင်းသည့် ကိစ္စအား ပြီးမြောက်အောင် လုပ်ချင်နေသည်။ မနက်ဖြန် ရေထပ်ကျပါက ကမ်းခြေသို့ သွား၍ ပင်လယ်စာ ရှာရန် သူ့အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။

သူ ရေစပ် အနားရှိ ကျောက်စိုင်နားသို့ ရောက်လေလေ ပိုကြီးသော ကမာကောင်တွေ ဖရဲစေ့တွေ ရှာတွေ့လေလေ ဖြစ်သည်။ ရောင့်သုန်း သေချာ တူးယူပြီးနောက် ဒီရေ အခြေအနေကို ကြည့်ကာ သူ့ဘောင်းဘီကို ပေါင်အထိ မတင်လိုက်သည်။ သူနောက်ထပ် ပင်လယ်စာ ရှာတွေ့ရန် ပိုဝေးဝေးသွားရန် ဆုံးဖြတ်လိုက်သည်။

သည်နေ့ လူ အများစုသာ ကမ်းခြေမှ သဲခုံးကောင်များကို တူးကြသည်။ ကျောက်စိုင်ဘက်သို့ လူနည်းစုသာ လာသည်။

သည်နေရာတွင် ကမာ အရေအတွက် နည်းသည်။ရေကျချိန် ပထမရက်နှင့် ၁၅ ရက် မြောက်နေ့ဆိုရင်တော့ ကမာတူးနေသော လူများ ရှိသည်။ လလယ်လောက်ဆိုရင်တော့ ကမာ ကြီးထွားချိိန် ဖြစ်၍ အရွယ်ရောက်ပြီး ကမာ နည်းနည်းသာ ကျန်သည်။သဲပေါ်တွင် သဲခုံးကောင် တူးရတာလောက် မပေါများပေ။

ရောင့်သုန်း သူ၏ ဒူးနား ရေရောက်တဲ့အထိ ကျောက်စိုင် အနား တစ်လျှောက် ထပ်လျှောက်သွားသည်။ သူ၏ ရှားပါးသော စိတ်ရှည်မှုဖြင့် ကမာတူးကာ ဖွင့်နေသည်။

သူ ကောက်ယူထားသော ကမာများသည် ပိုကြီးသည်။ သည်လို ကျောက်ဆောင် မျက်နှာပြင်များတွင် ပိုကြီးသော ကမာတွေ ခရုတွေ ပိုကပ်တွယ်လေ့ရှိသည်။

ဘေးတွင် ကပ်နေသော ကမာလေးတွေလည်း ရှိသည်။ သို့သော် လက်သည်းခွံလောက်သာ ရှိ၍ တူးရ မတန်ပေ။

လူတိုင်းသည် အလုပ်ရှုပ်နေ၍ သူ သည်လောက် အဝေးကြီး သွားနေသည်ကို ဘယ်သူမှ သတိမထားမိပေ။ သူတစ်ယောက်တည်း ကမာတူးခြင်းကို ပျော်မွေ့နေသည်။

ရေနည်းနည်းချင်း ကျလေလေ သူလည်း အဝေးသို့ တစ်လက်မချင်း တစ်လက်မချင်း ပိုတိုး၍ သွားမိသည်။ သူက မာမတူးရသည်မှာ ကြာလှပြီ အခုပြန်တူးရတော့ သူ၏ ဝါသနာ ပြန်လည် ပေါ်ပေါက်လာသည်။

ကမာ ကောက်ခြင်း အလုပ်အား နစ်မြောနေ၍ ဦးထုပ်ဆောင်းရန် အခုမှပင် သတိရသည်။

သူသည် အခုချိိန်ထိ အလုပ်ကောင်းကောင်း မလုပ်၍ အသားအရေသည် ဖြူသည်။ သည်မှာ နေသော အခြားသူများနှင့် မတူပေ။

သ်ို့သော် နေပူထဲနေတာ ကြာ၍ သူ၏ မျက်နှာသည် နီရဲလာ၍ ချွေးများ ထွက်လာသည်။ ခန္ဓာကိုယ် အောက်ပိုင်းသာ ပင်လယ်ထဲ မြှုပ်နေ၍ အေးမြသလို ခံစားနေရသည်။

