part-25

507 21 0
                                    

~သံယောဇဉ် ~

အပိုင်း(၂၅)



"မီဒီယာသမားတွေကမှ တစ်ခုခုဆို
အကျယ်ချဲ့ချင်ကြပါတယ်ဆိုမှ မမလုပ်လိုက်မှ ပိုခက်နေပြီ.."



မှီဆေးရုံကုတင်ပေါ်ထိုင်နေသည့် မောင်ဖြစ်သူကိုကြည့်ပြီး
တခစ်ခစ်သဘောကျနေလေသည်။



"မမကို ကလေးရဲ့ girlfriend ထင်သွားတဲ့ပုံဘဲ... အရမ်းတွေဓာတ်ပုံရိုက်လိုက်ကြတာ....ပြောပါဦး သူရတည်တံ့ရဲ့အစ်မ ဟောဒီကနွယ်လေးမှီက ကလေးရဲ့အချစ်ဆုံးအစ်မ
မဟုတ်ဘူးလား ..."



"မမရာ....နောက်စရာမရှိတာကြံဖန်နောက်လာတယ်....တော်ကြာသူတို့က မဟုတ်မဟတ်တွေရေးနေကြမှာ....."


"ကလေးဆေးရုံကဆင်းရင် မမစနောက်ထားတာကို ပြန်ဖြေရှင်းကြတာပေါ့.....အခုတော့လာပါဦး....မမပေါက်စကလေးကို လွမ်းလွန်လို့ပါ...."



"ကျွန်တော် ကလေးမဟုတ်တော့ဘူးနော်..."



မျက်မှောင်ကြုတ်နေသည့်မောင်လေးဖြစ်သူအနားကိုသွားပြီး ဖက်ထားလိုက်သည်။




"ကလေးမဟုတ်တော့လည်း
မမတို့မျက်စိထဲမှာကလေးဘဲ....ဖေဖေနဲ့မေမေတို့ မနက်ဖြန် flight နဲ့ပြန်လာလိမ့်မယ်...."



"မမက အစောကြီးပြန်လာတာလား...မမယောကျ်ားကရော"



"သူက အလုပ်ကိစ္စနဲ့ ဒူဘိုင်းကိုသွားတယ်လေ"




"အော် အနားမှာ သူဋေးကြီးမရှိတော့မှ
ကျွန်တော့်ဆီလာတယ်ပေါ့.."




"အမယ်... အဲ့လိုမဟုတ်ရပါဘူး ကလေးရယ်....မောင်လေးအက်စီးဒန့်ဖြစ်တဲ့သတင်းကြားပြီး မမတို့အကုန်လုံး  ဘယ်လောက်ထိစိုးရိမ်ပူပန်နေကြသလည်းသိရဲ့လား...."




"အော်...အဲ့ဒါကြောင့် ရောက်လာလိုက်ကြတာ ချက်ချင်းဘဲ..."




တည်တံ့ ရွဲ့ပြောသည့်စကားကို နွယ်လေးမှီ
သဘောကျစွာရယ်လေသည်။လူအများသဘောကျတတ်သည့်ကောင်လေးက သူ့မိသားစုနှင့်ဆို အငယ်ဆုံးလေးဘဲမို့လား....
အဲ့တော့ယောကျ်ားလေးဖြစ်နေလည်း နွဲ့ဆိုးလေးဆိုးသေးသည်။





~သံယောဇဉ်~Where stories live. Discover now