ဇာတ်သိမ်းပိုင်း

3.7K 102 5
                                    


"တော်ပြီလေ"

"နည်းနည်းလေးပဲကျန်တော့တာ ငြိမ်ငြိမ်နေပါအစ်ကိုရာ"

"မင်းဟာကချွဲစိစိနဲ့အေးအေးကြီးလို့"

"ခဏလေးပဲ ပြီးရင်ရေချိုးပေးမယ်"

ကုတင်ပေါ်ထိုင်နေသော အစ်ကို့အား ရှားစောင်းလက်ပတ်လိမ်းပေးနေခြင်း။သူနှင့်ရပြီးမှ အသားညိုသွားသည်ဆိုသော စကားတွေကြားပြီး သူနှစ်ရက်တောင် ထမင်းစားမဝင်။ထို့ကြောင့် အမေခြံထဲစိုက်ထားသည့် ရှားစောင်းပင်က နေလောင်ပျောက်သည်ဆိုတာ သိရသည်နှင့် အဖတ်ကြီးနှစ်ဖတ်ပြေးချိုးကာ အစ်ကို့အား လိမ်းပေးနေခြင်း။

"ငါ့အသားအဲ့လောက်လည်းမညိုပါဘူးကွာ ညိုသွားလည်းဘာဖြစ်လဲ ယောကျ်ားလေးပဲဟာ ရွာထဲကမိန်းကလေးတွေတောင် ငါလောက်အသားမဖြူဘူး ဘာတွေစိုးရိမ်နေတာလဲမောင်ရာ"

"မရဘူးဗျ အစ်ကို့ကို အရင်ကထက်မသာရင်တောင် အရင်ကလိုထားချင်တာ ကျွန်တော်ကအစ်ကို့ကို တအားချစ်တာ နေပြောက်လေးတောင် ထိုးစေချင်တာမဟုတ်ဘူး တော်ပြီနောက်ဆို ချောင်းထဲမသွားရတော့ဘူး အမေတို့နဲ့လည်း ယာခင်းထဲလိုက်လိုက်မသွားနဲ့ ကျောင်းပိတ်ရက်ကို အိမ်မှာပဲ စာဖတ်နေ"

လိမ်းပေးခြင်းအားလက်စသတ်ကာ လက်ကိုပုဆိုးနှင့်သုတ်လိုက်သည်။

"မောင်ကလည်း ငါကလျှောက်သွားရတာပျော်လို့ဟာကို ငါအသားမည်းသွားတော့ မောင်ကမချစ်တော့ဘူးလားပြော"

"ဘာမှမဆိုင်တာဗျာ အစ်ကို့ဘာသာမဲကာမကလို့ မီးသွေးခဲပဲဖြစ်သွားသွား ကျွန်တော်ချစ်တာနဲ့ဆိုင်မနေဘူး ကျွန်တော်က အစ်ကို့မိုလို့ချစ်တာပါဗျာ ချစ်သဝဏ်လွှာဆိုတဲ့ အစ်ကိုဖြစ်နေလို့"

"စကားတတ်တိုင်း​လျှောက်ပြောပြန်ပြီ ငါဘာဖြစ်ဖြစ်ချစ်တယ်ဆိုရင် ငါပျော်အောင်ထားရမှာမဟုတ်ဘူးလား ငါကလွတ်လွတ်လပ်လပ်နေရတာ သဘောကျတာပါဆို"

"သဘောပါဗျာ အဲ့လိုဆိုတော့လည်း ကျွန်တော်ကပဲ ရှားစောင်းနေ့တိုင်းလိမ်းပေးတော့မယ် ဟုတ်ပြီလား"

"ငါအသားမညိုစေချင်ရင် မင်းလုပ်လို့ရတာတစ်ခုရှိတယ်"

"ဘာလဲ"

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now