အပိုင်း ၁၇

2.2K 85 2
                                    

"ဟိုကောင် အခုကော ဘယ်ထွက်မလို့တုန်း"

"ကြီးလှအိမ်သွားမလို့"

"ဟ ဟိုကသွားတာနာရီဝက်မရှိသေးဘူး သူ့အမျိုးအိမ်သူသွားတာ ဘာလို့လိုက်ခေါ်ချင်နေတာတုန်း"

"ဦးကိုကိုချစ်ကလည်း နေကတအားပူနေပြီ
ကြီးလှအိမ်က ကျဥ်းကျဥ်းလေးရယ် သစ်ရိပ်ကောင်းကောင်းလည်း ရှိတာမဟုတ်ဘူး အစ်ကိုက အပူဒဏ်မခံနိုင်ဘူးဗျ သွားခေါ်ပြီး သနပ်ခါးလိမ်းပေးမှရမှာပါဗျာ"

"မင်း တော်ရုံပဲကောင်းတယ် မတွေ့ခင်တုန်းကဖြင့် ဖင်ကြီးခေါင်းကျယ်နဲ့ ယောကျ်ားတစ်ယောက်ကို ကြိုက်မိရင် ကိုယ်တုံးလုံးချွတ်ပြီးရွာကိုပတ်ပြေးမှာကော ဘာကော ခုများဖြင့်ကွာ တစ်ရွာလုံးရှေ့တောင် သီချင်းဆိုပြီး ဖွင့်ပြောပါသတဲ့ ငါ့အံ့သြောလွန်းလို့ "

"အဲ့တော့ဘာဖြစ်တုန်း ဦးကိုကိုချစ်တုန်းကလို  လော်နဲ့တစ်ရွာလုံးကြားအောင် အော်ပြောနေတာလဲမဟုတ် ဘယ့်နှယ်ဗျာ အိမ်ခေါင်မိုးပေါ်ထိတက်ပြီး လော်နဲ့အော် အဖြေတောင်းသတဲ့ ထိပ်ပေါက်တာတောင်နည်းသေး"

"ဟိတ်ကောင် ဘူဘူချင်း "တစ် "လုပ်မနေနဲ့ ငါကမွေးလို့ ငါ့စရိုက်ပါလာတဲ့ကောင်ကများ
မင်းအပြောကြီးထားသလို အကုန်ချွတ်ပြီး ရွာတစ်ပတ်ပြေးလိုက်စမ်းပါ မင်းယောကျ်ားမဟုတ်ဘူးလား"

"ကျွန်တော်ကပြေးရဲတယ်ဗျ ဦးကိုကိုချစ်မျက်နှာကြည့်နေလို့ တော်ကြာ သူကြီးသားက ရွာတစ်ပတ်လှည့်ပြီး မောင်းထုနေတယ်ဆိုပြီးနံမည်ကြီးနေ မှာဆိုးလို့"

"ဟိတ်ကောင် မင်းဘာသာ မောင်းပဲထုထု ခေါင်းလောင်းပဲထိုးထိုး စိတ်မဝင်စားဘူး လုပ်သာလုပ်လိုက်စမ်းပါ"

"ကျွန်တော့်လူ သဘောတူရင်လုပ်မယ်ဗျာ ဟုတ်ပြီလား အခုတော့ အရင်သွားခေါ်အုံးမယ် စကားများနေတာနဲ့ အချိန်တွေပုပ်တယ်"

ပြောပြီး တလွှားလွှားထွက်သွားသူက ခြံဝတန်းရောက်သွားပြီ။မသိရင်သူ့ဟာလေးနဲ့ တစ်နှစ်လောက် ခွဲနေရသလို။

"မျက်စိတွေကို နောက်နေတာပဲကွာ"

...........

"ဟဲ့ ဘာရှာနေတာတုန်း"

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now