part-32

380 12 0
                                    

~သံယောဇဉ် ~

အပိုင်း(၃၂)



အရေးပေါ်အခန်းရှေ့မှာထိုင်နေသည့် ဓနိကိုတွေ့တော့ ငုဝါ
သူ့ဘေးနားမှာ သွားထိုင်လိုက်သည်။ နပ်စ်ဝတ်စုံနဲ့ဆိုတော့ ဓနိက ဒီအတိုင်းသူနာပြုထင်၍ အစကသတိမထားမိသော်လည်း ငုဝါရဲ့ ပခုံးတစ်ဖက်ကို ကိုင်လိုက်မှုကြောင့် မော့ကြည့်လာသည်။



"မ...."



"လူနာနဲ့အသိတွေလား...."



ဓနိလေးကန်စွာဖြင့် ခေါင်းကိုသာတစ်ချက်ငြိမ့်ပြလိုက်သည်။
အခုအချိန်မှာ ဦးမာန်နေစွယ်၏ အသက်ရှင်ဖို့အတွက်သာ
သူ့စိတ်ထဲမှာရှိတော့သည်။




"စိတ်မပူပါနဲ့.... အသက်အန္တရာယ်တော့မရှိလောက်ပါဘူး..."




"ကျွန်တော့်ကိုကယ်ရင်း ဖြစ်သွားတာ....သူသာမကယ်ခဲ့ရင် အခုအရေးပေါ်အခန်းထဲမှာ ရှိနေတဲ့လူက ကျွန်တော်ဖြစ်နေလောက်ပြီ"




သက်ပြင်းတွေအတွင်တွင်ချနေလေသည့် ဓနိကို ပခုံးပုတ်ပြီးငုဝါအားပေးလိုက်သည်။


ဓနိငိုနေတာမြင်ရတာနှင့်တင် အရေးပေါ်အခန်းဆီမှလူက
သူ့အတွက် ဘယ်လောက်အရေးပါသလဲဆိုတာ သိသည်။ ကိုကိုအက်စီးဒန့်ဖြစ်တုန်းကလို ငုဝါအတိုင်း ဓနိလည်းထပ်တူ
ဖြစ်လို့နေလေသည်။



မကြာမီ ခွဲစိတ်ဆရာဝန်ထွက်လာပြီး
အသက်အန္တရာယ်မရှိတော့ဘူးဟုပြောမှ ဓနိသက်ပြင်းချနိုင်တော့သည်။


ခွဲစိတ်ခန်းဆီမှာ ဆေးရုံအခန်းသို့ ရွေ့ပြီးသည်အထိ
ဦးမာန်နေစွယ်မှာ သတိမရသေးပေ။ ဦးခေါင်းခွံကိုထိသွားပေမယ့် အတွင်းပိုင်းအထိမရောက်တာကြောင့် ဦးနှောက်နှင့်
ပတ်သတ်သည့်ကိစ္စများအတွက် စိုးရိမ်စရာမရှိဘူးဟု ဆရာဝန်ကပြောသော်လည်း သူ့မှာ ရုပ်ရှင်တွေထဲကလို ဦးမာန်နေစွယ် အတိတ်များမေ့သွားမလားဟု တွေးပူနေရသေးသည်။


ဦးမာန်နေစွယ်တပည့်တွေကတော့ ဓနိကိုသိပ်မကြည်ချင်ကြပါ....
အိပ်ရာပေါ်မှာသတိလစ်နေသည့် သူတို့ခေါင်းဆောင်ကို
ကြောက်ကြလို့သာ ဘာမှမပြောဘဲ နူတ်ပိတ်နေကြခြင်းလည်းဖြစ်၏။


~သံယောဇဉ်~Where stories live. Discover now