part-31

413 13 0
                                    

~သံယောဇဉ် ~

အပိုင်း(၃၁)



ကိုကိုနှင့်ပတ်သတ်သည့် ဖြစ်ကြောင်းကုန်စင်အား ငုဝါလည်း
ရှိသည့်သူငယ်ချင်းသုံးယောက်ကိုပြောပြလိုက်သည်။ အကုန်လုံးက အံ့သြနေကြပြီး ငုဝါအတွက်လည်း
ပျော်ပေးနေကြသည်။


ကိုကို့ကို ငုဝါဘယ်လောက်အထိ ချစ်သည်ဆိုတာ သူတို့တစ်တွေအသိဆုံးမို့ပင်။

ကိုကို့အပေါ် ဘယ်လောက်အထိရူးသွပ်ခဲ့လည်း
စွဲလမ်းခဲ့လည်းဆိုတာသိကြသည်။ သူတို့အောင်သွယ်ပေးသည့်ရည်းစားတိုင်းကိုလည်းငုဝါက စပြီးထားခဲ့တာချည်းပင်။..



"ဟယ်....တကယ်ကြီးလား....သူရတည်တံ့က
တုံးတာပါဟာ...ငါသာဆိုလေ....နင့်အဒေါ်ကအဲ့လိုပြောတာကို
နင့်ကိုပြန်ပြောပြ...နင့်ကိုလည်း စိတ်ထဲရှိတဲ့အတိုင်းဖွင့်ပြော..
ပြီးတော့ နင့်အဒေါ်မရိပ်မိအောင်နေပစ်လိုက်မှာ...ဒီကောင်ကိုက တုံးတာပါဟာ....."


မေသူကတော့ သူ့စိတ်ထဲရှိသည့်အတိုင်းပြောလေသည် ။
သူပြောသလိုဆိုတော့လည်း ဟုတ်တော့လည်းဟုတ်သားပင်။


ဒါပေမယ့် ကိုကိုက ငုဝါပညာရေးဘက်ကို ပိုပြီးဦးစားပေးခဲ့တာလည်းဖြစ်သည်။ ဘာဘဲဖြစ်ဖြစ် မြတ်နိုးနှင်းဆီနှင့်တွဲတာကိုတော့ ငုဝါစိတ်ဆိုးသည်။


အဲဒါ့ကြောင့်လည်း ကိုကိုကချစ်တယ်ပြောတာကို သေလုမတတ်ပျော်ပြီးချက်ချင်းအဖြေပေးချင်သော်လည်း ကြိုးရှည်ရှည်နှင့်
လှန်ထားဦးမည်။


ဒီတစ်ခါတော့ ကိုကိုကြိုးစားရမည့်အလှည့်ဘဲဟု ကြွေးကြော်ထားလိုက်၏။




"ဒါဆို နင်တို့တွဲကြတော့မှာပေါ့...con con ပါ
အသည်းကလေး"

ဆုလဲ့မေကို ငုဝါ vcထဲကနေဘဲ ရယ်ပြလိုက်သည်။ ငုဝါ့မျက်နှာက မှိုရနေသည့်အပြုံးမျိုး....ချိုလွန်းလို့ ပုရွက်ဆိတ်တက်မှာတောင် စိုးရိမ်ရသေးသည်။




"ဟီးဟီး....ကိုကိုက ငါ့ကို အရင်ကတည်းက ချစ်တာဆိုတော့
တွဲမှာပေါ့လို့...ဒါပေမယ့် သူ့ကို တော်တော်နဲ့တွဲဖို့အဖြေ
ပြန်မပေးသေးဘူး...စောင့်ခိုင်းဦးမှာ..."




~သံယောဇဉ်~Where stories live. Discover now