part-33

424 16 0
                                    

~သံယောဇဉ် ~

အပိုင်း(၃၃)

"ကိုကို... ကိုကိုက ဆေးရုံကို ဘာကိစ္စလည်း...."


ငုဝါ လူနာတချို့၏ဆေးရုံစာအုပ်တွေကို ထပ်နေရင်းမှ ကိုကို့ကိုမြင်လိုက်တာကြောင့် လှမ်းခေါ်လိုက်တာဖြစ်၏။


နေ့ခင်းအချိန်မို့ ဆေးရုံမှာလူပါးပါသည်။ လူတော်တော်များများရှိနေကြသော်လည်း ကိုကို့ကိုမမှတ်မိကြပေ။ သူတို့မှာလည်း သူတို့ကျန်းမာရေးအပူနှင့်သူတို့မို့ ကိုကို့အား သတိမထားမိတာလည်းဖြစ်ကြလိမ့်မည်။


maskတပ်ထားပေမယ့် တချို့ပရိတ်သတ်တွေက ခန့်မှန်းနိုင်ကြတယ်လေ...



ကိုကိုက ငုဝါလှမ်းခေါ်တော့ လှည့်ကြည့်ပြီး ရောက်နေသောနေရာတွင်ရပ်နေလေသည်။




"ဟော....ကိုကိုလူနာမေးလာတာ....ငုငယ်က duty outပြီလား"



"ဒီအချိန်ကြီး ဘယ်outဦးမလည်း ကိုကိုရဲ့...."



"ညနေကျ ကိုကိုလာကြိုမယ်နော်....အခုတော့
လူနာမေးသွားလိုက်ဦးမယ်"



ဘယ်သွားသွား maskတပ်ပြီး ဦးထုပ်ဆောင်းရသည်ကိုကို့ကို
ငုဝါကြာတော့သနားလာသည်။ သူ့ခမျာ အသက်တောင်ဝဝမရှူရသည့်ဘဝ....maskချွတ်လိုက်လျှင်လည်း သူ့fanတွေက ဝိုင်းအုံပြီး လာကြလိမ့်ဦးမည်။


ငုဝါကိုလက်ကာပြသွားပြီး  ဆေးရုံစင်္ကြံဘက်သို့ လျှောက်သွားဖို့
ဟန်ပြင်နေသည့်ကိုကို့နောက်ကို ငုဝါလက်ကလေးနောက်ပစ်ပြီး လိုက်သွားလိုက်သည်။ duty ရှိပေမယ့်လို့ ဒီနေ့က လူနာတွေကို မပြုစုရဘဲ ခွဲစိတ်သည့်နောက်လိုက်ရမှာဖြစ်၏။


ခွဲစိတ်မည့်အချိန်ကလည်း တစ်နာရီလောက်လိုသေးတာမို့
ကိုကိုသွားသည့်နောက်သို့ ငုဝါလိုက်သွားလိုက်၏။


"ကိုကိုလူနာမေးမယ့်အခန်းက နံပါတ်ဘယ်လောက်လည်း..."



"သဗ္ဗုဒေ.... ငုငယ်ရယ် လန့်လိုက်တာကွာ..."



"ဟက်ဟက်....ကိုကိုလန့်တာကလည်း သူတော်ကောင်းဆန်လိုက်တာ သဗ္ဗုဒေတဲ့...."




~သံယောဇဉ်~Where stories live. Discover now