Chapter 40

1.2K 127 0
                                    

Chapter 40
November 10, 2023
အပိုင်း (၄၀)

ရီရောင့်သုန်းတစ်ယောက် ပြုံးကာ လူတိုင်းကို ပြောလိုက်သည်။ "ငါ့ အိမ်ဖို့ ငါးကွမ်းနှစ်ကောင်၊ သုံးကောင်လောက် ယူထားလိုက်မယ်၊ မနက်ဖြန် အိမ်မှာ ဆောက်လုပ်ရေးတွေ စတော့မှာဆိုတော့ အလုပ်သမားတွေအတွက် စားစရာ ပြင်ရဦးမယ်။ ဒီပင်လယ်စာမျိုးစုံကလည်း ငါတို့ တစ်ညထဲနဲ့ကုန်အောင် မစားနိုင်တော့ မနက်ဖြန်ဟင်းပွဲအတွက် နည်းနည်းလောက် အိမ်ပြန်သယ်သွားလိုက်မယ်။ အားလုံးကို အညီအမျှခွဲမှာဆိုတော့ ရောင်းလို့ရတဲ့အခါ ငါယူလိုက်တဲ့ဟာတွေကို ထည့်နုတ်လိုက်၊ ဒါမှ လူတိုင်း မျှတတဲ့ အစုရှယ်ယာကို ရကြမှာ…”

"သြော်၊ ယူစရိတ် နုတ်ဖို့ကို မေ့ထားလိုက်။ ငါတို့အားလုံးက သူငယ်ချင်းကောင်းတွေပဲ။ မင်း ယူချင်ရင်ယူသွား ဘာမှမဖြစ်ဘူး"

"ဟုတ်တယ်၊ မှန်တယ်။ မင်းလိုချင်သလောက် ယူ၊ ဘာမှ နုတ်နေစရာ မလိုဘူး။ ငါတို့က မိသားစုလိုပဲကိုကွာ၊ ရှုပ်ထွေးအောင်လုပ်မနေနဲ့"

"မင်းပြောတာ မှန်တယ်၊ ဒီမှာ ငါးကွမ်းတွေ ရာနဲ့ချီပြီး ရှိတာ နည်းနည်းယူတာနဲ့ ဘာမှ ကွဲပြားသွားတာ မဟုတ်ဘူး။ မင်းရဲ့ အိမ်ဆောက်လုပ်ရေးက မနက်ဖြန်ဆိုစပြီး၊ နောက်ထပ် အနည်းငယ် ယူထားပြီး အပိုင်းပိုင်း လှီးထားလိုက်၊ ပူပြင်းတဲ့ ရာသီဥတုမှာ လတ်ဆတ်တဲ့ ငါးတွေက အကြာကြီး မခံပေမယ့် ဆားနယ်ထားရင် နောက်ထပ် ရက်အနည်းငယ်ကြာအောင် ထိန်းထားနိုင်တယ်၊ ပြီးတော့ ငါတို့က ပိုက်ဆံ အကုန်အကျမရှိဘဲ ကိုယ့်ဘာသာကိုယ် ဖမ်းမိထားတာတွေလေ။ အပိုနည်းနည်း ယူထားတာက ဘာမှမဖြစ်ပါဘူးကွာ"

လူတိုင်းရဲ့စကားတွေက ကြည်နူးစရာပင်။ သည်သူငယ်ချင်းတွေက သူတို့ရဲ့တန်ဖိုးကို သက်သေပြနေသည်၊ သည်ကောင်တွေနဲ့ သူငယ်ချင်း ဖြစ်ရတာဟာ အလကားတော့ မဟုတ်..

သူက ပြုံးပြီး ခေါင်းကိုခါယမ်းသည်။ "ဒီငါးက တော်တော်တန်ဖိုးရှိတယ်၊ ဒါကြောင့် အများကြီး ယူရမှာမကောင်းဘူး။ ငါ နှစ်ကောင်ပဲ ယူထားလိုက်

1982 ခုနှစ်မှ တံငါရွာလေးဆီသို့Where stories live. Discover now