အပိုင်း ၄

3.2K 139 2
                                    

နွေနေက ပူပြင်းလှသည်။တိုက်ခတ်သည့်လေတောင် အပူငွေ့တရိပ်ရိပ်နှင့်။ရွာဦးစေတီရှိ ဆည်းလည်းသံတချွင်ချွင်က စိတ်ငြိမ်းချမ်း​စေသည့် တေးသံသဖွယ် လေနှင်ရာပျံ့လွင့်လို့နေ၏။
တစ်ချက်ချက် တောပန်းရနံတို့ကလည်း လေရူးနှင့်လွင့်ပျံလာတတ်သေးသည်။ဤသို့ သာယာသောနေ့လည်ခင်းအချိန်၌ မသာယာနိုင်သူတို့လည်းရှိကြသေးသည်။

သူကြီးအိမ်ရှေ့ မန်းကျည်းပင်ရိပ်၌ ကတုံးဆံတောက်ကေနှင့် အမျိုးသားလေးဦးမှာ ထိပ်တုံးတပ်လျှက် အပူဒဏ်အားခံစားနေရပေသည်။သူတို့မှာ အခြားမဟုတ် သူကြီးသားတော်မောင်နှင့် အပေါင်းပါ သုံးယောက်​​ ဖြစ်လေသည်။ဟုတ်သည် ကတုံးဆံတောက်နှင့်။

ဠီကာ၏ မူလဆံပင်ရှည်တို့မှာ ကတုံးဆံတောက်အသွင်သို့ပြောင်းသွားပြီဖြစ်သည်။အကြောင်းမှာ မြို့မှပြန်ရောက်လာသော သူငယ်ချင်းကောင်းကြီးနှစ်ယောက်နှင့်
ကြက်ပွဲသို့သွားကြရင်း တစ်ဖက်ရွာသားများနှင့်အချင်းချင်းငြိကြလေရာ ကြက်ရန်ပွဲမှ လူရန်ပွဲသို့ရောက်လေခြင်း။

ဟိုဘက်ရွာသားများ ထိပ်ပေါက် ခေါင်းကွဲကုန်ပြီး စာကလေးတို့သုံးယောက်မှာ မျက်နှာတို့ ရောင်ကိုင်းနေကာ ဠီကာကတော့ မျက်ခုံးကန့်လန့်အမာရွတ်ဖြင့်။

လေးယောက်ပေါင်းမိတိုင်း ရန်ပွဲဖြစ်နေကျဖြစ်ရာ ဟိုနှစ်ကောင်မြို့တက်တုန်း သာယာခဲ့သောတမာတန်းရွာကလေးသည် သူတို့နှစ်​ယောက် ပြန်လာသည်နှင့် တစ်ရွာလုံး မျက်ခုံးလှုပ်ကုန်၏။

ယခုတစ်ခါအဖြစ်တွင် သူကြီးစိတ်ဆိုးဆိုးဖြင့် လေးယောက်လုံးအား ထိပ်တုံးခတ်ရုံသာမက ရွာဦးကျောင်း ဆရာတော် ဘုန်းဘုန်းအကူအညီဖြင့် လေးယောက်လုံး ကတုံးဆံတောက်ဖြစ်သွားခြင်းဖြစ်သည်။

ဖခင်ဖြစ်သူအားမကြောက်သောဠီကာမှာ ဘုန်းဘုန်းကိုဖြင့် လေးစားရိုသေလေသည်။
မနေ့ညနေမှစ၍ ထိပ်တုံးစာမိထားသူလေးယောက်မှာ ယနေ့မွန်းတည့်ထိလွတ်မည့်အရိပ်ယောင်ပင်မမြင်ရသးပေ။ ဟိုနှစ်ကောင်မိခင်နှင့် စာက​လေး နှမဝမ်းကွဲ ထမင်းလာပို့၍သာတော်သေးသည်။မိမိဖခင်အလိုဆို ထမင်းပင်ကျွေးမည့်ပုံမပေါ်။

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now