အပိုင်း (၄၈)

560 85 0
                                    

အပိုင်း (၄၈)

နေ့လယ် ၁နာရီတွင် လူတစ်ယောက်က ရုတ်တရက် တံခါးလာခေါက်လေသည်။ အမျိုးသမီးချန်က တံခါးသွားဖွင့်ပေးလိုက်ပြီး ရဲမက်တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူက အရင်အမှု၏ အဓိကတရားခံကို ရှာတွေ့ပြီဖြစ်ကြောင်း ပြောပြလိုက်သ်ည။ အခုတော့ အမှုကို ပိတ်တော့မည် ဖြစ်သဖြင့် ကျန်းမိသားစုကို စီရင်စုရုံးတော်သို့ လာရောက်ခိုင်းခြင်းဖြစ်လေသည်။

“သူ့ကို မိပြီလား”

အမျိုးသမီးချန်က တအံ့တဩ မေးလိုက်သည်။ သူမက ဒီအကြောင်းကိုပဲ တစ်ချိန်လုံး စဥ်းစားနေခဲ့တာလေ။

ရဲမက်က ဇဝေဇဝါဖြစ်သွားတော့သည်။ ဖမ်းမိတာလား။  ဖမ်းမိတယ်လို့ ပြောလို့လည်း မရဘူး။ တစ်ယောက်ယောက်က ဝေ့ခမ်းဖျင်ရဲ့အလောင်းကို ရုံးတော်တံခါးရှေ့မှာ လာပစ်သွားတာလေ။

ပြီးခဲ့တဲ့တစ်ခေါကတုန်းကလည်း အတူတူပဲ။ ရာဇဝတ်သားနှစ်ယောက်က အရင်ဆုံးတောင် ရောက်လာပြီး သူတို့ကို ဖမ်းခိုင်းခဲ့တာ... ဘာပဲဖြစ်ဖြစ် အမှုကတော့ ထူးဆန်းမှုအပြည့်ပဲ။ ဒါပေမဲ့ တရားသူကြီးရဲ့ မျက်နှာက မပြောင်းလဲဘူး။ ဒီတော့ အမှုကို ပိတ်လိုက်တော့တာပေါ့။

အမျိုးသမီးချန်၏ အံ့ဩတကြီးအော်သံက မိသားစုဝင်အားလုံးကို အလန့်တကြား ဖြစ်သွားစေတော့သည်။

ကျန်းချိန်သည် အပြင်သို့ထွက်လာချိန်တွင် ဝေ့ခမ်းဖျင်ကို ဖမ်းမိသည့်အကြောင်းနှင့် ရုံးတော်သို့ ချက်ချင်းသွားရမည့်အကြောင်းကို ကြားလိုက်ရသည်။

ကျန်းယွင်ကျူး လိုက်ထွက်လာချိန်တွင်တော့ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ထွက်လာသည်နှင့် သွားကြုံနေသည်။ သူမ၏အကြည့်က သူတို့နှစ်ယောက်ဆီ ရောက်သွားပြီး သည်ကိစ္စက သူတို့နှင့် တစ်ခုခု ပတ်သက်နေမလားဟု စဥ်းစားနေမိတော့သည်။

“အဖေ သမီးလည်း လိုက်မယ်”

သူမက ကျန်းချိန်ကို ပြောလိုက်သည်။ ဘာတွေဖြစ်နေလဲဆိုတာကို သိရဖို့ သူမ ရုံးတော်ကို သွားချင်တယ်လေ။

“ကောင်းပြီလေ”

ကျန်းချိန်က လှည်းကို ပြင်ဆင်လိုက်လေသည်။

ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)Where stories live. Discover now