part-1

1.2K 13 1
                                    

~သံယောဇဉ် ~

အပိုင်း(၁)

အချစ်ဦးတဲ့.........အချစ်ဦးက နောက်ဆုံး အချစ်လည်း
ဖြစ်သွားနိုင်ခဲ့တယ်.....တစ်သက်မှာ တစ်ယောက်ထဲချစ်သွားတာမျိုးပေါ့ ........

နာမည်ကြီးစာရေးဆရာမတစ်ယောက်၏ ဝတ္ထုအပြီး ဇာတ်သိမ်းက happy ending ဆိုပေမယ့် ရင်ထဲမှာ
တစ်ခုခုလစ်ဟာနေသလိုလို......အချစ်ဦးတဲ့.....

ဖတ်ပြီးသွားသောစာအုပ်ကို အိပ်ရာထက်ခဏထားခဲ့လိုက်ပြီး အိပ်ခန်းဆီမှထွက်လာခဲ့လိုက်သည်။ တီပိုးက တခြားကိစ္စတော်တော်များများကို ပိတ်ပင်သော်လည်း စာအုပ်ဖတ်သည့်ကိစ္စကိုတော့ မပိတ်ပင်ပါ......သူ့လက်သုံးစကားက
အလိမ္မာစာမှာရှိသည်တဲ့... တီပိုးက ကာတွန်းစာအုပ်ကအစ သတင်းစာဂျာနယ်အထိ ပါသမျှစာတွေကို ငုဝါကိုဖတ်ခိုင်းသည်။

မိဘတွေဆုံးပါးသွားပြီးကတည်းက ငုဝါကို
သမီးအရင်းလေးတစ်ယောက်လို ပြုစုပျိုးထောင်လာခဲ့တာ.....
တီပိုးနာမည်အရင်း ဒေါ်ပိုးခက်တဲ့.......
ငုဝါအဖေဦးအောင်ခက်နှင့်မောင်နှမအရင်းတွေဖြစ်ကြပြီး
ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးက ရောဂါကြောင့်
ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားတာကြောင့်
တီပိုးကကြည့်ရှုစောင့်ရှောက်ခဲ့တာလည်းဖြစ်သည်။

တီပိုးက အပျိုကြီးတော့မဟုတ်ပါ။ အိမ်ထောင်ကွဲတစ်ခုလပ်ဖြစ်သည်။ထို့ကြောင့် ရက်ကွက်ထဲရှိ
ယောကျ်ားသားတော်တော်များများ သွေးတိုးစမ်းချင်ကြသည်ဟု တီပိုးအမြဲပြောပြသည်။ အိမ်ထောင်ကွဲဖြစ်တာမကောင်းဘူးတဲ့လေ။

ငယ်ငယ်ကတည်းက သားသမီးအရင်းတစ်ယောက်လို
ပြုစုစောင့်ရှောက်လာခဲ့သည့်တီပိုးကို ငုဝါချစ်သည်၊ ဒါကြောင့်မို့ တီပိုးဆုံးမသောစကားများကို မှန်မှန်မှားမှား
ငုဝါနားထောင်ဖြစ်ခဲ့သည်။ ယောကျ်ားလေးတွေနဲ့မရောရဘူး....ကျောင်းတက်နေတုန်းအလှမပြင်ရဘူး......သူငယ်ချင်းတွေနှင့်လည်း မုန့်စားဘာညာသိပ်မထည့်ပေ။

ပတ်ဝန်းကျင်ကတော့ တီပိုးက ငုဝါကို ချုပ်ချယ်လွန်းသည်ဟု ပြောကြသော်လည်း....ငုဝါက တီပိုး၏ပုံစံခွက်ထဲမှာ
ကြီးပြင်းလာခဲ့ရတာ နေသားကျနေခဲ့ပါပြီ........
တီပိုးစိတ်ဆင်းရဲမည့်အလုပ်ဆို မလုပ်ချင်ပါ။

~သံယောဇဉ်~Where stories live. Discover now