နေစက်အာဏာရန်

80 14 2
                                    

သတို့သားအတွက်သီးသန့်နားနေခန်းထဲတွင် လူတော်တော်စုံနေသည်။ မိတ်ကပ်ဆရာက သတို့သားမင်းသုတဥာဏ်ကို မိတ်ကပ်နည်းနည်းပါးပါးလိမ်းခြယ်ပေးနေသည်။

နေစက်အာဏာရန်သည် ဟိုတယ်ပြတင်းပေါက်ကနေ ခပ်လှမ်းလှမ်းသဲသောင်ပြင်ကို ငေးကြည့်မိသည်။ သဲသောင်ပြင်ပေါ်တွင်
ဖြူလွှသောပန်းပွင့်များ၊ နေရာထိုင်ခင်းများဖြင့် အလှဆင်ထားသောနေရာသည် ယခုကျင်းပမည့် ကိုဥာဏ်၏မင်္ဂလာပွဲဖြစ်သည်။

ကိုဥာဏ်က ထိတ်ထိတ်ကြဲလုပ်ငန်းရှင်
သတို့သမီးကလည်း နာမည်ကြီးမင်းသမီးပေမို့ သူတို့မင်္ဂလာပွဲက စည်ကားသည်ထက်ပိုသည်။ စီးပွားရေးလုပ်ငန်းရှင်များ၊
သတင်းမီဒီယာသမားများအပြင် အနုပညာရှင်များပါ ခြေချင်းလိမ်လျက်ရှိသည်။ ဟိုတယ်ကလည်း ကိုဥာဏ်တို့ပိုင်
သောဟိုတယ်မို့ ဧည့်သည်များကို ခမ်းနားစွာဧည့်ခံနိုင်အောင် စီစဥ်ထားသည်။

ကိုဥာဏ်တို့မင်္ဂလာပွဲကို လွန်ခဲ့သောတစ်ပတ်ကအီတလီမှာ ကျင်းပခဲ့သည်။ ထိုစဥ်ကပုံများပင် လိုင်းပေါ်မှာလူပြောများနေဆဲ။ အခုတစ်ခေါက်ကတော့ ကမ်းခြေမှာကျင်းပသည့် မင်္ဂလာပွဲပင်။ သတို့သမီး၏စိတ်တိုင်းကျ ကျင်းပချင်သောမင်္ဂလာပွဲများကို သတို့သားကိုဥာဏ်က အကောင်းဆုံးဖြည့်ဆည်းပေးနေခြင်းသာ။

Wedding ကို ဖေဖော်ဝါရီ ၁၄ရက်၊ ချစ်သူများနေ့မှာ လုပ်တာပဲကြည့်...

ချစ်ခြင်းတရားတွေထုံးလွှမ်းနေတဲ့နေ့မှာ ကောင်းချီးအပြည့်နဲ့ ပျော်ရွှင်စရာမင်္ဂလာပွဲ...

တကယ်အချစ်တွေပြည့်မပြည့်ကတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိမှာပေါ့။

နေစက်အာဏာရန်သည် ကိုဥာဏ်နှင့်အတူ ဟိုဟိုဒီဒီအကြောင်းအရာများစွာပြောဖြစ်သည်။ ကိုဥာဏ်ကသူ့ထက်၂နှစ်ခန့်သာကြီးပေမဲ့ သူကတော့အစ်ကိုတစ်ယောက်လိုသာ သဘောထားသည်။ နေစက်နှင့် နေစက်အစ်ကိုကြီး ကောင်းတည်အာဏာတို့ညီအစ်ကိုနှစ်ယောက်လုံးက ကိုဥာဏ်နှင့်သူငယ်ချင်းဖြစ်သည်။

ကိုဥာဏ်ကတည်ငြိမ်အေးဆေးပြီး အလုပ်လုပ်ရာမှာစေ့စပ်သေချာသည်။

The One At the Beach WeddingWhere stories live. Discover now