part-13

259 9 4
                                    

~သံယောဇဉ် ~

အပိုင်း(၁၃)



"ငုငယ်.....နေဦး..... "




ကျောင်းဆင်းတော့ အရင်နေ့တွေကလို အေးအေးဆေးဆေးမှ
ပြန်တာမဟုတ်ဘဲ......အရင်ဆုံး စာသင်ခန်းဆီကနေ ပြေးထွက်လာခဲ့မိသည်။မမြင်ချင်သော မြင်ကွင်းများကို ဆက်၍ ကြည့်နေဖို့ အားမရှိတော့ပါ။



ဒါ့ကြောင့် သူငယ်ချင်းတွေကိုတောင်နူတ်မဆက်ဘဲ....လွယ်အိတ်ကောက်လွယ်ပြီး စာသင်ခန်းအပြင်ဘက်သို့ ထွက်လာခဲ့လိုက်၏။



အကြောင်းအရင်းကတော့ သူနဲ့အတူတူမပြန်ချင်၍ ထွက်လာခြင်းဖြစ်သည်။ မပြန်ချင်ပါဘူးဆို နောက်ကအမှီပြေးလိုက်လာသည့်ခြေသံတွေနှင့် ခေါ်သံကြောင့် ငုဝါခြေလှမ်းတွေ
မြန်မြန်လှမ်းလိုက်သည်။






"ငုငယ်........နေဦးလို့...."




သူက လက်ကို လာဆွဲတော့ ငုဝါဖယ်ချပစ်လိုက်သည်။ သူက ခေါင်းကို လာပုတ်ပြီး...





"စိတ်ဆိုးသွားတာလား .. "





"ဘာကိုစိတ်ဆိုးရမှာလည်း......
ဘာစိတ်ဆိုးစရာလုပ်ထားတာမို့လို့လည်း..."





"ကိုကို့ကို အဲ့ဒီ့လေသံမျိုးနဲ့ လာမပြောနဲ့.... "





ငုဝါလေသံမာတော့ သူစိတ်ဆိုးသည်။ တကယ်ဆို ဘယ်သူက စိတ်ဆိုးသင့်တာလည်း ငုဝါဘဲမလား.......



"လူကြားထဲမှာ ကိုကိုလို့ လာမသုံးနဲ့....ငုငယ်လို့လည်း မခေါ်နဲ့ "





"ဘာလဲ..... ငါနဲ့ပတ်သတ်တာကို လူသိမှာ အဲ့လောက်တောင် ကြောက်တာလား...."

.


"............."





ငုဝါ ဘာမှပြန်မပြောဘဲ... နူတ်ဆိတ်၍သာ သူ့ကို စေ့စေ့ကြည့်နေလိုက်သည်။






"ကောင်းပြီလေ....မင်းက အာ့လောက်တောင် မပတ်သတ်ချင်ရင် ငါမပတ်သတ်ဘူး...."




သူက ဒေါသများဖြင့်ပြောရင်း....ငုဝါရှေ့ကထွက်သွားလေသည်။ ငုဝါသူ့ကို ဘယ်လိုမှနားမလည်နိုင်ပါ။........ veveကိစ္စနဲ့ပတ်သတ်ပြီးလည်း တစ်ခုမှ ဖြေရှင်းချက်မပေးသလို
တောင်းပန်သည့်စကားများလည်း ထွက်မလာဘဲ......သူကအရင်ဦးအောင် စိတ်တိုသွားသည်။





~သံယောဇဉ်~Onde histórias criam vida. Descubra agora