အပိုင်း (၅)

44 11 0
                                    

လေးထောင့်ပုံစံထမင်းစားပွဲ၏ ညာဘက်တွင်ကောင်းတည်အာဏာနှင့် နေစက်အာဏာရန်တို့ ထိုင်နေကြသည်။ သူတို့၏ရှေ့တွင် ပန်းကန်နှင့်ရေဖန်ခွက်အလွတ်များ အစုံလိုက်ချ‌ထားသည်။
ညစာစားဖို့အတွက် သူတို့အဖေ ဦးထက်မြက်လူကိုစောင့်နေကြခြင်းဖြစ်သည်။

အစ်ကိုကောင်းတည်နှင့်နေစက်က ဘေးချင်းကပ်ရပ်ထိုင်နေခြင်း ဖြစ်သည်။

သူ၏အစ်ကိုသည် ငယ်စဥ်ကတက်ကြွနွေးထွေးသောသူဖြစ်ပေမဲ့ အသက်ကြီးလာလေ ပိုပြီးငြိမ်ဆိမ်လာလေဖြစ်လေရာ သူတို့ညီအစ်ကိုနှစ်ယောက်မှာ သိပ်ပြီးအစေးမကပ်မိတော့ပေ။ သို့ပေမဲ့ သူတို့ညီအစ်ကိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီနေဆဲပင်။

"ကိစ္စတွေသေချာလေးအဆင်ပြေသွားပြီလား"

နေစက်သည် ဘေးမှာရှိသည့် အစ်ကို့ကိုလှမ်းမေးလိုက်သည်။ အစ်ကိုအလုပ်တွေကို သူထဲထဲဝင်ဝင်မကူညီနိုင်ပေမဲ့ ပြဿနာဖြစ်နေလျှင်တော့ သူစိတ်ပါဝင်စားစွာမေးတတ်သည်။ အနည်းဆုံးတော့ နှစ်သိမ့်နိုင်အောင်ပင်။

"အရှုပ်တွေကိုတော့ သေချာရှင်းလိုက်ပါတယ်...စိတ်ပျက်စရာတွေကတော့ ရှင်းဖို့ကျန်နေသေးတယ်"

နေစက်သည် သူ့အစ်ကိုစကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူ့အစ်ကိုမှာ ဖခင်၏လက်အောက်တွင်ဆက်ခံသူအနေနှင့်အလုပ်လုပ်နေရတာမို့ သူ့လိုမဟုတ်ဘဲ ဖိအားတွေအများကြီးထမ်းနေရသည်။

"မင်းလဲ အဲလိုတွေမေးမနေဘဲ ငါ့ကိုလာကူညီလိုက်ပါလား...မဟုတ်လျှင်လဲ တာဝန်တွေကိုတစ်ဝက်ခွဲယူတာပဲဲဖြစ်ဖြစ်..."

"မလုပ်ချင်ဘူး ကျွန်တော်က ကိုယ်လုပ်ချင်တာပဲလုပ်မှာ"

"တစ်ကိုယ်ကောင်းဆန်တာပဲ...ငါ့ကိုတော့တစ်ယောက်တည်းအကုန်တာဝန်ခံခိုင်းပြီး"

"အစ်ကိုကလဲဗျာ"

အစ်ကိုကောင်းတည်၏ လက်မောင်းကိုသူလက်သီးဖြင့် ခပ်ဖွဖွထိုးလိုက်သည်။ အစ်ကိုကောင်းတည်က သူ့အပြုအမူကြောင့် ခပ်သာသာရယ်လေသည်။

"နေစက်...မင်းရော ကိစ္စတွေအဆင်ပြေရဲ့လား"

"စီးပွားရေးနဲ့လုပ်ငန်းကိစ္စဆိုရင်တော့ အဆင်ပြေပါတယ်"

The One At the Beach WeddingWhere stories live. Discover now