အပိုင်း (၄၇) (ခ)
ကုယန်ကျိုးက အဘိုးကြီးဝူကို တွေ့သွားပြီး အပြုံးတစ်ခုနှင့် မေးလိုက်လေသည်။
“အဘိုးဝူ ဒီကို ဘာလို့ရောက်နေတာလဲ”
သူ့အပြုံးက အဖြူရောင်ဆီးပန်းပွင့်နှင့် နှင်းများ ကျလာသကဲ့ပင်။ သူ့ချောမောမှုနှင့်တင့်တယ်မှုတို့ကို အားဖြည့်ထားလေသည်။
ကုယန်ကျိုးသည် ကျောင်းတော်သို့ သွားခဲ့ခြင်း ဖြစ်သည်။ အမှန်တွင်တော့ အခုချိန် ကျောင်းတွင် လေ့လာစရာ မရှိတော့ပေ။ သူက ဆရာနှင့် ရှေးဟောင်းစာအုပ်တချို့ကို လေ့လာနေခြင်းသာ။
အဘိုးဝူက သူ့လက်ကို ဖမ်းဆွဲလိုက်ပြီး
“ သွားစို့၊ ငါနဲ့လိုက်ပြန်ခဲ့”
“ ဟာ အဘိုး၊ ဘယ်သွားမလို့လဲ”
“ငါတို့တွေက ဘယ်သွားနိုင်အုံးမှာလဲ၊ မေးစရာမလိုသေးလို့လား၊ ငါ မြင်သလောက်တော့ မင်းက အဲလောက်တောင် မပါးနပ်ဘူး”
အဘိုးကြီးဝူက ညည်းညူလိုက်သည်။
ကုယန်ကျိူး : တစ်ယောက်ယောက်က သူ့ကို မပါးနပ်ဘူးလို့ပြောတာ ပထမဆုံးပဲ။
သည်အချိန်တွင် ကျန်းယွင်ကျူးက အားလုံးကို ပြင်ဆင်သွားပြီးခဲ့သည်။ ကံအားလျော်စွာ တစ်ချိန်က ချက်ပြုတ်ဖို့ရန် မီးဖိုချောင်သုံးပစ္စည်းများကို ဝယ်ထားခဲ့သည်။ သို့မဟုတ်လျှင် သူမသည် အသုံးပြုရန် သင့်တော်သည့်ပစ္စည်းများကို ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။
“သူဌေး နေ့လယ်စာ ငါးချက်မလို့လား”
ရွှယ်ကျင်းသည် ဇလုံထဲက လတ်လတ်ဆတ်ဆတ် ငါးကြင်းနှစ်ကောင်ကို ကြည့်လိုက်ပြီး တောက်ပသည့်မျက်လုံးများနှင့် ကျန်းယွင်ကျူးကို မေးလိုက်လေသည်။
“အင်း ဒီငါးက ကျွန်မတို့စားဖို့လေ၊ ရောင်းဖို့မဟုတ်ဘူး” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။
“ ကျွန်တော် ဒီငါးနှစ်ကောင်ကို ကိုင်လို့ရမလား၊ သူဌေးက ကျွန်တော့်ကို သင်ပေးလို့ရပါတယ်”
ရွှယ်ကျင်းက ပြောလိုက်၏။
ကျန်းယွင်ကျူး :.... အရမ်းကို စိတ်အားထက်သန်လွန်းနေတဲ့ အလုပ်သမားတစ်ယောက် ရထားတာ ဘာနဲ့တူပါလိမ့်။ သူမသည် ခေါင်းသာ ညိတ်ပြနိုင်တော့သည်။
CITEȘTI
ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)
Dragosteကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခု...