အပိုင်း ၁၆

2.3K 78 0
                                    

သူကြီးသားကိုမတွေ့ရတာ နှစ်ရက်ရှိပြီ သူအိပ်လို့မပျော်တာ နှစ်ရက်။ သင်္ကြန်နောက်ဆုံးည၌ ဖြစ်သွားတဲ့အခြေနေကြောင့် လူကစိတ်နဲ့လူ မကပ်ချင်။သာမာန်ထက် ပိုနီးစပ်ခဲ့ကြတဲ့ အခြေနေတွေအား အသားကျခဲ့ခြင်းမှာ ဘာကြောင့်လို့ ခေါင်းစဥ်တပ်ရမှန်းသူမသိ။

ရှင်သန်လာတဲ့ နှစ်ဆယ့်ခြောက်နှစ်အတွင်း
စိတ်သက်သာရာရစေသော တစ်ဦးတည်းသောသူစိမ်း ။စိတ်ထဲရှိသမျှဖွင့်ဟနိုင်သော သူစိမ်း။လွတ်လပ်စွာ ပြုံးရယ်နိုင်အောင် စွမ်းဆောင်ပေးနိုင်သော သူစိမ်း။

သူ့နှင့်ရှိနေလျှင် လွတ်လပ်သည်။သူအလိုလိုက်သမျှက ကိုယ့်ရပိုင်ခွင့်လို။​ယောကျ်ားလေးသူငယ်ချင်း မထားခဲ့ဖူး၍ သူ့အပေါ်ဂရုစိုက်မှုတွေအား ပုံမှန်အရာဟုပင် သူထင်ခဲ့သည်။ တစ်ခါမှမတွေးခဲ့ဖူးတာက သူကကိုယ့်အား မေတ္တာရှိနေပါသတဲ့။

သူဆိုနေသော သီချင်းအားကြားစဥ် ရင်တစ်ခုလုံး လှုပ်ခတ်လာခြင်းကို အဓိပ္ပါယ်မဖွင့်လို။ကြည်နူးမိခြင်းနှင့်အတူ မသက်ဆိုင်သေးသူ သူငယ်ချင်းမလေးအား တွေးမိတော့ ဝမ်းနည်းခြင်းက ဝင်တိုးလို့လာ၏။ကတိတွေသာမရှိခဲ့ရင်လို့ တွေးမိတော့ အပြစ်ရှိစိတ်ကအလည်လာသည်။

တစ်ဖက်မိန်းကလေးကို အားနာစိတ်ဝင်မိသော်လည်း ကမ်းလင့်နေတဲ့မေတ္တာတစ်ချို့ကို သိမ်းဆည်းထားချင်မိတာ အခါခါ။ပြန်ပြောလိုက်ချင်သည် သူ့စိတ်တွေယိမ်းသည့်ဘက်က သူစိမ်းလေးဆီမှာသာ ဖြစ်ကြောင်း။အချစ်ဆိုတာ ဘာမှန်းမသိ၍ အချစ်ဟု ခေါင်းစဥ်မတပ်လိုသော တွယ်ငြိမှုမျိုးဖြင့် အနားမှသာနေချင်ပါသည်။

သူက ကိုယ့်အပေါ် စိတ်ကစားမိတာလားလို့ တွေးမိပြန်တော့ အိပ်ပျက်ညက အလည်လာသည်။ကိုယ်ကယောကျ်ားတစ်ယောက်။ရွာကယောကျ်ားလေးတွေနဲ့ယှဥ်ရင် အနည်းငယ်ကြည့်ကောင်းရုံသာ။ပြီးတော့ အသက်လည်းကြီးလာပြီ။ဒီထက်အသက်တွေကြီးပြီး ကြည့်ကောင်းမှုတွေဆုံးရှုံးသွားတဲ့အခါ အခုလိုတယုတယဖြစ်မှုတွေ အလိုလိုက်မှုတွေ ရှိပေးနိူင်တော့မှာမဟုတ်ဘူ။

သူ့မေတ္တာကို စော်ကားခြင်းမဟုတ်သော်ငြား အတွေးများနေတာလည်း မရပ်တန့်နိုင်။

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now