အပိုင်း (၃)

39 12 0
                                    

"သူများမြင်ရင် ရည်းစားဟောင်းမင်္ဂလာဆောင်မို့ ငိုတယ်ထင်နေတော့မှာပဲ "

မျက်လုံးများကျိန်းစပ်သည်အထိ အသည်းအသန်ငိုနေသော ရေချယ်မှာကြားလိုက်ရသောအသံကြောင့် နောက်လှည့်ကြည့်လိုက်သည်။

ကိုနေစက်အာဏာရန်...

ရေချယ်သည် ရှိုက်နေရင်းကြားထဲကနေ အသက်ဝဝရှုကာ မျက်ရည်များကိုသုတ်ပစ်လိုက်သည်။

"အာ...တကယ်ပဲ ရည်းစားဟောင်းဖြစ်နေတာပဲ"

ထိုလူက ရေချယ်ကိုကြည့်ပြီးမျက်နှာသေနှင့်ဆိုလာပြန်သည်။

"ရှင်ကဘာသိလို့လဲ"

ရေချယ်အသံကတိမ်ဝင်နေသည်။ သူမမျက်နှာပြင်က နီရဲလျက်။ မျက်လုံးများက ရေဖြင့်ဆေးချထားသည့်နှယ် စိုစွတ်ကာနီမြန်းနေသည်။

ဘယ်လောက်တောင်ငိုထားတာလဲ

"မင်းငိုတာကြည့်တာနဲ့တင် သိသာပါတယ် ဘယ်သူမဆိုခန့်မှန်းမိမှာပဲ"

"ဒီကိုဘာလာလုပ်တာလဲ"

ငိုနေတာအရှိန်ပျက်အောင် နှောက်ယှက်ခံလိုက်ရသည့်အပြင် မဆိုင်တာတွေပါလာပြောနေသဖြင့် ရေချယ်စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

နေစက်အာဏာရန်က ရေချယ့်ဆီကိုအိတ်တစ်ခုကမ်းပေးလာသည်။

"မင်းအိတ် မေ့ကျန်ခဲ့လို့"

"အဲတာကို ကျွန်မမန်နေဂျာအစ်မကို ပေးလိုက်ပါလား ဘာလို့ဒီအထိလိုက်လာတာလဲ"

"မင်းမန်နေဂျာကဘယ်သူမှန်း ကိုယ်ဘယ်လိုလုပ်သိမှာလဲ ပြီးတော့ဒီလောက်ရုပ်ပျက်ဆင်းပျက်ငိုနေမယ်မထင်လို့"

ရေချယ်သည် ထိုလူ့လက်ထဲကအိတ်ကိုပြန်ယူလိုက်သည်။

"အဲတာနဲ့များ ခုနကဘာမှမဖြစ်သလို ဟန်ဆောင်နေသေးတယ် ဟီးဟီးဟားဟားနဲ့ တလောကလုံးမှာအပျော်ဆုံးလူလိုမျိုး"

နေစက်စကားလုံးများက နားဝင်ချိုချင်စရာမပါပေ။ စိတ်အနှောင့်အယှက်ဖြစ်နေသည့်လူကို ပိုပြီးဒေါသထွက်အောင်လုပ်နေသလိုပင်။

"ဒါဆိုဘာလဲ ကျွန်မကရည်းစားဟောင်းမင်္ဂလာဆောင်ဆိုပြီး ပွဲခင်းထဲမှာငိုနေရမှာလား"

The One At the Beach WeddingWhere stories live. Discover now