2.11 (ပြီး)

338 29 4
                                    

<Unicode>
မင်ရန်ကျွမ်း ထွက်လာသူကိုကြည့်လိုက်သည်။အသက်က 23 ‌လောက်သာရှိသေးမည့်ပုံ ရုပ်ရည်ကတော့ အလွန်ချောသည်။ယန်ကျန်းတောက်နဲ့ သူ့ကိုမမှီပေမဲ့ပေါ့...

ယွင်မုန့်ကျင်းက

"ကျနော်မျိုးရှိပါတယ် အရှင်မင်းကြီး"

"မောင်မင်းသာ ဘုရင်ဖြစ်ခဲ့မယ်ဆိုရင် ပြည်သူတွေကိုဘယ်လိုလုပ်မလဲ ဟန်ရှန်းလန်လို ပြည်သူတွေကိုပြစ်ထားပြီး နယ်မြေလိုက်တိုးချဲ့မလား"

"ပြည်သူတွေကိုဘဲ ဂရုစိုက်သင့်ပါတယ် နယ်မြေမချဲ့ထွင်ဘဲ ကိုယ်တိုင်းပြည်ကိုဘဲ ပိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်မှာပါ"

"ကောင်းတယ် ငါကိုယ်တော်ရှာနေတာဒီလိုလူမျိုးဘဲ ဟန်တိုင်းပြည်က ပြည်သူတွေကိုကြေငြာလိုက် ဒီနေ့ကစပြီး ယွင်မုန့်ကျင်းက ဒီနေ့ကစပြီး ဟန်တိုင်းပြည်ကို ငါ့ကိုယ်စားအုပ်ချုပ်လိမ့်မယ် ပညာရှိအမတ်ကြီး ဘုရင့်တံဆိပ်တုံးကို ယွင်မုန့်ကျင်းကိုပေးလိုက်"

"ကောင်းပါပြီ အရှင်မင်းကြီး"

ပညာရှိအမတ်လည်း သူသိမ်းထားတဲ့ ဘုရင့်တံဆိပ်တုံးကို ဖွက်ထားရာကယူပြီး ယွင်မုန့်ကျင်းကို ပေးလိုက်သည်။

ယွင်မုန့်ကျင်းလည်း တံဆိပ်တုံးကို ရိုသေစွာယူပြီး

"ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ပါ့မယ်"

ဆိုပြီးပြောလိုက်သည်။မင်ရန်ကျွမ်းလည်း သဘောကျသလိုပြုံးလိုက်ပြီး

"ကဲ လိုအပ်ရင် ငါကိုယ်တော်ဆီလာခဲ့ ဒါမှမဟုတ်လည်း ယန်မင်းကြီးဆီအကူအညီလာတောင်းလို့ရတယ် ဒီနေ့ကစပြီး ဟန်တိုင်းပြည်က မင်တိုင်းပြည်ရဲ့ မိတ်ဖွဲ့တိုင်းပြည်ဖြစ်သွားပြီး ယွင်မုန့်ကျင်း အရင်ဟန်ရှန်းလန်လိုတော့မလုပ်မိစေနဲ့ မဟုတ်ရင် ငါကိုယ်တော်က မင်းကိုသက်ညှာပေးမှာမဟုတ်ဘူး"

"မင်မင်းကြီး စိတ်မပျက်စေရပါဘူး"

"အခုတော့ ကိုယ်တော်နဲ့ စစ်သည်တွေနားဖို့ ယွင်မင်းကြီးကဘဲ ပြင်ဆင်ပေးပါအုံး"

"ကောင်းပါပြီ မင်မင်းကြီး"

မင်ရန်ကျွမ်းနဲ့စစ်သည်တွေကလည်း ဟန်တိုင်းပြည်မှာ တစ်ပတ်လောက်နေထိုင်ပြီး ဟန်တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ ကူညီပေးခဲ့သည်။

အဆင်လေးကိုမြူဆွယ်မယ်Where stories live. Discover now