1.1(ဆောင်းဥက္ကာ)

490 36 6
                                    

<Unicode>
Park Jimin ကမ္ဘာကူးပြောင်းချိန် နာကျင်လွန်းတာကြောင့်

"အား......‌ရိုင်းရိုင်း မင်းထွက်ခဲ့စမ်း"

'စိတ်ထဲကနေပြောပါ နေရင်းထိုင်ရင်းအရူးလို့ပြောခံနေရမယ် နာကျင်တာ သက်သာသွားအောင် ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ပေး လိုက်ပါပြီ'

ရိုင်းရိုင်း ကျေးဇူးကြောင့် Jimin ကိုယ်က အရင်ကထက်ပိုပြီး ပေါ့ပါးသွားသည်။

' ရိုင်းရိုင်း ဇာတ်ကြောင်းပို့ပေးလိုက်ပြီနော်'

System စကားအဆုံးမှာ Jimin မှတ်ဉာဏ်ထဲဇာတ်ကြောင်းအပြည့်အစုံရောက်လာသည်။ကမ္ဘာကူးပြောင်းသလောက်မနာတာကြောင့် ၁ မိနစ်လောက်ငြိမ်ပြီး ဇာတ်ကြောင်းဖတ်ကြည့်လိုက်သည်။

ဇာတ်လိုက်က ဘုန်းမဟာမင်း ဖြစ်သည်။ Mahar company ရဲ့ CEO ဇာတ်လိုက်မနာမည်က နှင်းပွင့်မိုး ဖြစ်သည်။

ဇာတ်လိုက်မက သူ့မောင်လေးကို လိုက်ရှာနေသူတစ်ဦးဖြစ်သည်။သူ့မောင်လေးနာမည်က ဆောင်းဥက္ကာ ဖြစ်သည်။

ဆောင်းဥက္ကာက အတိတ်မေ့ပြီး ဘုန်းမဟာမင်းအိမ်က အဘိုးတစ်ယောက်က လမ်းကနေ ကယ်တင်ထားပြီး ထိုအိမ်မှာသောင်တင်နေသူဖြစ်သည်။

ဒါကို ဇာတ်လိုက်ကမသိပေ..ဘာလို့လဲဆိုတော့ ဆောင်းဥက္ကာက အိမ်ထဲကနေအိမ်ပြင်ကို မထွက်လို့ဖြစ်သည်။

ဇာတ်လိုက်မက အချိန်ကြာလာတော့ မရှာတော့ဘဲ ဘုန်းမင်းမဟာရဲ့ company မှာအတွင်း‌ရေးမှူးဝင်လုပ်ခဲ့သည်။

တစ်နေ့ အလုပ်ပိတ်ရက်မှာ ရုံးထဲကစာရွက်စာတမ်းတွေကို ဘုန်းမဟာမင်းဆီလာပို့ရင်း ခြံထဲစပ်စုကြည့်လိုက်သည်။

အလုပ်သမားတွေကိုလည်း အပြုံးချိုချိုပြုံးပြပြီး ခြံထဲမှာလဲကျနေတဲ့ အဘိုးကိုတွဲကူရင်း အဘိုးနေတဲ့အခန်းဆီရောက်သွားသည်။

အခန်းမှာ ဆောင်းဥက္ကာကိုတွေ့တော့ ဝမ်းသာရမှာကို ဝမ်းမသာဘဲ မုန်းတီးသလိုစိုက်ကြည့်လာသည်။

ထို့နောက်မှာတော့ ဇာတ်လိုက်ကိုမြူဆွယ်တိုက်ပြီး ဆောင်းဥက္ကာက ဘယ်လိုမကောင်းကြောင်း သူတို့မိသားစုကိုလည်း ဘယ်လိုတွေနှိပ်စက်ကြောင်း မကောင်းပြောတော့သည်။

အဆင်လေးကိုမြူဆွယ်မယ်Where stories live. Discover now