<Unicode>
ခြေသံတွေဟာ တံခါးဝနားရောက်လာပြီးနောက် ခဏရပ်တန့်သွားကာ တံခါးတွန်းဖွင့်သံကြားလိုက်ရသည်။ဟန်ချွန်းဟို ကြည့်လိုက်တော့ လက်သွယ်သွယ်လေးတွေကိုတွေ့လိုက်ရသည်။ထိုမှတစ်ဆင့် ခြေသလုံးဖွေးဖွေးတွေကိုတွေ့လိုက်ရသည်။
ထို့နောက် ၂၃ ရွယ်ကောင်လေးတစ်ယောက်ဝင်လာသည်။ဆေးရည်ပုလင်းကိုင်ပြီး ကြောက်ရပ်နေတဲ့သူ့ကိုတွေ့တော့ ကြောက်ရွံ့သွားဟန် တစ်စက်မှမပြဘဲ နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးပြလာသည်။
အပြုံးက ကြောက်ဖို့ကောင်းတာကြောင့် ဟန်ချွန်းဟို ဆေးပုလင်းကိုချပြီး စားပွဲခုံအောက်ဝင်ထိုင်လိုက်သည်။
လျှောက်လိုက်တိုင်း တွန့်လိမ်နေတဲ့ခန္ဓာကိုယ်ကြောင့် ဝင်ရတာအဆင်မပြေဖြစ်နေသည်။
'host ဘာလို့ဝင်ပုန်းနေတာလဲ'
'ငါမပုန်းရင် မင်းအဖေက ငါ့ကိုသတ်မှာပေါ့'
'host အဲ့ဒါ မင်ဘုံဆမ်ပါ host မြူဆွယ်ရမဲ့လူလေ'
'အီးဟီး ရုပ်ကလေးချောသလောက် သူ့အပြုံးက ကြောက်ဖို့ကောင်းတယ် တော်ပြီ ငါဒီကမ္ဘာကနေထွက်တော့မယ်'
'ထွက်လို့ရမယ်များထင်နေလား host '
'မထင်ဘူး😔😔'
'သူက host လင်ဘဲလေ နည်းနည်းမြူဆွယ်တာနဲ့ ပါချင်ပါလာမှာပေါ့'
'အင်းနော်'
အခုမှ အနည်းငယ်ကြောက်စိတ်ပြယ်သွားတာကြောင့် ခုံအောက်ကနေ ခေါင်းလေးပြူးထွက်ကာ မင်ဘုံဆမ်ကို ခိုးကြည့်လိုက်သည်။
ဒါပေမဲ့ တံခါးဝမှာမရှိတော့တာကြောင့် ခေါင်းနည်းနည်းထပ်ထွက်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေချိန် ရုတ်တရက် သူ့ရှေ့ပေါ်လာတဲ့မျက်နှာကြောင့်
"ဂီ ဂီ"
ဆိုပြီး အော်ကာ အထဲပြန်ဝင်လိုက်သည်။ဒါပေမဲ့ ခုံစောင်းနဲ့ရိုက်မိတာကြောင့် နာသွားသည်။
ကွေးကောက်နေတဲ့လက်နဲ့ ခေါင်းနောက်စေ့ကိုပွတ်နေချိန်
"မင်းက ဘာလေးလဲ"
ဆိုတဲ့ ဩရှရှနဲ့နားထောင်လို့ကောင်းတဲ့အသံဟာ ရှေ့ကထွက်လာသည်။အခု ဘုံမင်ဆမ်က ဒူးတစ်ဖက်ထောက်ပြီး ထိုပေါ် ညာလက်တင်ကာသူ့ကိုစိုက်ကြည့်နေသည်။