<Unicode>
ပြတ်သွားတဲ့ကြိုးကိုတွေ့တော့ ကီရော့နဲ့အာလင်ကလွဲလို့ကျန်တဲ့မင်းသားအကုန်လုံးက တစ်ယောက်တစ်ပေါက်နဲ့ ဟိုဘက်ကမင်းသားကို ဆဲဆိုကြတော့သည်။ကီရော့ အာလင်ရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တော့ သူ့မျက်နှာကိုသာစိုက်ကြည့်နေတာတွေ့လိုက်ရသည်။
"ဘာလာကြည့်တာလဲ ဟန့်"
အသံထွက်နှာမှုတ်ပြလိုက်ပြီး နောက်ကြောင်းလှည့်ကာတစ်ခြားလမ်းသွားရှာတော့သည်။
'ယူနီ တစ်ခြားလမ်းပြပါအုံး မင်းသင်ပေးတဲ့ပညာတွေက တစ်ခုမှလည်းအသုံးမတည့်ဘူး'
'အတိုက်အခိုက်တော့ အသုံးတည့်တယ်လုပ်လိုက်'
'အင်းတည့်ပါတယ် ယူနီမင်းကလေ အရင်ကကြတော့ သင်ပေးတဲ့ပညာနဲ့သွားရတဲ့ကမ္ဘာက လုံးဝကိုက်တယ်ကွာ အခုနောက်ပိုင်းကြမှ သင်ရတာက တစ်မျိုး သွားရတဲ့ကမ္ဘာက တစ်မျိုး ကိုက်ကိုမကိုက်ဘူး'
'မသွားချင်တော့လို့လား ဝိညာဉ်အပြိုကွဲခံလိုက်လေ crush နဲ့လည်းဝေး သေလည်းသေအေးရော အရှုံးခံမလား'
'ဟဲဟဲ ငါကဒီတိုင်းပြောတာကို ယူနီကလည်းစိတ်ကြီးဘဲ ကဲပါ ငါ့ကိုလမ်းသာအမြန်ပြောတော့ မဟုတ်ရင် တောမှာဘဲ ဘဝဆုံးနေအုံးမယ်'
'ဟုတ် နောက်ကြောင်းပြန်လှည့်ပြီး အရင်ကတွေ့ခဲ့ဖူးတဲ့စမ်းချောင်းနောက်သာ လိုက်ပေတော့'
'လိုက်သွားရင် ရောက်ပြီလား'
'မသိဘူးလေ သွားမှာသာသွားစမ်းပါ'
'အေ အေပါ'
ကီရော့ သိပ်မယုံချင်ယုံချင်နဲ့ နောက်ကြောင်းပြန်လှည့်ကာ စမ်းချောင်းကိုရှာလိုက်သည်။အာလင် ရုတ်တရက်သူ့ကိုရှောင်နေသလိုဖြစ်နေတဲ့ ကီရော့ကြောင့် စိတ်ထဲမှာ ဝမ်းနည်းသလိုလို အားမလိုအားမရဖြစ်သလိုလိုခံစားနေရသည်။
အခုလည်း သူ့ကိုစကားမပြောဘဲ နောက်ကြောင်းလှည့်နေတဲ့ ကောင်လေးကြောင့် ကီရော့မြင်းအနားကိုတိုးကပ်သွားလိုက်ပြီး
"မင်းသားကီရော့ တစ်ခုခုများဖြစ်လို့လား"
"😒😒"