အပိုင်း (၄)

34 12 0
                                    

နေစက်တွင် တင်အောင်မိုးဟုခေါ်သော ငယ်သူငယ်ချင်းတစ်ယောက်ရှိသည်။ ထိုသူငယ်ချင်းမှာ ပြဿနာမရှာရမနေနိုင်သူဟု ပြော၍ရသည်။ ငယ်စဥ်က ကျောင်းမှာမိဘရုံးခန်းခေါ်ရသည်အထိ ဆိုးပေခဲ့ပြီးကြီးလာသောအခါတွင်လည်း ရန်ဖြစ်ခြင်းနှင့် ပိုက်ဆံများမဟုတ်သောနေရာတွင် ဖြုန်းပစ်ရင်း မိဘများကိုပြဿနာဆက်ပေးသည်။

တင်အောင်မိုးသည် မိဘလုပ်ငန်းများကို အမွေဆက်ခံကာ အိမ်ထောင်ကျပြီးကောင်းမွန်စွာနေနေပေမဲ့ ဖျောက်မရသောဥာဥ်ဆိုးတစ်ခုက ကျန်နေသေးသည်။ ထိုအရာကမိန်းမရှုပ်ခြင်းပင်။ ဇနီးဖြစ်သူ မေသက်လွန်းဆွေမသိအောင် နောက်ကွယ်တွင်နည်းမျိုးစုံရှုပ်ပြီး ရှင်းမရတော့လျှင် နေစက်ကိုအပူကပ်တတ်သည်။

တင်အောင်မိုး ထိုကိစ္စနှင့်ပြဿနာတက်လျှင် နှစ်ဖက်အသိုင်းအဝိုင်း ဘယ်သူကမှ တင်အောင်မိုးဘက်ကမပါ။ တင်အောင်မိုးမှာ အားကိုးစရာ နေစက်အပြင်မရှိ။

နေစက် စင်ကာပူမှာ ၂နှစ်လောက်နေစဥ်ကတော့ တင်အောင်မိုးတို့ကညားခါစလင်မယားတွေမို့ ပြဿနာမရှိခဲ့။ တင်အောင်မိုးက ထိုစဥ်ကသူ့မိန်းမကို အလွန်တရာချစ်သည်။ ခေါင်းပေါ်အမှန်တကယ်တက်နေချင်လျှင်ပင် ခွင့်ပြုသည်ဟူသော ပုံစံမျိုး။ တင်အောင်မိုးမိဘတွေကတော့ သူတို့သားလေး အခြေကျတည်ငြိမ်သွားရှာပြီဆိုပြီး ပျော်နေခဲ့ကြတာ။

အခုလည်း ထိုပွေရှုပ်သောကိစ္စဖြင့် ပြဿနာတက်တာမို့ နေစက်ကိုအကူအညီတောင်းနေသည်။

နေစက်အာဏာရန်သည် တင်အောင်မိုးကိုခွေးကောင်ချင်းထပ်အောင်ခေါ်၍ ကျိန်ဆဲပေမဲ့ ကူညီမိဆဲပင်။ တင်အောင်မိုးက နေစက်၏ငယ်သူငယ်ချင်းဖြစ်သည့်အပြင် အချစ်ဆုံးသူငယ်ချင်းပါ ဖြစ်နေတာမို့။

အခုဖြစ်သောပြဿနာမှာ မေသက်လွန်းဆွေက တင်အောင်မိုး၏ အငယ်အနှောင်းကိုထားသောတိုက်ခန်းကိုသွား၍ ပြဿနာရှာခြင်းကနေ မတော်တဆဖြစ်ကြခြင်းပင်။ တင်အောင်မိုး၏ ကောင်မလေးက မေသက်လွန်းဆွေကြောင့် နဖူးကွဲသွားသည်။ မတော်တဆဖြစ်သွားခြင်းဖြစ်ပြီး နေစက်ကို ဆေးခန်းကူပြပေးရန် အကူအညီတောင်းခြင်းဖြစ်သည်။

The One At the Beach WeddingWhere stories live. Discover now