part-22

454 24 0
                                    

~သံယောဇဉ် ~

အပိုင်း(၂၂)


သတိမေ့နေသည့်ကိုကိုကြောင့် ထိုနေရာ၌ဘဲ ငုဝါ
ကျောက်ရုပ်တစ်ရုပ်လို ရပ်နေမိသည်။ ဘေးနားကနေ
နပ်စ်တစ်ယောက် လာပုတ်မှဘဲ အသိစိတ်ဝင်လာခဲ့သည်။

ဘယ်လောက်ဘဲမေ့နိုင်ခဲ့တယ်ပြောပြော...ကိုကို့မျက်နှာကို
ပြန်တွေ့ရသည့်အချိန်မှာ.....ရိုးရိုးတွေ့ဆုံခြင်းမျိုးမဟုတ်ဘဲ
အခုလိုအခြေအနေမျိုးကြီးနှင့်မို့ ရင်ထဲနင့်နေသလို အနေရခက်ပြီး သူ့အပေါ်လည်း ခဏတာသနားစိတ်ဝင်သွားမိသည်။



operationအခန်းသို့ အမြန်ပို့ပေးလိုက်ပြီး ခွဲစိတ်ခန်းဝင်ဖို့
ပိုးသတ်ထားသော ဝတ်စုံဝတ်ကာ ခွဲစိတ်ဆရာဝန်၏အကူအဖြစ်ဝင်ရောက်ခဲ့သည်။


ခေါင်းမှာ ကားမှန်စနည်းနည်းစိုက်သွားပေမယ့် အတွင်းပိုင်းထိ
မရောက်တာကြောင့် ငုဝါမှာဘေးကနေ သက်ပြင်းချနေရသည်။မှန်စတွေကို ဆွဲထုတ်ပြီးနောက် ဒဏ်ရာကိုချုပ်လိုက်ရတာ
ခုနစ်ချက်ခန့်ချုပ်ရသည်။


သတိလစ်နေပေမယ့် ထုံဆေးထိုးထားပေမယ့် သူ့ကိုကြည့်ပြီး နာကျင်နေမှာကို ငုဝါကိုပိုပြီးစိုးရိမ်နေမိသည်။လူနာများစွာ
အနာချုပ်သည့်အလုပ်ကို ​ကိုယ်တိုင်လုပ်ပေးခဲ့ဖူးပေမယ့်
သူ့ကိုကျမှ လက်တုန်နေရသည်။



"ငုဝါ....နေမကောင်းလို့လား..."



"ရှင်...ဟို.....မဟုတ်ပါဘူး ဒေါက်တာ..."





"အင်း....အဲဒါ့ဆိုလည်း သေချာဂရုစိုက်လုပ်ပြီး
လတ်စသတ်လိုက်တော့...
ကျွန်တော်အပြင်ထွက်တော့မယ်...ခြေထောက်ကိုတော့
ဦးမြတ်ကို လာလုပ်ပေးပါလိမ့်မယ်... "




"ဟုတ်ကဲ့ ဒေါက်တာ....."







ဆရာသမာဓိ ထွက်သွားမှ ငုဝါသက်ပြင်းရှည်တစ်ချက်
ဆွဲချလိုက်ရင်း ငုဝါ၏ဘေးက နပ်စ်အသစ်လေးထံမှ
ကတ်ကြေးကိုယူပြီး အပ်ချည်ကိုဖြတ်လိုက်သည်။
သူ့ခေါင်းကဒဏ်ရာကို သေချာချုပ်ပေးပြီးနောက်
ပတ်တီးပတ်ပေး၍ လတ်စသတ်လိုက်သည်။



သူ့မျက်နှာချောချောနှင့်မလိုက်အောင် ပတ်တီးကနေရာယူထားလေသည်။ ခွဲခန်းထဲမှ တခြားသူတွေထွက်သွားတော့
သတိမေ့နေသည့် သူ့ပါးပြင်ကို ငုဝါလက်ဖဝါးနှင့်
ခဏတာထိတွေ့လိုက်သည်။



~သံယောဇဉ်~Where stories live. Discover now