2.3

187 26 2
                                    

<Unicode>
ရန်မင်ကျွမ်း ယောက်ျားသား 58 ယောက်လုံးကိုကြည့်လိုက်သည်။အကုန်လုံးက အားကောင်းမောင်းသန်တွေဖြစ်ပြီး စစ်ရေးလေ့ကျင့်ဖို့အကောင်းဆုံးအ‌နေအထားဖြစ်ကြသည်။

ရန်မင်ကျွမ်းလည်းအချိန်ဆွဲမနေတော့ဘဲ ဒီလူတွေကို စစ်ရေးလေ့ကျင့်ပေးတော့သည်။ပထမနေ့မှာတော့အခြေခံသာစသင်ပေးသည်။

ဓါး၊လှံ၊မြှား အဲ့ဒီသုံးမျိုးကို အယောက် 20 စီခွဲပြီးလေ့ကျင့်ပေးလိုက်သည်။သူတို့လေ့ကျင့်နေချိန်မှာဘဲ ရွာ (၈) က လူနှစ်ယောက်ထပ်ရောက်လာသည်။

အကုန်လုံးက လယ်လုပ်သူများဖြစ်ကြတာကြောင့် အမောအပန်းခံနိုင်ကြပြီး မှတ်မိလွယ်ကြသည်။

ဒီနေ့တော့အခြေခံသာ သင်ပြီး အိမ်ပြန်စေကာ မနက်ဖြန်ပြန်လာဖို့ပြောလိုက်သည်။ညရောက်တော့ ရန်မင်ကျွမ်းမနားသေးဘဲ နန်းတော်ထဲမှာရှိတဲ့ရဲမက်တွေနဲ့ နယ်စပ်မှာ ရှိတဲ့စစ်သူကြီးတွေကိုမနက်ဖြန်ည စစ်ရေးလေ့ကျင့်တဲ့ကွင်းကိုအရောက်လာဖို့ခေါ်လိုက်သည်။

(၃) လဆိုတဲ့အချိန်က အစစအရာရာပြင်ဆင်ဖို့အချိန်မလောက်တလောက်ဖြစ်နေတာကြောင့် ရန်မင်ကျွမ်းနားဖို့အချိန်မရှိပေ...

‌အမိန့်ပါးပြီးတာနဲ့ ည မိုးချုပ်သွားလည်း အိပ်ဆောင်မဝင်သေးဘဲ လက်နက်ဖိုဆီဆက်သွားလိုက်သည်။

လက်နက်တွေကို ဘယ်လိုလုပ်လဲဆိုတာကြည့်လိုက်ပြီး ပြင်သင့်တဲ့နေရာကိုပြင်ဖို့ပြောလိုက်သည်။

လှံမြှားဓါး ဒိုင်းကာတွေကိုလည်း ပိုအဆင့်မြှင့်အောင် system မှာသင်ခဲ့ရတဲ့အချက်တွေကို အသုံးချလိုက်သည်။

ဓါးတွေကိုလည်း ကိုင်ရလွယ်ပြီး မာကြောအောင်လုပ်ပြလိုက်သည်။လှံတွေဆိုလည်း အချွန်တွေကို ပိုထက်အောင်လုပ်ပြီး အတံကို အနည်းငယ်ပျော့ပြီး မကျိုးအောင်လုပ်ခိုင်းလိုက်သည်။

တစ်လအတွင်း ဓါးအချောင်း (၆၀၀၀) လှံအချောင်း (၆၀၀၀) လေးက (၆၀၀၀) နဲ့မြှားဆံချောင်း (၆၀၀၀၀၀) ဒိုင်းကာ (၁၀၀၀၀၀) ပြီးအောင်လုပ်ခိုင်းလိုက်သည်။

လူမလောက်မှာဆိုးတာကြောင့် ရွာ (၃၀) ရွာက လက်နက်လုပ်တတ်သူတွေကို ပါခေါ်ပေးဖို့တွေးလိုက်သည်။

အဆင်လေးကိုမြူဆွယ်မယ်Where stories live. Discover now