မနက် ၁၀ ခွဲမှ စ၍ ရေ အပြည့်အဝ ကျရန် စောင့်ရာမှ ယခု နည်းနည်းစီ ပြန်တက်လာပြီ ဖြစ်သည်။သူ၏ ဒူးမှ လိုင်းပုတ်၍ ဖြေးဖြေးချင်းတက်လာသော ပင်လယ်ရေအား ခံစားလို့ရနေသည်။

ပင်လယ်ရေသည် သူ့ ပေါင်နား ရောက်သော် ဖြေးဖြေးချင်း ရှေ့သွား၍ သူ့ပုံးအား စစ်ကြည့်လိုက်သည်။ မဆိုးလှ ပုံးထဲ သုံးပုံ တစ်ပုံလောက်တော့ရောက်ပြီ။ ကမာ နှစ်ပန်းကန်လောက် ကြော်ဖို့နဲ့ ခရုပုံးတစ်ဝက်နှင့် ဖရဲစေ့များလည်း လုံလောက်ပြီ။

လင်းရှိုချင်းသည် အကြာကြီး ထိုင်နေရာမှ ညောင်းလာသည်။ ခုံကောင်များများ တူးပြီးထားသည်ကို ကြည့်လိုက်ကာ သူမ မတ်တပ်ရပ်ကာ ခါးလှည့်၍ အကြောဆန့်လိုက်ကာ သူမ၏ သားငယ်အား ကြည့်လိုက်သည်။

ကလေးသည် တစ်ယောက်တည်း သဲဖြင့် ဆော့ကာပျော်နေသည်။ ဗိုက်ပေါ်တွင်လည်း သားရေကျထားသော အကွက်လိုက်ကြီး ရှိနေသည်။ သဲတွေ အများကြီး လက်ဖြင့် ကုပ်ကာ ဆက်ဆော့နေသည်။

သားသည် လိမ္မာသည် ငိုလည်း မငို၊ ဂျီလည်း မကျပေ ကစားနေတုန်း အမေလည်း လိုက်မရှာပေ။

သူမ ဘေးဘက် ကြည့်လိုက်သည်။ သူ့ယောကျာ်း၏ အရိပ်အယောင် မမြင်မိပေ။ သူမမျက်မှောင်ကျုံ့၍ သည်ယောကျာ်းဆီမှ ဘာမှမမျှော်လင့်သင့်မှန်း နားလည်သွားသည်။

အမေသည် လင်းရှိုချင်း မတ်တပ်ရပ်သည်ကို မြင်၍ သူပါ အနားယူရန် တွေးလိုက်သည်။ကျောက်ဆောင်ဘက်ကို ကြည့်လိုက်သော် ရောင့်သုန်းအား မတွေ့သဖြင့် စိတ်ပျက်သံဖြင့် “သူ ဘယ်သွားပြန်တာလဲ။ ကမာ တူးပါလို့ ပြောထားရဲ့သားနဲ့ အရိပ်တောင် မမြင်ရဘူး။ ပျောက်သွားပြီ”

“အမေ၊ ရောင့်သုန်း ပြောတာကို ဘယ်လို ယုံနေတာလဲ နှစ်တွေ ဒီလောက် ကြာနေပြီ။ သူ ဘယ်တုန်းက အလုပ်လုပ်တာ မြင်ဖူးလို့လဲ။ သူ အမြဲ အပြင်သွားဖို့ပဲ ချောင်းနေတာကို ”ဒုတိယ ချွေးမ ဖြစ်သူမှ ပြောလိုက်သည်။

“အိမ်ပြန်ရောက်မှ သူ့အဖေကို ခြေထောက်ရိုက်ချိုးခိုင်းမယ်”အမေသည် ဒေါသဖြင့် ပြောသည်။

“အဘွား ရှိနေရင်တော့ ရမှာ မဟုတ်ဘူး”

အမေသည် စိတ်မောသွားသည်။ သူ့သားသည် ကမာ တစ်ခါ ပေးပြီး အရင်လို ပြန်ဖြစ်သွားသည် မိဘတွေ ဘေးနား မရှိသောအခါတွင် ငတ်သေမှာကို စိုးမိသည်”

