အပိုင်း ၂၃

2.6K 77 2
                                    

"မောင် ခေါင်းပေါ်ကတစ်လုံး"

"ဒါလား"

"အွန်း"

"ရပြီ တော်ပြီလားအစ်ကို "

"တော်ပြီ တအားများနေပြီ ဆင်းခဲ့တော့"

သူတို့နှစ်ယောက် သူများယာခင်းစိုက်တဲ့ဆီလိုက်ပြီး အခင်းဘေးကမာလကာသီးတက်ခူးနေခြင်း။ဒီနေ့ကျောင်းပိတ်ရက်လည်းဖြစ် ရာသီဥတုလည်းသာယာသဖြင့် သူ့လူလေးရောက်ဖူးချင်သော အဖေပိုင်သည့်ယာခင်းတွေဆီခေါ်သွားဖြစ်သည်။

ယာခင်းတွေကကိုယ်တိုင်မလုပ်ဘဲ ရွာထဲကမပြေလည်သူတစ်ချို့ကို သီးနှံပေါ်ချိန်တစ်ဝက်နှုန်းဖြင့် လုပ်ကိုင်ခိုင်းခြင်း။မျိုးစေ့ကိုတော့ အိမ်ကပဲ စိုက်ပေးလေသည်။ယခုနှစ်မိုးဦးကိုတော့ မြေပဲနှင့်နှမ်းကိုသာအဓိကထားလေသည်။သူတို့ယာခင်းတွေက အကွက်ကောင်းတွေဖြစ်သည့်အတွက် နှစ်တိုင်းထွက်နှုန်းမြင့်သည်။

နေကြာတွေလည်းစိုက်ထားသည် အစ်ကိုကြိုက်သည်ဆို၍။သူကတော့ နေကြာစေ့လှော်ပဲကြိုက်သည်။အဆင်ပြေပါတယ် အပွင့်ပေါ်ချိန် အစ်ကို့ကိုနေ့တိုင်းလိုက်ပြမည်။ခြောက်သွားလျှင် လှော်စားကြမည်။တစ်ချက်ခုတ် နှစ်ချက်ပြတ်။

မာလကာသီးအိတ်လေးလွယ်ကာ အောက်ရောက်တော့ သူ့လူလေးက တန်းလူနားကပ်သည်။အနီးအနားဆီ လူမမြင်မိတော့ သိမ်းကြုံးဖက်ကာ ပါးပြင်လေးဆီ နှာခေါင်းအပ်ပစ်သည်။

"မွှေးလိုက်တာဗျာ"

"လူတွေရှိတယ်လေ"

ဘေးဘီကြည့်လို့ရှက်နေသူက လက်မောင်းအားဖတ်ကနဲရိုက်သည်။

"ဘယ်သူမှမမြင်ပါဘူးဗျာ လာနောက်တစ်ဖက်"

ပြောရင်း ကျန်သည့်ပါးပြင်လေးအား ရွှတ်ကနဲထပ်နမ်းပစ်သည်။

"မောင့်"

စောင့်စောင့်အောင့်အောင့်လေးခေါ်ပြီး မျက်စောင်းထိုးလိုက်ပုံက သူ့အားပိုအသည်းယားစေတာ မသိလေရော့သလား။

"စတာ ချစ်လို့ လာအမေတို့ဆီသွားရအောင်"

လက်ကလေးတွဲခေါ်တော့ မာလကာသီးအိတ်ဆီလက်တစ်ဖက်က လှမ်းနှိုက်နေသေးသည်။

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now