8.1(ယွန်း‌ဆောင်း)

29 3 0
                                    

Jimin နောက်ကမ္ဘာရောက်ချိန်တွင်သူရှေ့တွင် ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ထိုင်နေကြသည်။မိန်းမက

"ယွန်းဆောင်း ရှင်သာဒီိကွာရှင်းစာချုပ်မှာလက်မှတ်ထိုးလိုက်ရင် ရှင်ပိုက်ဆံလိုသလောက်ရမှာနော်"

ထိုမိန်းမရဲ့ပြောသံကြောင့် Jimin စိတ်ထဲကနေ

'ယူနီဇာတ်ကြောင်းဘယ်ရောက်နေပြီလဲ '

'ဇာတ်လိုက်ကွားရှင်းခွင့်တောင်းတဲ့ အချိန်ပါ'

'စောသေးတာဘဲ'

Jimin လူယုတ်မာအပြုံးပြုံးလိုက်ပြီး

'ယူနီဇာတ်လိုက်မှာ ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲ'

'၅ ဘီလီယံတော့ရှိပါတယ်'

'ဟဟ တွေ့ကြသေးတာပေါ့ ခြံခုန်နွားနဲ့စနိုက်ကြော်မ'

(Jimin ကို ယွန်းဆောင်းလို့စသုံးပါပြီ)

ယွန်းဆောင်းမျက်နှာငယ်နဲ့ လီဟန်းမူကို
ကြည့်လိုက်ပြီး

"ဟန်းမူ ခများကျနော်ကို တကယ်ကွာရှင်းချင်တာလားဟင်"

သူမျက်နှာငယ်နဲ့ မေးလိုက်ပေမဲ့ လီဟန်းမူက စိတ်ပျက်သလိုအပြုအမူသာပြလာတာ
ကြောင့် လီဟန်းမူက သူ့ကောင်ကြီး မဟုတ်မှန်း ယွန်းဆောင်းသိလိုက်သည်။သူ့ရဲ့ ၀မ်းနည်းနေတဲ့ မျက်နှာဟာ ချက်ချင်းပြန်တည်သွားပြီး

"ကောင်းပြီလေ ခများဘက်က ဒီလောက်တောင်ကွာရှင်းချင်နေမှတော့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ ဘယ်မှာလဲကွာရှင်းစာချုပ်"

"ဒီမှာ ငါလက်မှတ်ထိုးပြီးပြီ မင်းထိုးဖို့ဘဲကျန်တော့တယ်"

ယွန်းဆောင်းသူ့ရှေ့ ကျလာတဲ့ စာချုပ်ကိုယူပြီး

"လက်မှတ်မထိုးခင်မှတ်တမ်းအရင်တင်ရအောင်"

"ဘာမှတ်တမ်းလဲ"

"ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးရင်ကြိုက်သလောက်ပိုက်ဆံပမာဏရေးနိုင်ကြောင်းဆိုတာကိုလေ"

"မှတ်တမ်းတင်ချင်တာမလားအမြန်တင်ပြီးရင် ကွာရှင်းစာချုပ်မှာ လက်မှတ်အမြန်ထိုးပေးတော့"

အဆင်လေးကိုမြူဆွယ်မယ်Where stories live. Discover now