ချွေးမ အကြီးဖြစ်သူ ဝင်ပြောသည် ”အမေ၊ သူ့ကို ဒီလိုတွေ ပျင်းရိပြီး လျှောက်သွားနေခိုင်းလို့ မဖြစ်တော့ဘူး။ မဟုတ်ရင် သူ့ကို ကျန်တဲ့ဘဝ တစ်ခုလုံး ဘယ်သူက ရှာကျွေးမှာလဲ။ ရှိုချင်းလား၊ သူက ခြေလက်တွေ အကောင်းတိုင်းရှိနေတဲ့သူလေ။ သူ့ မိန်းမအပေါ် မှီခိုနေတာ ရှက်စရာ ကောင်းပါတယ်”

ဒုတိယ ချွေးမဖြစ်သူ ဆက်ပြောသည် ”မှန်တယ်၊ ရှိုချင်း မိသားစုအတွက် ရှာနေရတာ ဘယ်လောက်ခက်ခဲနေတယ် ထင်လဲ။ ရှိုချင်းမို့သာ သည်လောက်ထိ သည်းခံနေနိုင်တာ အခြားမိန်းမတွေဆို ဒီလောက်သည်းခံနိုင်ပါ့မလား။

ဘေးနားရှိ သဲခုံး တူးနေသော အမျိုးသမီး တစ်ချို့ပါ ဝင်ပြောသည်။ ”ရောင့်သုန်းက ရက်စက်လိုက်တာ သူတို့ လက်ထပ်ပြီးတာဖြင့် ကြာလှပြီ။ ကလေးမှ မဟုတ်တော့တာကို”

“သူနဲ့ သေချာ စကားပြောဖို့ လိုနေပြီ။ သူ့ကို ဒီလို ဆက်နေခိုင်းလို့ မရတော့ဘူး”

ကမာ ထည့်လာသော ရေပုံးကို ကိုင်၍ ပြန်လာစဉ် သူ့အကြောင်းအား အတင်းတုတ်နေကြသည်ကို ကြားမိသည်။ ထို့ကြောင့် ဒေါသတွေ ထွက်လာကာ မျက်နှာပဲ ရဲတက်လာသည်။

သည်မိန်းမတွေက ဆူညံဆူညံ လုပ်စရာ အချိန်တွေ အရမ်းပေါနေတာပဲ

သူ၏ မိန်းမ ဖြစ်သူသည် ဘာမှ မပြောရသေးဘဲ သည်မိန်းမတွေကပဲ ပြောနေမှာ အသေအချာပင်။

“ဘာတွေ ပြောနေတာလဲ။ ကျွန်တော်က ဘယ်သွားလို့လဲ။ ဒီမှာပဲ တစ်ချိန်လုံး ရှိနေတာကို”

လူတိုင်း အံ့ဩစွာဖြင့် ခေါင်းလှည့် ကြည့်လိုက်သည်။ ရောင့်သုန်း သည်မှာ မရှိသည် အထင်နှင့် အတင်း ပြောနေကြသည်။ သူ ဒီမှာ ရှိနေသည်ကိုသိ၍ အံ့ဩသွားကြကာ ရှက်သလို ဖြစ်သွားကြသည်။

နောက်ကွယ်တွင် အတင်းတုတ်နေသည်ကို ကွက်တိအမိခံလိုက်ရသည်။

သို့သော် သူတို့ ပြောတာ တစ်ခုမှ မမှားသလို ခံစားရတဲ့သူက ယုံကြည်ချက်ရှိရှိဖြင့် ”ရောင့်သုန်း၊ ငါတို့က မင်း ကောင်းဖို့ အတွက် ပြောနေတာ ယောကျာ်းဆိုတာ ကိုယ့်မိသားစုအတွက် တာဝန်ယူရတယ်လေ။ မင်း ဒီလို အလေလိုက်နေပြီး မင်းမိဘနဲ့ မိန်းမတွေ မင်းကို တစ်သက်လုံး လုပ်ကျွေးနေစေချင်တာလား”

ရောင့်သုန်းသည် အေးစက်စွာ ထိုစကား ပြောသူအား ကြည့်၍ “အဒေါ် ကျူဟွာ၊ အရမ်း စိတ်ပူလွန်နေတာ မဟုတ်ဘူးလား။ အဒေါ်ရဲ့ ဘယ်မျက်လုံးက ကျွန်တော် အလေလိုက်နေတာကို မြင်နေတာလဲ။ ကျွန်တော် အခု အလုပ်လုပ်နေတာပဲမလား။ အဒေါ် အခု မျက်လုံး မဖွင့်ဘဲ ပြောနေတာလား။ အဒေါ်တို့ မိသားစု ဆင်းရဲတာ မဆန်းပါဘူး။ မျက်လုံဖွင့်ပြီး သေချာ လေ့လာသင့်တယ်”

