အပိုင်း ၂

3.6K 117 0
                                    

ဒေါ်မြ​မြနှင်းခေါင်းပေါ်မှ ခမောက်အား စားပွဲပေါ်တင်၍ ဦးချစ်ကိုငှဲ့ထားသော ရေနွေးကြမ်းခွက်အား ကောက်သောက်လိုက်လေသည်။အညာနွေက ညနေစောင်းထိ အရှိန်မသေသေး။ဒေါ်မြမြနှင်း နှင့်ဦးချစ်ကိုတို့အ​​​နောက်ဘက် ထနောင်းပင်ရွာမှ ပြန်လာခြင်းဖြစ်သည်။

အမျိုးသားချင်း ခိုးပြေးသည်ဆိုသော ရွှေကျီး သတင်းက ရွာနီးချုပ်စပ်တွင် နံမည်ကြီးလေသည်။
မျိုးတူခြင်း ရည်ငံသည်မှာ မကြားဖူးသည်မဟုတ်သော်ငြား တရားဝင် လူသိရှင်ကြား ပေါင်းသင်းသည်မှာ မရှိခဲ့ဘူးသောကြောင့် ယခုကဲ့သို့ တရားဝင် လက်ဆက်ပေါင်းသင်းမည်ဆိုတော့ အထူးဆန်းဖြစ်ရလေသည်။​
ရွှေကျီးမှာအမေတစ်ခု သားတစ်ခု ဖြစ်သော်လည်း ရိုးသား ကြိုးစားသောကြောင့် သမီးရှင်များ မျက်စိကျနေသူ​​ ဖြစ်သည်။

သို့သော် ​သူကမူ မိမိနှင့်ကလေးကတည်းက ကစားဖော်ကစားဖက် ယောကျ်ားလေးတစ်ယောက်အား ချစ်ခင်နှစ်သက် ပါသတဲ့။
သံယောဇဥ်ပဲဆိုဆို မေတ္တာပဲပြောပြော သူတို့နှစ်ဦးကတော့ တစ်ဦးနှင့်တစ်ဦး တရားဝင်ပိုင်ဆိုင်ချင်သည်။

ဤသို့ဖြင့် ယခု အခြေအနေဖြစ်လာရခြင်း။မိဘများမှာလည်း ဖြစ်သမျှအကြောင်းအကောင်းဟုသာ သဘောထားလိုက်ရာ ယနေ့လက်ဆက်ပွဲပြုလုပ်ခြင်းပင်ဖြစ်သည်။
လက်ဆက်ပွဲဆိုရာ၌ အကြီးကျယ်မဟုတ်ဘဲ နှစ်ဖက်မိဘ နှင့် ရပ်ရွာလူကြီးအနည်းငယ် အပါအဝင် ဆွေမျိုးနီးစပ်များအား ဧည့်ခံကျွေးမွေးခြင်းဖြစ်၏။

ဒေါ်မြမြနှင်း တန်းလျား၌ ဝင်ထိုင်ရင်း ဘေးဘီ ဝဲယာအား လှည့်ကြည့်လိုက်သေးသည်။ထို့နောက် ဘေး၌ ထိုင်နေသူ ဦးချစ်ကိုအား လက်တို့၍

"ကိုကိုချစ် တော့်သားပြန်မရောက်သေးဘူးလား "

"သြော် နှင်းရယ် အခုမှ အတူတူပြန်လာတာကိုကွယ် ကိုကိုချစ်လည်း ဘယ်သိမတုန်း နှင်းသားက ဘယ်နေ့တုန်းကများ အိမ်ကိုကပ်ဖူးလို့လဲ မသိရင် အိမ်စောင့်နတ်နဲ့ ရည်းစားလုဖက်အတိုင်းပဲ ပူမနေပါနဲ့ နှင်းသားက ကလေးမဟုတ်တော့ပါဘူး အချိန်တန်ပြန်လာမှာပေါ့ အိမ်ပြန်လမ်းတော့သိလောက်မှာပါ"

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now