5.7

200 25 6
                                    

<Unicode>
ဟန်ချွန်းဟို အပြင်ကို ဟိုကူးလိုက် ဒီကူးလိုက်နဲ့ထွက်လာတာ market တစ်ခုကိုရောက်လာခဲ့သည်။အထဲကို အေးအေးဆေးဆေးဝင်လာခဲ့တော့ ရွံစရာကောင်းတဲ့ zombie တွေက သူ့ကိုတွေ့တော့ အ‌ပြေးအလွှားလာကြိုဆိုကြသည်။

(ဒီနားမှာရပ်နေတာ ၁၅ နာရီလောက်ရှိတော့မယ်😩😩)

ရောက်လာတဲ့ zombie တွေကို လည်ပင်းဆီကိုက်ခဲလိုက် လက်သီးနဲ့ထိုးလိုက် လက်သည်းနဲ့ကုတ်ခြစ်လိုက်တိုက်လိုက်သည်။

'ယူနီ သူတို့ကို ငါ vampire အဖြစ်ပြောင်းလို့ရလား'

'သူတို့အသိရှိရင်တော့ရပါတယ် အသိမရှိချိန်လုပ်ရင်တော့ အလကားဖြစ်သွားမှာ'

'အော်'

ဟန်ချွန်းဟို သူ့အနားရောက်လာတဲ့ zombie တစ်ကောင်ကို ခြေထောက်ကနေဆွဲချလိုက်ပြီး ရင်ဘက်ပေါ်ဒူးတစ်ဖက်ထောက်ချလိုက်သည်။

လက်ဖဝါးကိုမြှောက်လိုက်ပြီး ဘေးနားမှာရှိတဲ့မှန်ကွဲစနဲ့ခြစ်ချလိုက်သည်။ကျလာတဲ့သွေးစက်တွေကို ထို zombie ပါးစပ်ထဲတည့်အောင် ထည့်ပေးလိုက်သည်။

သူ့သွေးမှာက အသိဝင်စေတဲ့ဆေးအပြင် vampire သွေးပါ ပါတာကြောင့် အတိုက်ခံရတဲ့လူက အသိပါဝင်လာပြီး vampire တန်းဖြစ်သွားလိမ့်မည်....

(စိတ်ကူးယဉ်သာဖြစ်သည်🤭)

ဟန်ချွန်းဟိုရဲ့သွေးက ပါးစပ်ကနေ လည်တိုင် အူမအထိရောက်သွားချိန် ထိုလူက တဂီဂီအသံကနေ အ့ ဆိုတဲ့ညည်းသံပြောင်းသွားသည်။

အသိလည်း ပြန်ဝင်လာတာကြောင့် သူ့ကိုတက်ဖိထားတဲ့သူကို ကြောက်လန့်တကြားကြည့်လိုက်သည်။

"ကြည့်မနေနဲ့ ငါမင်းအသက်ကိုကယ်လိုက်တာ အခုကစပြီး ငါကမင်းသခင်ဘဲ''

"ဟုတ်ကဲ့ပါသခင်"

"အင်း ဒီက zombie တွေကိုတိုက်ပြီး မင်းရဲ့သွေးတိုက်လိုက်"

"နာခံလျက်ပါသခင်"

လိမ္မာတဲ့ ထိုကောင်လေးအပေါ်ဖိထားတာကို လွှတ်လိုက်ပြီးတစ်ခြား zombie တွေကို အတူတူတိုက်ခိုက်ကာ သွေး‌တိုက်တော့သည်။

သိပ်မကြာခင်မှာတော့ လူတွေကို ကိုက်ဖြတ်တဲ့ zombie တွေဟာ zombie တွေကိုသွေးပြန်တိုက်တဲ့ vampire ဖြစ်ကုန်ကြတော့သည်။

အဆင်လေးကိုမြူဆွယ်မယ်Where stories live. Discover now