အပိုင်း (၂၉.၂)

863 128 1
                                    

အပိုင်း (၂၉.၂)

“ဘာလုပ်ကြမလဲ”

ယန်ရှန့်က မေးလိုက်၏။ သူသည် အလျင်မလိုနေချေ။ အဓိကအကြောင်းအရင်းမှာ ရွာထဲက လူများအားလုံးက ရှီဖုန်းတောင်ပေါ်သို့ တက်သွားကြသောကြောင့်ပင်။ ချီလင်သက်တော်စောင့်များသာ ကျန်ခဲ့သည်။ သည်မဖြစ်စလောက် ဓားပြမဆိုထားနှင့် ပမာဏ နှစ်ဆရှိနေလျှင်တောင် မမှုပေ။

ရှန်ဖုန်းမင်က ရှေ့သို့ ခြေလှမ်းကျဲများနှင့် လျှောက်သွားလိုက်ပြီး တောင်ကုန်းပေါ်တွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်လိုက်လေသည်။

သည်အခိုက်တွင် ကျန်းယွင်ကျူးနှင့် လူများက သည်နေရာမှ ၁၀ကီလိုမီတာသာ ဝေးကွာလေသည်။ သူတို့လမ်းကြောင်းကို ကြည့်လျှင် သူတို့သည် ချန်ရှီရွာသို့ ဦးတည်နေသည်ကို အလွယ်သိနိုင်လေသည်။

သူ့ဖီးနစ်ငှက်မျက်လုံးက ချက်ချင်းဆိုသလို အင်မတန်အေးစက်သွားတော့သည်။

“ ဧကန္တ သူတို့တွေ ချန်ရှီရွာကို ဝင်တိုက်ကြမလို့လား”

ယန်ရှန့်က သူ့ဘေးတွင်ရပ်လိုက်ပြီး တအံ့တဩနှင့်မေးလိုက်၏။ ချန်ရှီရွာက သာမန်ရွာလေးတစ်ခုပဲ။ အဲလောက်လုပ်ဖို့ တန်လို့လား။ ဒါမှမဟုတ်.... သူ အတွေးလွန်နေတာလား။ ဥပမာ သူတို့တွေက တကယ်ပဲ ချန်ရှီရွာသားတွေကို တိုက်ခိုက်ချင်တာဆိုတာ သူတို့ဘာလုပ်ရမလဲ။

ရွာသားတွေ ဒီအတိုင်းအသ-တ်ခံရမှာကို ရပ်ကြည့်မနေနိုင်လို့ ဆင်းကယ်ရမှာတော့ သေချာတယ်။ သူတို့တွေ ဘယ်နှစ်ယောက်လောက်ကို ကယ်နိုင်မှာလဲ။

လူတွေကို ကာကွယ်ပေးရတာက လူသ-တ်ရတာထက် အများကြီး ပိုခက်တယ်။ အထူးသဖြင့် လက်နက်မရှိတဲ့ လူတွေကို ကာကွယ်ရရင်ပေါ့။

ပြီးတော့ ဒီလူအုပ်စု ရောက်လာတဲ့ပုံစံက ထူးဆန်းတယ်။ သူတို့တွေ အရံအစီအစဥ်တစ်ခုခုများ ရှိနေသေးလား။ ရှိခဲ့ဆိုရင်ကော... ယန်ရှန့်သည် သေရေး ရှင်ရေးအတွေ့အကြုံးများစွာကို ကြုံတွေ့ခဲ့ရပြီး ဖြစ်လေသည်။ ထို့ကြောင့် သူသည် သည်အခိုက်တန့်တွင် အနည်းငယ်စိတ်ပူနေရုံကလွဲလျှင် မတတ်နိုင်ပေ။ ကံအားလျော်စွာ ချန်ရှီရွာက လူအားက ရှီဖုန်းတောင်သို့ သွားလိုက်ကြသည်။ မဟုတ်လျှင် သူတို့သည် သည်နေ့ည၌ သေချာပေါက်သ-တ်ဖြတ်ခံရပေလိမ့်မည်။

ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)Where stories live. Discover now