အပိုင်း (၁)

55 12 0
                                    

ရေချယ်သည် ပွဲခင်းထဲဝင်လာပြီးသည်နှင့် အသိမိတ်ဆွေများအားလုံးကို လိုက်လံနှုတ်ဆက်လိုက်သည်။

သူမသည် တစ်ရက်စောလာခြင်းမဟုတ်ဘဲ ပွဲလုပ်မည့်နေ့မှကားစီးပြီးလာတာမို့ ရောက်တာနှင့်ခဏပဲနားပြီး ပြင်ဆင်ကာထွက်လာရခြင်းပင်။

ဝတ်ကျေတမ်းကျေ ဟန်ပြလောက်သာလာတာမို့ သူမမျက်နှာပြရုံတင်ရပြီ...
တစ်ခါတလေကျ လူမှုရေးသိတတ်ရတာတွေက စိတ်ပျက်စရာကောင်းလွန်းတယ်..
ဒါပေမဲ့ သူမဘာတတ်နိုင်မှာလဲ။

ရေချယ်သည် မင်္ဂလာမောင်နှံနှစ်ယောက်အတွက် ဂုဏ်ပြုစကားပြောလိုက်သည်။

"သိပ်လှတာပဲခင်ရယ်..."

ရေချယ့်စကားနှင့်အပြုံးများတွင် ဟန်ဆောင်လိမ်ညာခြင်းများမပါ။ အမြင်ရှင်းရှင်းနှင့် ကျက်သရေရှိအောင်ဖန်တီးထားသော အဖြူရောင်ဝတ်စုံသည် ပိုးယုယခင်ဝတ်လိုက်မှ ပိုလှပသွားသည်ဟု ပြော၍ရသည်။

"ရေချယ်ရွေးပေးတဲ့ဒီဇိုင်းပဲလေ တကယ်လှတယ်"

"အဲတုန်းက ခေါင်းအရမ်းစားတာပါဆို ပို့လိုက်တဲ့ဓာတ်ပုံတွေကအကုန်လှနေတာလေ ခင့်အတွက်ဘာရွေးပေးရမလဲဆိုတာတောင် မသိတော့ဘူး"

"ဟုတ်တယ် ခင်ကိုယ်တိုင်လဲ မရွေးတတ်တော့လို့ ရေချယ့်ကိုအပူကပ်ရတော့တာပဲ"

ပိုးယုယခင်သည် ရေချယ်အပေါ့်မည်သည့်စိတ်မှမထားကြောင်းကို အပြုအမူမျိုးစုံနှင့်သက်သေပြတတ်သည်။ ရေချယ်သည်လည်း စိတ်နှလုံးအားလုံးရှင်းလင်းသွားပြီဖြစ်ကြောင်းကို ဖော်ပြရတော့သည်။

"ရေချယ်လဲ ဒီနေ့အရမ်းလှတာပဲ"

တကယ်တော့ ယနေ့ရေချယ်ဝတ်လာသောဝတ်စုံက အလွန်အင်မတန်ရိုးရှင်းသည်။ စိမ်းပြာအဖျော့ရောင်တစ်ကိုင်းကြိုးဂါဝန်ပေါ်တွင် တခြားဘာဒီဇိုင်းလက်ရာမှမပါ ပြောင်သက်သက်။ လက်ဝတ်ရတနာများလည်း မဝတ်ဆင်ထားပေ။ သို့ပေမဲ့ အရောင်နှင့်ဒီဇိုင်းကတော့ ကမ်းခြေမင်္ဂလာပွဲနှင့် လိုက်ဖက်ညီသည်။

"အီတလီတုန်းကပွဲကိုလဲ လာသင့်တယ်...ပန်းဥယျာဥ်ထဲမှာလုပ်တာလေ တအားကိုလှတာ အမှန်ဆိုရေချယ့်ကိုသတိုးသမီးအရန်ဖြစ်စေချင်တာ ခင်အဲတာကိုအခုထိစိတ်မကောင်းဘူး"

The One At the Beach WeddingWo Geschichten leben. Entdecke jetzt