အပိုင်း (၇)

50 11 0
                                    

ရေချယ်လိုချင်သော ပန်းခြံနားနီးသည့်
ကွန်ဒိုသည် စကားပြောထားပြီးမှပိုင်ရှင်ကတခြားသူကို ငှားရမ်းလိုက်သည်။ သဘောကျပြီးနေချင်တာမို့ မျက်စိရှေ့တွင်အခွင့်အရေးလက်လွှတ်လိုက်ရသည့်အခါ ရေချယ့်မှာမကျေမနပ်ဖြစ်ကျန်ခဲ့သည်။

ရေချယ်သည် တိုက်ခန်းကောင်းကောင်းတစ်လုံးဝယ်ယူနိုင်ရန်အတွက် ငွေလုံလောက်သော်လည်း မနှစ်ကစီးပွားရေးလုပ်ငန်းတစ်ခုထဲထည့်လိုက်ရာ ထိုငွေမှာအလိမ်ခံလိုက်ရသည်။ ရေချယ်သည် လောကဓံ၏လှည့်စားခြင်းအတွက် တတ်နိုင်တာမရှိ။ ကွန်ဒိုကောင်းကောင်းတစ်ခုဝယ်ဖို့အတွက် ငွေထပ်စုရန်သာရှိသည်။ ထိုသို့စပ်ကြားတွင် အဆင့်အတန်းမြင့်ပြီးကောင်းမွန်သောနေရာမှာ တစ်နှစ်လောက်ငှားနေရန် အကြံရခြင်းပင်။

ရေချယ်သည် အကောင်းကြိုက်သူဖြစ်သည်။ နေရာကောင်းအိမ်ကောင်းတွင် ဇိမ်ကျကျနေလိုသည်။ နေ့စဥ်vlogများကို သန့်ရှင်းသပ်ရပ်ပြီးခေတ်မီသော အိမ်မှာနေထိုင်ရင်းရိုက်ချင်သည်။ ရေချယ်ပိုက်ဆံရှာရခြင်းအကြောင်းကလည်း ဘဝကိုသက်သောင့်သက်သာနေနိုင်စေရန် ဖြစ်သည်။

လိုချင်သောကွန်ဒိုကိုလက်လွှတ်လိုက်ရပေမဲ့ သူမသည် မမျှော်လင့်ထားဘဲ ဗီလာတစ်ခုကိုငှားလို့ရသွားခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့က ရေချယ်သည် အိမ်ရာစီမံကိန်းတစ်ခုစတင်မိတ်ဆက်ပွဲမှာ MCလုပ်နေခဲ့ခြင်းဖြစ်သည်။ ပေ၄၀ ၆၀ကျယ်ဝန်းသောထိုသီးသန့်ဗီလာများရှိရာ ဝန်းအတွင်းတွင် ကျယ်ဝန်းသောကွန်ကရစ်လမ်းများ ထည့်သွင်းထားပြီး လုံခြုံရေးစနစ်ကိုလည်း မြှင့်တင်ထားသည်။ ရေချယ်သည် နောက်တစ်နှစ်ထိုဗီလာများစတင်ရောင်းချချိန်တွင် တစ်နေရာလောက်ဝယ်ယူဖို့ ဆုံးဖြတ်မိသေးသည်။ သူမအခြေအနေနှင့်ကွက်တိပင်။

ထိုပွဲအပြီးအပြန်မှာ အစ်မသော်သော်က
ဗီလာတစ်ခုနှင့်မိတ်ဆက်ပေးလာသည်။

အစ်မသော်သော်၏ ယောက်ျားဘက်မှပါသောသားအကြီးဖြစ်သူ၏ ဗီလာဖြစ်ပြီး မနေဖြစ်ဘဲပိုနေတာမို့ လူအငှားတင်ပြီးထိန်းသိမ်းစေလိုကြောင်း ပြောပြလာသည်။ နေစရာရှာနေသော ရေချယ်အတွက်ရေကန်အသင့်အကြာအသင့်ပင်။

You've reached the end of published parts.

⏰ Last updated: Apr 09 ⏰

Add this story to your Library to get notified about new parts!

The One At the Beach WeddingWhere stories live. Discover now