ရောင့်သုန်းသည် အရင်တည်းက ဘယ်သူ့မှ ဂရုမစိုက်ဘဲ နေတတ်၍ အခုလည်း ချက်ချင်းကို ပက်ခနဲ ပြန်ပြောလိုက်သည်။

“အဓိပ္ပာယ် မရှိတာ။ မကောင်းတာက မင်းမျက်လုံးလေ။ ပြီးတော့ ဆင်းရဲနေတာက မင်းမိသားစုနော်။ အိမ်ခွဲနေစရာ ပိုက်ဆံလည်း မရှိ။ မင်းကသာ ဆင်းရဲမွဲတေနေတာ ငါတို့ မိသားစုကို ဆင်းရဲတယ်လို့ ပြောခွင့် မရှိဘူး” အဒေါ် ကျူဟွာ သည်းမခံနိုင်တော့ပေ။ မတ်တပ်ရပ်လိုက်ကာ ခါးထောက်ကာ ဇွန်းကို ကိုင်မြောက်၍ တစ်ဖက်လူအား အော်ပြောနေသည်။

အခုတော့ ဒေါသထွက်ရမှာ အမေ့၏ အလှည့်ပင်ဖြစ်သည်။ ”အခု ဘယ်ကို လက်ညိုးထိုးနေတာလဲ။ နင်က ငါ့သားကို ဆူစရာလား။ ငါ့ မိသားစုက ဆင်းရဲတော့ရော ဘာဖြစ်လဲ။ ဆင်းရဲနေတာ နင့်ကိုထိခိုက်နေလို့လား။ နင့်မိသားစုကရော မဆင်းရဲဘူးဆိုရင် ဘာလို့ဒီမှာ လာတူးနေတာလဲ “

“ဒီပင်လယ်က နင် ပိုင်တာမို့လို့လား။ အခြားသူတွေ လာတူးလို့ မရဘူးလား”

“ငါတို့မိသားစု ပိုင်တာတော့ မဟုတ်ဘူး။ ငါတို့ ရွာနဲ့ဆိုင်တာ၊ နင် ငါတို့ ရွာကမှ မဟုတ်တာ။ နင့်မှာ ဒီလိုပြောပိုင်ခွင့် မရှိဘူး။ ငါ့သားက သူ့ဘာသူ အလုပ်ကြိုးစားနေတာ နင်က ဘာလာရှုပ်နေတာလဲ”

စကား နည်းနည်းပြောပြီးနောက် ရောင့်သုန်းသည် ငြိမ်သွား၍ စကားမပြောဘဲ ရပ်နေလိုက်သည်။ သည်အခြေအနေတွင် အမေ့အား ကိုင်တွယ်ခိုင်းလိုက်ပါက အသင့်တော်ဆုံး ဖြစ်မည်။အရွယ်ရောက်တဲ့ ယောကျာ်း တစ်ယောက်အနေဖြင့် မိန်းမကြီးတွေနှင့် ရန်ဖက်ဖြစ်ရမှာ မသင့်တော်ပေ။

မည်သို့ပင်ဖြစ်စေ ရွာတစ်ဝက်နီးပါးသည် အမျိုးတွေဖြစ်၍ အမေနဲ့ ရန်ပြိုင်ဖြစ်ပါက ဘယ်သူမှ မနိုင်ပေ။

လူတွေကြားထဲမှ ဖြန်ဖြေသူ ရောက်လာ၍ စကား
ဆက် မပြောကြရန် ပြောသည်။

ထိုသူသည် အခြေအနေအား ငြိမ်သက်စေကာ အမေတို့ နှစ်ယောက်သည် တစ်ဦးနှင့် တစ်ဦး မျက်စောင်းထိုးခြင်းဖြင့် အဆုံးသတ်သွားသည်။

အဒေါ် ကျူဟွာသည် သည်အနားတွင် မနေသင့်တော့မှန်း သိ၍ ရေလည်း ပြန်တက်လာပြီ ဖြစ်သဖြင့် ပုံးအား ကောက်ကိုင်ကာ အမြန်ပြန်တော့သည်။

ပတ်ဝန်းကျင် လေထုလည်း ငြိမ်သက်သွားသည်။

1982 ခုနှစ်မှ တံငါရွာလေးဆီသို့Where stories live. Discover now