အပိုင်း ၅

3.2K 111 0
                                    

နေ့အလင်းရောင်ကွယ်ပျောက်သွားပြီးနောက် တမာတန်းရွာကလေးထဲ၌ မီးရောင်စုံကဟိုတစ်စွန်းဒီတစ်စ။မီးစက်သံအချို့နှင့်အတူ လျှပ်စစ်မီးရောင်က ဟိုတစ်စုဒီတစ်စု။အချို့အိမ်များ၌ ဖယောင်းတိုင်အလင်းရောင်တို့က ထရံကြားမှာ ပျောက်တိပြောက်ကြား။ရွာအရှေ့ထိပ် သူကြီးအိမ်၌ လေထုကထူးဆန်းစွာ တိတ်တိတ်ဆိတ်ဆိတ်။

"အဟမ်း"

အပေါ်ထပ်မှဆင်းလာကာ ဟိုသည်ကြည့်ရင်း
ဠီကာချောင်းဟမ့်မိတော့ ဦးချစ်ကိုကပေစောင်းစောင်းကြည့်လာ​ေလသည်။ပြီးနောက်မျက်နှာ ပြန်လွှဲသွား၏။ဠီကာနည်းနည်းနေရခက်သွားသည်မှာထူးထူးဆန်းဆန်း။

ညနေက အမေ့ခံလေးတစ်သိုက် ညနေစောင်းမှ ထိပ်တုံးမှလွတ်လေသည်။ ထို့နောက် ဟိုသုံးယောက်ကကိုယ်စီအိမ်ပြန်သွားကြပြီး ဠီကာလည်းအနောက်ချောင်းသို့ ရေချိုးထွက်ခဲ့လေသည်။

ပြီးနောက် ကိုကျွဲထန်းတောသို့မဝင်ဘဲ အိမ်သို့သာတန်းပြန်လာခြင်း။မတွေ့ရတာကြာပြီဖြစ်သော မိခင်အားစိတ်မပူစေရန်အတွက်ဖြစ်သည်။အင်းဟုတ်တယ် အဲ့အတိုင်းပဲ ဆင်ခြေပေးတာမဟုတ်ဘူး ။

ငပွေးတို့လာလည်မည်ဆိုသည်အားလည်း ငြင်းထားလိုက်သေးသည်။အလကားဟိုတစ်ယောက်ကိုမြင်ဖူးချင်နေတာ။ အလာမခံနိုင်ပါဘူး အမေကခရီးပန်းလာတာ စောစောအိပ်ရမယ် ။ဟုတ်တယ် အဲ့တာကြောင့် ။ဒါလည်းဆင်ခြေပေးတာမဟုတ်ဘူး အမှန်တွေပြောနေတာ။

အိမ်ပြန်ရောက်တော့ ဝတ်နေကျပုဆိုးတွေအား စိတ်တိုင်းမကျ။ဟိုမြို့သားကသားသားနားနားဝတ်ထားချိန်မှာ သူကပေတိပေစုတ်နေစရာလား။သူက သူကြီးသားလေ ဟုတ်တယ် လူအထင်ကြီးအောင်နေရမှာပေါ့။အဖေ့ဂုဏ်သိက္ခာကိုထိန်းပေးရမယ်လေ။ထို့နောက် အလှူရှိမှဝတ်လေ့ရှိသော ပုဆိုးမိုးပြာရောင်အား ခြေမျက်စိထိရှည်အောင် ဝတ်လိုက်သည်။

ပြီးနောက် သိပ်မဝတ်ဖြစ်သော နက်ပြာရောင်ရှပ်အားဝတ်ကြည့်မိသည်။မဟုတ်သေးပါဘူး အသားကညိုပါတယ်ဆို မှောင်နေမှာပေါ့။အဖြူလေးပဲကောင်းပါတယ်။သပ်ရပ်တာပေါ့။ထို့နောက်ယောင်ရမ်းကာ ခေါင်းဖြီးမိမှ ဆံပင်က လက်တစ်ဆစ်လောက်သာရှိမှန်းသတိရမိသည်။သေပါပြီ ဒီဆံပင်ကေနဲ့တော့ အနေခက် တော့မှာပဲ ။

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now