part-38

456 18 0
                                    

~သံယောဇဉ်~

အပိုင်း(၃၈)


"အခြေအနေဘယ်လိုရှိလည်းဆရာ.....ဒဏ်ရာတွေကရော"



အရေးပေါ်ကားချက်ချင်းခေါ်ပြီး ဆေးရုံတင်ခဲ့ရသည်။
အနီးစပ်ဆုံးကလည်း သူမတို့ဆေးရုံမို့ ထိုဆေးရုံ၌သာ
တင်ခဲ့ရ၏။


"ရက်ပိုင်းလောက်တော့ ကုသမှုခံယူရပါဦးမယ်...."



"အမာရွတ်ကျန်နေမလားဆရာ...."


"သေရာပါအမာရွတ်ဖြစ်သွားနိုင်ပါတယ်....."



"ဗျာ......."



ဆရာဝန့်စကား​ကြောင့် သူဘာမှဆက်မပြောဘဲ ရပ်နေမိသည်။မီးလောင်ရာကရသည့် အမာရွတ်တွေက သေရာပါမယ်ဆိုတော့ သူမကမိန်းကလေးလေ.......နောက်ကျောတစ်ခုလုံးဆိုတော့ ထိုအမာရွတ်တွေနဲ့ဆိုရင် ဘယ်လောက်တောင်ရှက်နေလိမ့်မလည်း...

"ဘယ်လောက်ကုန်ကုန် ကျွန်တော်ရအောင်ကုပေးချင်တယ်ဆရာ..အဲ့လိုဆိုမပျောက်လောက်ဘူးလား....."



"မပျောက်ဘူးဗျ....မီးလောင်ဒဏ်ရာက
မပျောက်တာများပါတယ်..."




ဆရာဝန်ဆီ ထပ်မေးလည်း ဒီအတိုင်းဘဲဖြစ်မှာဘဲမို့ တည်တံ့ဆက်မမေးတော့ဘဲ နေလိုက်၏။

အခန်းတံခါးကို ဖွင့်ပြီးဝင်သွားချိန်မှာ ဒဏ်ရာတွေနှင့်
သတိလစ်နေပေမယ့် နာကျင်နေသည့်ညည်းသံလေးက အတိုင်းသားထွက်ပေါ်နေသည်။.


ကိုကို နောက်ကျောကအရမ်းပူတယ်တဲ့.....ငယ်ရယ်......


ပက်လက်နေလို့မရဘဲ မှောက်လျှက်အနေအထားဖြင့်
ထားထားရသည့်သူမအနားသို့ သွားလိုက်၍ ကုတင်အောက်ကျနေသောလက်ကလေးတစ်ဖက်ကို သူကောက်ယူလိုက်သည်။



ထိုလက်ကလေးက သေတ္တာကို တင်းတင်းဆုပ်ကိုင်ထားခဲ့ပုံရသည်။



သူမနာကျင်နေတာတွေကို ကိုယ်စားခံပေးလို့ရလျှင်
သိပ်ကောင်းမှာဘဲ......... ဒဏ်ရာတွေကိုကြည့်ရတာနဲ့ပင်
သူ့နှလုံးသားတစ်ခုလုံး ကွဲလုမတတ်နာကျင်နေရသည်။

ဘာလို့များ မီးထဲပြန်ဝင်ခဲ့ရတာလည်း အသည်းငယ်ရယ်....


နားမလည်နိုင်လည်းဖြစ်သလို သူမမီးအပူခံပြီး
ဝင်ယူရလောက်အောင် အဲ့ဒီသေတ္တာထဲမှာ
ဘာတွေများရှိနေတာလည်း....သူမအတွက်
ဘာတန်ဖိုးထားစရာတွေမိုလို့လည်း........


~သံယောဇဉ်~Where stories live. Discover now