အပိုင်း ၁၂

2.6K 96 2
                                    

"သူကြီး ဒီနှစ်သင်္ကြန်ကော အရင်နှစ်တွေလိုပဲမလား"

"အေး ထွေထွေထူးထူးလုပ်မနေတော့ပါဘူးကွာ အရင်နှစ်တွေလို ရွာလယ်မှာမဏ္ဍပ်ထိုးပြီး ရေကစားကြပေါ့ စတုဒိသာကတော့ တစ်ရွာလုံးအလှူခံပြီး မင်းတို့ကာလသားတွေ လုပ်အားပေးကြ ညဘက်ပိုင်းလည်း "က"ချင်တဲ့သူ"က" "ဆို"ချင်တဲ့သူ"ဆို"ပေါ့ အရေးကြီးတာက အရက်သေစာမသောက်စားဖို့နဲ့ ရန်မဖြစ်ကြဖို့ပါဘဲ"

"အဲ့တာကတော့ စိတ်ချသူကြီးရေ အမြဲသောက်နေကျ ကျွန်တော်တို့အဖွဲ့တောင် သင်္ကြန်ရောက်တိုင်း ဥပုသ် စောင့်နေကျ
ပြီးတော့ ခုရက်ပိုင်း သူကြီးသား လိမ္မာနေလွန်းလို့ ထန်းတောတောင် လမ်းမေ့နေပြီ"

ငပွေးကပြောရင်း သူတို့နှစ်ယောက်ကို မျက်စောင်းထိုးသည်။သူ့လူခြေထောက် ငုတ်ထိုးမိကတည်းက ဘယ်မှမသွားဖြစ်တာ တစ်ပါတ်ပြည့်တော့မည်။ဒဏ်ရာက မကြီးသော်လည်း သူကမှစိတ်မချတာ။လျှောက်သွားလို့ အနာထဲဖုန်တွေဝင်သွားရင် ဘယ်လိုလုပ်မလဲ။အဲ့တော့ အမာရွတ်ပါပျောက်မှ အပြင်လိုက်ပို့မည်ဟုပြောရသည််။

ဒီနေ့ မနက်စောစောထ၍ တောင်ရိုးသို့သွားကာ သူ့အတွက်အင်ကြင်းပန်းတွေ ခူးလာပေးဖြစ်သည်။လူကိုတော့မခေါ်တော့ ဟိုတစ်နေ့ကလို ခိုက်မိရင် သူပဲရင်ကျိုးရမှာ။မလိုက်ရလို့ စိတ်ဆိုးချင်နေသူကို သရက်သီးသုပ်ကျွေးတော့ စိတ်ပြေသွားတာချက်ချင်း။

မနက်စောစောရေချိုးပြီး သနပ်ခါးလိမ်းထားသောကြောင့် ဖြူဖြူနုနုပါးပြင်ပေါ် ရှင်မတောင်စစ်စစ်က ဝါဝါဝင်းဝင်း။အနံ့​​လေးက ပျံ့ပျံ့သင်းသင်း။သူ မလိမ်းတတ်လို့ အမေ့ကိုလိမ်းခိုင်းသတဲ့။အမေတို့က အဲ့တာကြောင့် သဲကဲနေတာ ကလေးဆိုတာ ပါးစပ်ကမချ။သားဖြစ်သူက ကြမ်းတမ်းပြီးဆိုးပေနေကာနူးနူးညံ့ညံ့ ချွဲချွဲသဲသဲ အလိမ္မာတုံးလေးနဲ့ တွေ့တော့ အလိုလိုက်ပြီးတုန်နေတာပေါ့။တစ်ခါတလေ သူ့သားထက်အကြီးဆိုတာများမေ့နေတဲ့အထိ။

ဒီနေ့လည်း အိမ်မှာလူစုံသည်။သူကြီးတို့ လင်မယားကလည်း ဘယ်မှမသွားသည့်အပြင် ကြီးစိန်တို့ တစ်မိသားစုလုံးရောက်နေခြင်း။ကြီးလှရီကတော့ သူ့တူဆီနေ့တိုင်းလာလည်နေကျ။လူကြီးတွေ လက်ဖက်သုပ်စားကာ စကားလက်ဆုံကြနေချိန် သူတို့လူငယ်တစ်စုက သရက်သီးသုပ်စားရင်း နားထောင်ဖြစ်သည်။

သူကြီးသားကဆိုးလိုက်တာ(Complete )حيث تعيش القصص. اكتشف الآن