Chapter 42

1.3K 130 0
                                    

Chapter 42
November 12, 2023

အမေရီက ပြုံးပြီးမေးသည် "ဒါဆို မနက်ဖြန်လည်း မင်းတို့ သွားကြအုံးမှာလား၊ ရောင့်သုန်း"

"မနက်ဖြန် လှေထပ်ငှားလို့ ရအုံးမလားဆိုတာက အားဂွမ်းတို့ အဒေါ်ကို မေးကြည့်ရအုံးမှာ။ ဒီနေ့ သီးခြား ကျွန်း တစ်ကျွန်းမှာ ပင်လယ်စာတူးဖို့ ကြံထားတာ၊ ငါးကွမ်းအုပ်ကို တွေ့တာက ဒီတိုင်းကံကောင်းတဲ့ တိုက်ဆိုင်မှု တစ်ခုပါပဲ"

လင်းရှိုချင်းက စိတ်ပျက်လက်ပျက်ဖြင့် "မနက်ဖြန် အိမ်မှာ ဆောက်လုပ်ရေး အလုပ်ရှိတော့ ကျွန်မကကူညီရမှာ၊ မဟုတ်ရင် ရှင်နဲ့အတူ ပင်လယ်ဆီ လိုက်ပေးလို့ရတယ်"

"ရပါတယ်၊ ကိုယ့်ဘာသာကိုယ် သွားလိုက်မယ်။ မင်း လုပ်စရာ ရှိတာလုပ်"

လုံ့လဝီရိယ ရှိပြီး နားလည်တတ်နေသည်ကို မြင်ရတော့ အမေ ရီလည်း ကျေနပ်သွားသည်။ "မင်းက သည်မှာရှိလည်း အသုံးမဝင်ဘူး ဆို‌တော့ကောင်းပါတယ်လေ။ ပင်လယ်ကို သွားပြီး အလုပ်သမားတွေ စားဖို့ ပင်လယ်စာတွေ ပြန်သယ်လာခဲ့၊ မင်း အစ်ကိုကြီးက ဒီမှာ ရှိမှာဆိုတော့ အားလုံး အဆင်ပြေသွားမှာပါ"

"မနက်ဖြန် လှေငှားလို့ရမယ်မှန်း ဘယ်သူက‌ ပြောနိုင်မှာလဲ"

"မငှားနိုင်ခဲ့ရင်လည်း တောင်ပေါ်က မြေဝါတွေကို ကူသယ် ဒါမှမဟုတ် သုန်းချောင်းရွာမှာရှိတဲ့ မြစ်ထဲက ကျောက်တုံးတွေကို ကူတူးပေးလေ၊ မိသားစုအတွက် အပိုလက် တစ်စုံ ဖြစ်တာပေါ့"

ရီရောင့်သုန်းတစ်ယောက် မျက်လုံး လှည့်မိသည်။ သည်မနက် မြေဝါတွေ သယ်တုန်က လှည်းမှောက်ခဲ့ကြောင်း သူ့အမေကို ပြောပြခဲ့ပါ သူမက သူ့အား နောက်တစ်ကြိမ် စူးစူးဝါးဝါး စိုက်ကြည့်လိမ့်မည်။

အရင်ဘဝက ကိုယ်ခန္ဓာ ကာယ အလုပ်များ အများ

ကြီး မလုပ်ခဲ့၊ အသုံးမကျတဲ့ လူတစ်ယောက်လို နေခဲ့မှန်း သူ ဝန်ခံပါသည်။

"မနက်ဖြန်မှ စကား ဆက်ပြောရအောင်"

1982 ခုနှစ်မှ တံငါရွာလေးဆီသို့Where stories live. Discover now