part-34

515 23 2
                                    

~သံယောဇဉ် ~

အပိုင်း(၃၄)

ကားထဲရောက်တော့ ငုဝါစိတ်ဆိုးဆိုးဖြင့် ကိုကို့အား
ထုနှက်ရိုက်ပစ်လိုက်သည်။

"ကိုကို သိပ်ဆိုးတာဘဲ.....လူတွေကြားမှာ.... ကိုယ်က maskတပ်ထားတာလည်းမဟုတ်ဘဲနဲ့"


"သိသွားတော့လည်း ဒါကျွန်တော့်girlfriendပါဆိုပြီး
ပရိတ်သတ်တွေကို မိတ်ဆက်ပေးလိုက်ရုံပေါ့...နေပါဦး...
ကိုကို့ကို ဘာစိတ်ဆိုးနေတာလည်း.....ဟင်"



"ဘာစိတ်ဆိုးရမှာလည်း...ဟို ဆေးရုံကလူကြီးနဲ့ ချစ်ကြည်နူးတစ်တီတူးနေတာကိုပေါ့"



"ဟာ.....ငယ်ရာ....ကိုကိုတို့က မိတ်ဆွေတွေပါကွာ..."



ကိုကိုကပြောလည်းပြော ရယ်လည်းရယ်နေလေသည်။.
ငုဝါပြောသည့်စကားထဲ ရယ်စရာများပါသွားသလို.....



"ဘာရယ်စရာပါလို့လည်း.. "



"မဟုတ်ပါဘူး.... အဟွန်း....ငယ်ရာ....ကိုကို့ကို
သဝန်တိုစရာမရှိ ယောကျာ်းချင်းတောင်သဝန်တိုနေရသလား.."



"အခုခေတ်က ယောကျာ်းလေးချင်းတွေဘဲ
ကြိုက်နေကြတာလေ....ကိုကိုလည်း
ဘက်ပြောင်းသွားသလားလို့...."




"အဲ့ဒါတော့မပြောတတ်ဘူးလေ"



"ကိုကိုနော်.... "



"ဟွန်းဟွန်း... ကိုကိုပြောတာက ငုငယ်က ယောကျ်ားလေးဖြစ်နေရင်တော့ ကိုကိုလည်းဘက်ပြောင်းရမှာဘဲလေ.....
ကိုကိုချစ်တာငုငယ်ဆိုတော့ ယောကျ်ားလေးဖြစ်သွားလည်း
ချစ်ရမှာဘဲ...."



"ဟွန့်....ပြောတတ်တာတအား......"




"ချစ်လည်းချစ်တတ်ပါတယ်ဗျာ......မယုံရင် ချစ်ကြည့်ပါ့လား.."




"သွားပါ....ကိုကို့အရင်ရည်းစားတွေကိုလည်း ဒီလိုမျိုး
အီစီကလီလေးတွေပြောခဲ့တာမို့လားဟင်....."




"အရင်ရည်းစားတွေနဲ့တုန်းက အီစီကလီလေ...ငုငယ်နဲ့ကျ
ရင်ထဲက နှစ်နှစ်ကာကာပြောတာလေ.... "



"ကိုကိုက ရုပ်ရှင်မင်းသားဖြစ်လာပြီးမှ စကားတွေတော်တော်တတ်နေတာ...."



~သံယောဇဉ်~Where stories live. Discover now