<Unicode>
အာလင် သူ့ကောင်လေးတစ်ခြားလူရဲ့ရင်ခွင်ထဲရောက်တော့မှာကိုတွေ့တော့ ထိုနေရာကိုလျှင်မြန်စွာပြေးသွားလိုက်ပြီး ကီရော့ကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ခေါင်းကို ခပ်ဖွဖွလေးပုတ်ကာ
"ကောင်လေးဘာဖြစ်သွားသေးလဲ အရမ်းလန့်သွားလား အဲ့ကြောင့်ပြောပါတယ် ကိုယ့်အနားဘဲနေပါလို့ တစ်ခြားသူတွေနဲ့လည်းစကားမပြောဘဲ ကိုယ့်ကိုဘဲပြောပါဆိုတာကို ပြီးတော့ ပြုံးရင်လည်းကိုယ့်ကြောင့်ဘဲပြုံးပါလို့ပြောတာကို နားမထောင်ဘူး အခုတော့ကြည့် ကိုယ့်စကားနားမထောင်တော့ ခလုတ်တိုက်ပြီမလား"
ကီရော့စကားတွေအများကြီးပြောပြီး သူ့ခေါင်းကိုပုတ်နေတဲ့ အာလင်ကို မော့ကြည့်လိုက်ကာ
"မင်းသားအာလင် ဘယ်ချိန်တုန်းက အဲ့လိုစကားတွေပြောလိုက်လို့လဲ"
"ခုနကလေ "
"ကျနော်ကဘာလို့ မင်းသားအာလင်ရဲ့စကားကို နားထောင်ရမှာလဲ ဘာမှလည်းမဆိုင်ကြဘဲနဲ့"
"အခုမဆိုင်ပေမဲ့နောက်ကြရင်တော့ ဆိုင်ချင်ဆိုင်လာမှာပေါ့ ကဲပါ ကိုယ့်စကားနားထောင်ပြီး ကိုယ့်အနားမှာဘဲနေ ရှုပ်ပါတယ် ကိုယ်မင်းရဲ့လက်ကိုအမြဲတွဲထားမယ် မလွှတ်တော့ဘူး"
"ကျနော် အလေးတွေအပေါ့တွေသွားချင်ရင်ရော"
"ကိုယ်ရှူရှူးလိုက်တည်ပေးမှာပေါ့"
"အရှက်ကိုမရှိဘူး"
"ဟာ ကောင်လေးမေးလို့ကိုယ်ဖြေရတာလေ"
"မေးတိုင်းဖြေစရာလား ဟာတော်ပြီလက်ကိုလွှတ်တော့ တခြားမင်းသားတွေတစ်မျိုးထင်ကုန်ကြမယ်"
"ထင်ပါစေပေါ့ "
ကီရော့လည်း စကားထပ်မများချင်တော့တာကြောင့် မြင်းရဲ့ဇာက်ကြိုးကို တစ်ဖက်ကကိုင်ပြီး နောက်တစ်ဖက်က အာလင်ရဲ့လက်ကိုတွဲထားကာ လျှောက်လာလိုက်သည်။
အာလင်ကလည်း ကီရော့နည်းတူပင်..နှစ်ယောက်သားရဲ့ကြားမှ စကားသံတွေမကြားရတော့ပေမဲ့လေထုကြီးက ထူးဆန်းစွာနွေးထွေးနေခဲ့သည်။